လာမယ့် ၂၀၂၃ နှစ်သစ်ကူးည အတွက် ရန်ကုန် မှာ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပရန်အတွက် စစ်ကောင်စီ က ညမထွက်ရအမိန့် ကို ဒီဇင်ဘာလ ၃၁ ရက် တစ်ရက်တာ ဖြေလျော့လိုက်ကြောင်း ထုတ်ပြန် ကြေညာထားသည်။
ရန်ကုန်မြို့ ၊ပြည်သူ့ရင်ပြင်မှာ နှစ်သစ်ကူးပွဲတော် ကို မီးရှုးမီးပန်းတွေ ဖောက်တာ ၊စတိတ်ရှိုး ပွဲတွေ နဲ့ စည်ကားအောင်ကျင်းပမည်ဟု စစ်ကောင်စီက ဆိုသည်။ထို့အတွက် ညမထွက်ရအမိန့်ကို ဒီဇင်ဘာလ ၃၁ ရက် ည ၁၂ နာရီ မှ နောက်နေ့ ဇန်နဝါရီ ၁ ရက်မနက် ၄ နာရီအထိ ခေတ္တ ဖြေလျော့ပေးခြင်းဖြစ်သည်။
စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် နိုင်ငံအတွင်း ပုံမှန်လည်ပတ်နေသယောင် နိုင်ငံတကာကိုပြသနိုင်ဖို့ အမြဲကြံစည်နေတာပါ။ ပြီးခဲ့တဲ့ သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်ကာလတွေမှာ ဈေးပွဲတော်ကို ရန်ကုန်ပြည်သူ့ရင်ပြင်မှာ ကျင်းပပေမယ့် မစည်ကားခဲ့ပါဘူး။