နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပုလဲနယ် ဖလံပင်ရွာတွင် မီးရှို့သတ်ခံထားရသည့်အလောင်းများ တွေ့ရှိ

စစ်ကိုင်းတိုင်း ပုလဲ မြို့နယ် ဖလံပင် ရွာတွင် စစ်ကောင်စီ က မီးရှို့သတ်ဖြတ်ထားတဲ့ အလောင်း(၄)လောင်းတွေ့ရှိရကြောင်း ဒေသခံ ပကခ အဖွဲ့များထံက သိရသည်။
အောက်တိုဘာ (၂၆) ရက်က ဖလံပင်ကျေးရွာကို စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ စီးနင်းပစ်ခတ်ခဲ့ကြောင်းသိရသည်။


ယနေ့ အောက်တိုဘာ (၂၇) တွင်လည်း စစ်ရဟတ် ယာဉ်(၂)စင်းနဲ့ ထပ်မံလာရောက်ခဲ့ကြောင်းသိရသည်။

Photo Crd – BurmaVJ

အောက်တိုဘာ(၂၁)ရက်က ယင်းမာပင်မြို့နယ်၊ ရွှေလှန်ရွာတွင် စစ်ကောင်စီမီးရှို့ခဲ့သည့် ရုပ်အလောင်းများ။

စစ်ကောင်စီ အဖွဲ့ ပြန်လည်ထွက်ခွာသည့်အချိန်တွင် ရွာကိုရှင်းလင်းရေး လုပ်စဉ်မှာ ယခုကဲ့သို့ မီးလောင်ကျွမ်းနေသည့် မည်သူမည်ဝါမှန်းခွဲခြား မသိနိုင်သေးသည့် ရုပ်အလောင်း (၄) လောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပွင့်ဖြူမြို့မှာ လောင်းကစားပြုလုပ်သူတွေကို အပြစ်ပေးအရေးယူမယ်လို့ မြို့နယ်ပကဖ သတိပေး

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 11 Views
နိုဝင်ဘာလ (၂၀)ရက်။ ပွင့်ဖြူမြို့နယ်မှာ ပြည်သူ့အုပ်ချုပ်ရေးတွေ အကောင်အထည်ဖော်နေချိန် လောင်းကစားတွေ ပြုလုပ်တာတွေ ရှိနေတယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

မြိုင်နယ်ထဲ ညသန်းခေါင်အချိန် လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ပြည်သူ (၅)ဦးထက်မနည်း သေဆုံးပြီး (၁၅)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 13 Views
နိုဝင်ဘာလ (၂၀)ရက်။ မနေ့က ည (၁၂)နာရီကျော်အချိန်က မြိုင်နယ်တနေရာကို ပြည်သူတွေ အိပ်မောကျနေချိန် စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း(မြိုင်)ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်ကိုင်းက ပသုံးလုံးပြဿနာကို အနီးကပ် ‌ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 12 Views
နိုဝင်ဘာလ (၂၀)ရက်။ စစ်ကိုင်းတိုင်းထဲက NUG လက်အောက်ခံ ပသုံးလုံးတွေရဲ့ ပြဿနာတွေကို အနီးကပ် ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ စစ်ကိုင်းဖက်ဒရယ်ယူနစ်ထဲမှာရှိနေတဲ့ ပသုံးလုံးပြဿနာတို့ တော်လှန်ရေးပြဿနာတွေကို အနီးကပ် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ဦးတည်နေတာဖြစ်ပါတယ်”
မြန်မာသတင်း

သပိတ်ကျင်းမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၂)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 12 Views
နိုဝင်ဘာလ (၂၀)ရက်။ မနေ့က ညနေ (၄)နာရီခွဲအချိန်က သပိတ်ကျင်းမြို့ရှိ လက်ပံပြန့်ရွာကို စစ်တပ်က လေကြောင်းကနေ အကြောင်းမဲ့တိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ညနေ (၄)နာရီ (၃၀)မိနစ်မှာ သပိတ်ကျင်းမြို့ လက်ပံပြန့်ရွာကို
မြန်မာသတင်း

ကျားဖြန့်တိုက်ဖျက်ရေး မြန်မာစစ်တပ်နဲ့ ပူးပေါင်းရင် အောင်မြင်မှာမဟုတ်ဘူးလို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 20 Views
ရာဇဝတ်လုပ်ငန်းတွေ တားမြစ်တိုက်ဖျက်ဖို့ အဆင့်မြင့်ခေါင်းဆောင်တွေပါဝင်တဲ့ အထူးအဖွဲ့ ဖွဲ့စည်းထားတယ်လို့ဆို နိုဝင်ဘာလ (၂၀)ရက်။ ကျားဖြန့်လုပ်ငန်းတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာစစ်တပ်နဲ့ ပူးပေါင်းမယ်ဆို အောင်မြင်မှာမဟုတ်ဘူးလို့ KNU က မနေ့က ထုတ်ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ကျားဖြန့်တိုက်ဖျက်ရေးအတွက် နိုင်ငံတကာရဲ့ လှုပ်ရှားမှုဟာ
မြန်မာသတင်း

ဒီပဲယင်းနယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၃)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 40 Views
နိုဝင်ဘာလ (၁၉)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီကျော်အချိန်က ဒီပဲယင်းမြို့ရှိ ယဉ်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒီပဲယင်းမြို့အရှေ့ခြမ်းက ယဉ်ကျေးရွာအနီးကို နေ့လယ် (၁)နာရီ (၁၃)မိနစ်မှာ အကြမ်းဖက်စကစက
မြန်မာသတင်း

နိုင်ငံတကာအနေနဲ့ ရွေးကောက်ပွဲအကြောင်းပြုပြီး လူ့အခွင့်အရေးချိုးဖောက်နေတဲ့ စစ်အုပ်စုကို အရေးယူဖို့ NUG တိုက်တွန်း

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 36 Views
နိုဝင်ဘာလ (၁၉)ရက်။ နိုင်ငံတကာအနေနဲ့ အတုအယောင်ရွေးကောက်ပွဲကို အကြောင်းပြုပြီး လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ကို ချိုးဖောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို အရေးယူဖို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့ပြုလုပ်တဲ့ Press Briefing မှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

ဗျူဟာအရ ခေတ္တရှောင်ပေးခဲ့တဲ့ တီးတိန်ရှိ ကနေဒီတောင်ကို ပြန်ထိန်းချုပ်ခဲ့တယ်လို့ PDF-Zoland ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 26 Views
နိုဝင်ဘာလ (၁၉)ရက်။ ဗျူဟာအရ ခေတ္တရှောင်ပေးခဲ့တဲ့ တီးတိန်မြို့ရှိ ကနေဒီတောင်ကို ချင်းညီနောင်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ PDF-Zoland ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရွေးကောက်ပွဲဖြစ်မြောက်ဖို့ အလုံးအရင်းနဲ့ ချီတက်လာတဲ့ စကမရွေ့လျားစစ်ကြောင်းတွေကို ဗျူဟာအရ ခေတ္တရှောင်ပေးခဲ့ပြီး