နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 8 ရက်

အယ်ဒီတာ့အာဘော်

အယ်ဒီတာ့အာဘော်

စစ်တပ် ပျိုးထောင်ထားတဲ့ ကြံခိုင်ရေးပါတီရဲ့ စစ်ဗိုလ်ချုပ်ဟောင်းက သူ့ပါတီဝင်တွေကို ဝါးချွန်တွေ ပေးအပ်

ခေတ်မျက်လုံး အယ်ဒီတာအာဘော်

စစ်ခေါင်းဆောင်အဆက်ဆက် ပြည်သူတွေကို လက်နက်ကိုင်ဆောင်ခွင့် မပြုဘဲ ၁၉၆၂ခုနှစ် စစ်အာဏာ သိမ်းစဉ်ကစပြီး ပြည်သူတွေထဲမှာ လိုင်စင်နဲ့ ကိုယ်ပိုင်လက်နက်ရှိသူတွေဆီက လက်နက်တွေကိုပါ သိမ်းယူခဲ့ကြပါတယ်။ လက်နက်ကိုင်ဆောင်ခွင့်ကို သူတို့ လက်အောက်ခံ စစ်တပ်နဲ့ ရဲတွေကိုသာ ကိုင်ဆောင်စေခဲ့ပြီး လက်နက်မဲ့ ပြည်သူတွေကို လက်နက်နဲ့ ခြိမ်းခြောက်ပြီး အကြောက်တရားနဲ့ အုပ်ချုပ်ခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ခေါင်းဆောင်ဟာ မကြာသေးခင်က ပြည်သူတွေကို လက်နက်ကိုင်ဆောင်ခွင့်ပြုတဲ့ ဥပဒေကို ထုတ်ပြန်လာပါတယ်။ အဲ့ဒီလို လိုင်စင်နဲ့ ထုတ်ပေးမယ့် လက်နက်တွေကို သူတို့ကို ထောက်ခံနေတဲ့သူတွေကိုပေးဖို့ သက်သက်သာသာ ဖြစ်နေမှာတော့ ယုံမှားသံသယ ဖြစ်စရာ မရှိပါ။

နေပြည်တော်၊ ဒက္ခိဏသီရီမြို့နယ်မှာ ဖေဖော်ရီလ ၂၁ ရက်နေ့က ကြံခိုင်ရေးဖွံဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင်၊ ဗိုလ်ချုပ်ဟောင်း ဦးစိုးနိုင်၊ နေပြည်တော် (၈) မြို့နယ်ဥက္ကဋ္ဌ ဒုဗိုလ်မှူးကြီးဟောင်း ဘူးလက်လှဆွေ တို့တက်ရောက်သည့် “ ဒက္ခိဏသီရီမြို့နယ် မြို့လုံးကျွတ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ဝင် အင်အား (၃၀၀) အား လက် နက် တပ်ဆင်ပွဲ” ကို ကျင်းပခဲ့ကြပါတယ်။ ဒက္ခိဏသီရီမြို့နယ်က ကျေးရွာတွေနဲ့ ဇဗ္ဗူသီရီမြို့နယ် ရွှေကြာပင်ရပ်ကွက်ကသူတွေက အဲ့ဒီအစည်းအဝေးကို တက်ကြတယ်လို့ ဆိုပါတယ်။ တက်ရောက်လာတွေကို သူတို့တပ်ဆင်ပေးတဲ့လက်နက်ကတော့ ဝါးချွန်များ ဖြစ်ပါတယ်။

အစည်းအဝေးမှာ ဦးမြင့်လှိုင်က စစ်ကောင်စီအနေနဲ့ “အထူးသဖြင့် ဒီလိုအရေးတော်ပုံကာလကို ကျော်လွန်ပြီး ပုံမှန်အခြေအနေမျိုးကို ပြန်ရောက်အောင် မနည်းကို ပြန်လုပ်ရမယ်။ တနှစ်လုံးလုံးလုပ်ပြီး အခုနှစ်နှစ်ကျော်သွားပြီ ရပြီလား။ မရသေးဘူး၊ အခု ၆ လ တိုးတယ် ၆ လ ပြည့်ရင်ရော ရမှာလား?” လို့ မေးလိုက်တဲ့အခါ တက်ရောက်သူတွေက ကပေါက်ချောက်ချာဖြေနေတာကို တွေ့ရပါတယ်။ ဒါကြောင့် သူက “ရရင်တော့ အကောင်းဆုံးပေါ့ မရရင် ဒီထက်ဆိုးလာမယ်။ နိုင်ငံတကာက ဖိအားတွေ မများလာဘူးလား?” လို့ တက်ရောက်လာတဲ့ ကြံခိုင်ရေး ပါတီဝင် ရွာသားတွေကို မေးမြန်းခဲ့ပါတယ်။ ဒီအချက်က ဘာကို ပြသလဲဆိုတော့ အမေရိကန်အစိုးရက ဒီမိုအင်အားစုတွေကို ထောက်ပံ့မှုတွေ နည်းပညာတွေ ပေးတော့မယ်ဆိုတဲ့ သတင်းက စစ်ဗိုလ်ချုပ်တွေကို ခြောက်ခြားလာစေတယ်လို့ ခန့်မှန်းလို့ ရပါတယ်။

အဲ့ဒီလို ဂယောင်ဂတန်း လူထုအစည်းအဝေးခေါ်ပြီး လက်နက်တပ်ဆင် ပေးမယ်လို့ဆိုပြီး သေနတ်မဟုတ်တဲ့ ဝါးချွန်တွေကိုသာ ပေးအပ်ခဲ့တာကြောင့် လူရီစရာ ဖြစ်စေခဲ့ပါတယ်။ အဲ့ဒီ အစည်းဝေးကို စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချာနယ်တွေမှာ တင်ခဲ့ပြီးမှ လူရယ်စရာ ဖြစ်နေလို့ နာရီပိုင်းအတွင်း ပြန်ဖြုတ်ချခဲ့ကြောင်း သိရပါတယ်။

အကြောင်းကတော့ ပီဒီအက်ဖ်တွေပင် တူးမီး၊ တလုံးထိုးသေနတ်တွေကို ကိုင်နိုင်နေတဲ့အချိန်မှာ သူတို့ရရှိတဲ့ လခထက် အဆမတန် ကျိကျိတက် ချမ်းသာကြွယ်ဝနေတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေက ဝါးချွန်တွေကို လက်နက်အဖြစ် ကိုယ့်ရဲဘော်တွေကို ပေးအပ်တာက သူတို့ကိုယ်သူတို့ မလုံခြုံတော့ဘူး၊ သူတို့အခြေအနေ မတည်ငြိမ်တော့ဘူး သူတို့အာဏာလက်လွတ် ရနိုင်တယ်လို့ တွေးလာကြတာကြောင့် သွေးရူးသွေးတန်း သူတို့ဉာဏ်မှီ သလောက်နဲ့ လုပ်မိလုပ်ရာတွေ စီမံလာကြတာဖြစ်တယ်။

ဘာကြောင့် ဒီလိုလုပ်ကြသလဲလို့ သုံးသပ်ရမယ်ဆိုရင် သူတို့အနေနှင့် မင်းအောင်လှိုင် လုပ်ဆောင်နေမှုဟာ သူတို့အတွက် လုံခြုံတယ်လို့ မခံစားရတော့လို့ ဖြစ်တယ်။ သူတို့ကိုယ်တိုင် တတ်သလောက် မှတ်သလောက် လုပ်မှရတော့မယ်ဆိုတဲ့ အတွေးတွေ ဝင်လာလို့ဆိုတာ ထင်ထင်ရှားရှား မြင်နေရတယ်။

ဒီအစည်းအဝေးပွဲမှာ ဦးမြင့်လှိုင်က “အန်အယ်ဒီပါတီကိုတော့ ဖျက်ပစ်ရမယ် အစောကြီးကို ဖျက်ပစ်ရမယ်။ ကျနော်တို့က အသက်သွင်း ပေးလိုက်တဲ့အခါကျတော့ လွှတ်တော်ထဲ ရောက်လာတယ် တိုင်းပြည်ကို ၅ နှစ် လောက်ဖျက်ပစ်လိုက်တယ် ဒီနေ့အထိ မခံစားရဘူး လားဗျာ” လို့ တက်ရောက်လာ သူတွေကိုဒေါမောနဲ့ မေးပါတယ်။

ဒီအချက်က ဘာကိုပြနေသလဲဆိုတော့ အန်အယ်ဒီပါတီ ၅ နှစ်သက်တမ်းမှာ တိုင်းပြည်အများကြီး တိုးတက်လာတာကို သူက မျက်စိမှိတ်ပြီး ဖျက်ပစ်လိုက်တယ်လို့ ဇွတ်ဆွဲချက်တင်ခြင်းသာ ဖြစ်ပါတယ်။ စစ်တပ်အုပ်ချုပ်ခဲ့တဲ့အတွက် အရှေ့ တောင်အာရှရဲ့ အလားအလားအကောင်းဆုံး တိုင်းပြည်ဘဝကနေ လူမွဲနိုင်ငံ ဖြစ်သွားခဲ့ရတာတွေ၊ ပညာရေး၊ ကျန်းမာရေး အားကစား ဘက်စုံနိမ့်ကျသွားခဲ့ရပြီး မြန်မာလူမျိုးတွေ တိုင်းတပါးမှာ အောက်ခြေအလုပ်ကြမ်းတွေ လုပ်နေရတဲ့ အလုပ်ကျွန်တွေ ဖြစ်နေတာတွေ နောက်ဆုံးအများသဘောတူ တင်မြှောက်ထားတဲ့ အစိုးရကို အကြမ်းဖက် အာဏာသိမ်းပြီး ဒီလိုအာဏာသိမ်းတာကို လက်မခံနိုင်လို့ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေကို ရက်ရက်စက်စက်သတ် တိုင်းရင်းသား ပြည်နယ်တွေမှာသာ သိရှိခဲ့ရတဲ့ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဒီနေ့ အထက်ဗမာပြည်က စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတွေမှာ စစ်တပ်က သူတို့အုပ်ချုပ်တာကို လက်မခံလို့ ရွာလုံးကျွတ် မီတိုက်ဖျက်စီးနေတာကို မပြောဘဲ သူတို့ကိုဆန့်ကျင်ပြီး ပြည်သူအများစုက မဲပေးခဲ့တဲ့ အဖွဲ့ချုပ်ပါတီကို တိုင်းပြည်ဖျက်တယ်လို့ စွပ်စွဲလိုက်တာ သူ့တို့အနေနဲ့ တဖက်ပိတ်ပြီး အသံ ကောင်းဟစ်နေတာဖြစ်ကြောင်း ပြည်သူအများနဲ့ ကမ္ဘာက သိကြပါတယ်။

ဒီနေ့ အင်တာနက်ခေတ်မှာ သတင်းမှောင်ချပြီး တဖက်သတ် သတင်းတွေနဲ့ ပြည်သူတွေကို နားမုဒိန်းကျင့်လို့ မရတော့ကြောင်းကို စစ်ဗိုလ်ချုပ်တွေ သိသင့်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း အယ်ဒီတာ့အာဘော်

တရုတ်ရဲ့ စွက်ဖက်မှုနဲ့ မြန်မာ့အနာဂတ်နိုင်ငံရေး

  • 2024 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 72 Views
အယ်ဒီတာ့အာဘော် မြောက်ပိုင်းညီနောင် ၃ ဖော်ရဲ့ ၂၀၂၃ ခုနှစ်၊ ၁၀လ ပိုင်း၂၇ရက် (၁၀၂၇) ပထမလှိုင်းမှာ နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှလွဲ၍
နိုင်ငံတကာသတင်း အမေရိကန် အယ်ဒီတာ့အာဘော်

လက်ရှိ အမေရိကန်နိုင်ငံရေး တစေ့တစောင်း

  • 2024 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 92 Views
အယ်ဒီတာ့အာဘော် အမေရိကန်တွင် ပါတီကြီးနှစ်ခုက နိုင်ငံရေးတွင် ဦးဆောင်နေပြီး တတိယအုပ်စုအဖြစ် ပေါ်ပေါက်လာရန် ကြိုးစားမှုများရှိသော်လည်း ထိုပါတီကြီးနှစ်ခုကို ယှဉ်နိုင်သည့် လူထုထောက်ခံမှုကို မရရှိနိုင်ခဲ့ကြပေ။
အယ်ဒီတာ့အာဘော်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူတွေကို “အရိပ် နေနေ၊ အခက်ချိုးချိုး” ပြုလုပ်နေသူများ ဖြစ်ကြောင်း” ပြောကြား

  • 2024 ခုနှစ်၊ ဇွန်လ 15 ရက်
  • 71 Views
အယ်ဒီတာအာဘော် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောကြားခဲ့တဲ့ စကားတွေထဲမှာ အရှက်ကင်းမဲ့စွာ ဗြောင်လိမ်ပြီး မျက်နှာပြောင်တိုက် ပြောခဲ့တဲ့စကားတွေ အများကြီး ပါရှိခဲ့တယ်။ သူဦးစီးတဲ့ စစ်တပ်က မြို့ရွာတွေကို စစ်ထိုးတဲ့အခါ ရွာသူရွာသားတွေ ထွက်ပြေးခဲ့ရပြီး စစ်တပ်က အဲဒီရွာတွေကို မီးတိုက် ကျွဲနွားတရိစ္ဆန်တွေကို
အယ်ဒီတာ့အာဘော်

အရိုင်းအစိုင်းတွေအုပ်ချုပ်တဲ့နိုင်ငံအဖြစ်ခံကြမလား။

  • 2024 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 153 Views
အယ်ဒီတာ့အာဘော် ကမ္ဘာဦးကျောက်ခေတ်က လူမျိုးတမျိုးက လူမျိုးစုတစုကို အင်အားသုံး တိုက်ခိုက်သတ်ဖြတ် လူမျိူးစုတစုကို သူ့ထက်အင်အားကြီးတဲ့လူမျိုးက ကျူးကျော်တိုက်ခိုက်ပြီး ကျွန်ပြုခဲ့တဲ့ အရိုင်းအစိုင်းခေတ်တွေ ရှိခဲ့ပါတယ်။ တဖြည်းဖြည်း ယဉ်ကျေးမှု အဆင့်မြင့်လာတဲ့အခါ အရင်က ကျင့်သုံးခဲ့တဲ့ တောနက်ကြီးဝါဒဟာ လူ့တန်ဖိုးနဲ့မကိုက်ညီတဲ့အတွက် တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ
အယ်ဒီတာ့အာဘော်

မင်းအောင်လှိုင်ရဲ့ရှေ့ကဖုံး နောက်ကပေါ်နေသည့်ဘဝ

  • 2024 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 125 Views
အယ်ဒီတာအာဘော် ကိုးကန့်ခေါင်းဆောင်ဟောင်း ဖုန်ကြားရှင်ကို နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်ဖို့ တပ်ကဖိအားပေးတာကို ဖုန်ကြားရှင်က ငြင်းဆန်သည့်အတွက် သူတို့အဖွဲ့ကို လောက်ကိုင်ကနေ တိုက်ထုတ်ပြီး ဖုန်ကြားရှင်ကို သစ္စာဖောက်ပြီး တပ်ဖက်ကို ဘက်ပြောင်းသွားတဲ့ ပယ်ဆောက်ချိန်ကို ကိုးကန့်ခေါင်းဆောင်အဖြစ် ခန့်အပ်ပေးခဲ့သည်။ ပယ်ဆောက်ချိန်က ကိုးကန့်ခေါင်းဆောင်ဖြစ်လာပြီးနောက်
အယ်ဒီတာ့အာဘော်

ကရင်ပြည်နယ်တော်လှန်ရေးအောင်မြင်ရန်လမ်းစ

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 218 Views
အယ်ဒီတာ့အာဘော် ကရင်အမျိုးသားတော်လှန်ရေး အဖွဲ့အစည်း KNU သည် အခြားတိုင်းရင်းသားများနည်းတူ ကိုယ်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရန် လွတ်လပ်ရေး ရသည့် အချိန်မှစ၍ ယနေ့ကာလအထိ နှစ်ပေါင်း၇၆နှစ် ကြာတိုက်လာသည့် ကမ္ဘာ့တော်လှန်ရေး သက်တမ်းအရင့်ဆုံး အဖွဲ့အစည်းကြီး ဖြစ်သော်လည်း အောင်ပွဲမရနိုင်သေးချေ။ အဘယ့်ကြောင့်အောင်ပွဲမရသနည်းဆိုသည်ကို
အယ်ဒီတာ့အာဘော်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများအပေါ် တွေ့ဆုံပြောကြားမှုကို သုံးသပ်ခြင်း။

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 179 Views
အယ်ဒီတာအာဘော် မင်းအောင်လှိုင်က နိုင်ငံရေးပါတီဝင်များအားလုံးအနေဖြင့် ပါတီ၏ အမာခံဖြစ်သကဲ့သို့ ဒီမိုကရေစီစနစ်၏ အမာခံဖြစ်ရန်လိုကြောင်း ပြောကြားချက်သည် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် တပ်မတော်မှနိုင်ငံရေးပါတီများကို ဖျက်သိမ်းခဲ့ပြီး တပ်မတော် တည်ထောင်သည့် ပါတီကိုသာ ရှင်သန်ခွင့်ပေးသည့် တပါတီအာဏာရှင်စနစ်ကို ကျင့်သုံးခဲ့ပြီး ပါတီစုံဒီမိုကရေစီစနစ်ကို
အယ်ဒီတာ့အာဘော်

စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၄ နှစ်သစ်မိန့်ခွန်းကို စမ်းစစ်သုံးသပ်ကြည့်ခြင်း။

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 135 Views
ခေတ်မျက်လုံး အယ်ဒီတာအာဘော် ၁။ မိမိကိုယ်ကို သတိုးစည်သူစသည့်ရှည်လျားသည့်ဘွဲ့များ ပေးထားသည့် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ ၂၀၂၄ ခုနှစ်နှစ်သစ်မိန့်ခွန်းသည် ယခင်ရှည်လျားသည့်မိန့်ခွန်းများနှင့်အသွင်မတူညီဘဲ တိုတိုတောင်းတောင်း ဖြစ်နေသည်ကို သတိပြုမိသည့်အပြင် သူ့အာဏာသိမ်းယူပြီးနောက် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်နိုင်စွမ်း မရှိဘဲ တနေ့ထက်တနေ့