နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 27 ရက်

1027 Operations

1027 Operations

မူဆယ်မြို့က စစ်ကောင်စီရဲ့ နမ့်ပေါ်တပ်စခန်းကို ၅ရက်အကြာမှာ TNLA သိမ်းပိုက်နိုင်ခဲ့

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်၊ ခေတ်မျက်လုံး။

မူဆယ်မြို့က စစ်ကောင်စီရဲ့ နမ့်ပေါ်တပ်စခန်းကို ဒီကနေ့ နံနက် (၅)နာရီအချိန်မှာ တအာင်းတပ်မတော်(TNLA)က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ၁၀၂၇ စစ်ဆင်ရေး” အတွင်း နိုဝင်ဘာလ (၂၇)ရက်ကစပြီး စစ်ကောင်စီရဲ့ နမ့်ပေါ်တပ်စခန်းကို TNLA က တိုက်ခိုက်ခဲ့ရာ (၅)ရက်အကြာမှာ ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ နမ့်ပေါ်တပ်စခန်းကနေ 60 MM လက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ (၃၂)လက်၊ ကျည်ပေါင်းများစွာ၊ စစ်သုံးပန့် (၂)ဦးအရှင်နှင့် စစ်သုံးဆောင်ပစည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နမ့်ပေါ်တပ်စခန်းကို တိုက်ခိုက်နေချိန် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာတွေ အများအပြားရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု Jet Fighter (၂၁)ကြိမ်၊ Y8/Y12 လေယာဉ် (၅)ကြိမ်နဲ့ Mi35/Mi17 (၃)ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။

စစ်ဆင်ရေးဆင်နွှဲနေတဲ့ တလကျော်ကာလထဲ မြို့ကြီးတွေအပါအဝင် တရုတ်-မြန်မာ နယ်စပ်ဂိတ် (၄)ခုကို ထိန်းချုပ်သိမ်းပိုက်ထားနိုင်ခဲ့ပြီး တချို့မြို့တွေမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍတွေမှာ အလုံးစုံပျက်သုံးသွားပြီလို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

နောင်ချိုမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ဒေသခံ (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 1 Views
မတ်လ (၂၇)ရက်။ မနေ့က ည (၆)နာရီခွဲအချိန် နောင်ချိုမြို့ရှိ ကျေးရွာတွေကို စစ်ကောင်စီက ဂျက်ဖိုက်တာ (၂)စီးနဲ့ ဗုံး (၅)လုံး
1027 Operations မြန်မာသတင်း

ကွတ်ခိုင်မှာ PDF ရဲဘော်တွေကို TNLA ဖမ်းဆီး၊ လက်နက်ခဲယမ်းတွေအပါအဝင် ကျပ်သိန်း(၁၀၀၀)ကျော်နဲ့ StarLink စက်တွေပါသိမ်းယူခဲ့

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 70 Views
မတ်လ (၁၉)ရက်။ မတ်လ (၁၆)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က ကွတ်ခိုင်မြို့ရှိ စားသောက်ဆိုင်တဆိုင်မှာ ဝင်နားနေတဲ့ PDF တွေကို TNLA
1027 Operations မြန်မာသတင်း

နောင်ချိုမှာ စစ်ကောင်စီလေကြောင်းကြောင့် (၉)ဦးသေဆုံးပြီး (၁၇)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ မတ်လ 17 ရက်
  • 34 Views
မတ်လ (၁၇)ရက်။ မနေ့က ညနေ (၅)နာရီခွဲအချိန် နောင်ချိုမြို့ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ (၉)ဦးသေဆုံးခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နောင်ချိုမြို့ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီက
1027 Operations

နောင်ချိုမြို့ကို စစ်ကောင်စီက ဗုံးကြဲ၊ လူထိခိုက်တာတွေ အများအပြားရှိခဲ့တယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 16 ရက်
  • 31 Views
မတ်လ (၁၆)ရက်။ ဒီကနေ့ ညနေ (၅)နာရီခွဲအချိန်က နောင်ချိုမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နောင်ချိုက စာသင်တိုက်ကို စကစက ဂျက်ဖိုက်တာနဲ့ ဗုံး (၄)လုံး
1027 Operations မြန်မာသတင်း

KIA နဲ့ TNLA တို့ရဲ့ မြေပြင်အငြင်းပွားတာတွေကို လိုအပ်ရင် ကူညီဖို့အသင့်ရှိတယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 14 ရက်
  • 39 Views
မတ်လ (၁၄)ရက်။ ရှမ်းမြောက်ဒေသမှာ KIA နဲ့ TNLA တို့ရဲ့ မြေပြင်အငြင်းပွားတာတွေနဲ့ပတ်သက်ပြီး လိုအပ်ရင် ကူညီဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ KIA နဲ့ TNLA တို့ဟာ
1027 Operations မြန်မာသတင်း

ကိုးကန့်ဒေသ အခုထက် ဖွံ့ဖြိုးတိုးတက်တဲ့အထိ ဆက်လက်ကြိုးပမ်းဖို့ ညီနောင်အဖွဲ့တွေ တိုက်တွန်း

  • 2025 ခုနှစ်၊ မတ်လ 11 ရက်
  • 44 Views
မတ်လ (၁၁)ရက်။ ကိုးကန့်ဒေသ အခုထက် ဖွံ့ဖြိုးတိုးတက်တဲ့အထိ ဆက်လက်ကြိုးပမ်းအားထုတ်ဖို့ TNLA နဲ့ AA တို့က ဒီကနေ့မှာကျရောက်တဲ့ MNDAA တည်ထောင်တဲ့ (၃၆)နှစ်မြောက်အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ MNDAA အနေနဲ့ ကိုးကန့်ပြည်သူတွေ၊
1027 Operations မြန်မာသတင်း

ကွတ်ခိုင်မှာ ရွှေလုပ်ကွက်ကို ဆန့်ကျင်တဲ့ ဒေသခံတွေကို ကိုးကန့်တပ်က သေနတ်နဲ့ပစ်၊ (၅)ဦးသေဆုံးပြီး (၇)ဦးဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ မတ်လ 6 ရက်
  • 34 Views
မတ်လ (၆)ရက်။ မနေ့က နေ့လယ် (၁၂)နာရီခန့်က ကွတ်ခိုင်မြို့ မုံးစီးရွာအုပ်စုရှိ ပြိန်းခမ်းရွာအနီးက ရွှေလုပ်ကွက်ကို ဒေသခံတွေက ကန့်ကွက်ခဲ့ရာ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေံက သိရပါတယ်။ “ ပြိန်းခမ်းရွာနားက ရွှေလုပ်ကွက်မှာ ရွှေတူးနေတဲ့ တရုတ်တွေကို
1027 Operations မြန်မာသတင်း

တလထဲ TNLA နယ်မြေမှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 2 ရက်
  • 39 Views
‌မတ်လ (၂)ရက်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲ TNLA အုပ်ချုပ်တဲ့ နယ်မြေမှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ (၁၃)ဦး သေဆုံးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ TNLA အုပ်ချုပ်တဲ့ နယ်မြေတွေကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က