နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်

ဆောင်းပါးများ

ဆောင်းပါးများ မြန်မာသတင်း အာရှ

မြန်မာနိုင်ငံရဲ့ အကျပ်အတည်းဖြေရှင်းရေး အာဆီယံအနေနှင့် ပြန်လည်စဉ်းစားဖို့ မလေးရှားဝန်ကြီးချုပ် အန်ဝါက တိုက်တွန်း

တောင်တရုတ်ပင်လယ် မင်ဒါနာအိုတွင် မလေးခေါင်းဆောင်နှင့် ဖိလစ်ပိုင်သမ္မတ မားကို့စ်တို့က ဆွေးနွေးခဲ့ကြသည်။

ဗုဒ္ဓဟူးနေ့က မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာကို အာဆီယံအနေဖြင့် မြန်မာနိုင်ငံတွင် ပေါ်ပေါက်နေသော အကျပ်အတည်းကို ဖြေရှင်းရာတွင် ချဉ်းကပ်မှု အသစ်များကို ထည့်သွင်းစဉ်းစားသင့် သည်ဟု ပြောကြားခဲ့သည်။

နိုဝင်ဘာလတွင် အာဏာရလာခဲ့သည့် အန်ဝါသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးကတည်းက တက်ကြွ လှုပ်ရှားသူများကို အသေအပျောက်များအောင် နှိမ်နင်းခဲ့သည့် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရာတွင် ပိုမိုပြင်းထန်သော ရပ် တည်ချက်ကို ထောက်ခံ အားပေးခဲ့သည်။ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အရှေ့တောင်အာရှ နိုင်ငံများအသင်းတို့သည် ပဋိပက္ခကို ချက်ခြင်းအဆုံးသတ်ရန် အာဆီယံ အထူးသံတမန်တစ်ဦးကို စေလွှတ်၍ နိုင်ငံတွင်းရှို နိုင်ငံရေးပါတီများနှင့် တွေ့ဆုံခွင့်အပါအဝင် ဘုံသဘောတူညီသည့် တောင်းဆိုသည့် အချက်ငါးချက် သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ကြသည်။ များစွာဝေဖန်ခံရသော ဤအစီအစဉ်သည် တိုးတက်မှု အနည်းငယ်သာ ရှိခဲ့သည်။

“ဖိလစ်ပိုင်သမ္မတ မားကို့စ်က သူ့ရဲ့ ဉာဏ်ပညာအရ ဘုံသဘောတူညီမှု (၅) ချက် လိုအပ်ကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်” ဟု အလည်အပတ်ရောက်ရှိနေသော မလေးရှားခေါင်းဆောင်က မားကို့စ်နှင့် နှစ်ဦးချင်း တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “ဒါပေမဲ့ ကျနော် အကြံပြုချင်တာက ဒီလို အတွေ့အကြုံများတဲ့ ဉာဏ်ပညာနဲ့ ဖြစ်နိုင်ချေရှိတဲ့ ချဉ်းကပ်မှုအသစ်တွေကို စူးစမ်းရှာဖွေပြီး မြန်မာစစ်ကောင်စီဟာ အာဆီယံအသင်းဝင်များနဲ့ ဘယ်လို ပူးပေါင်း ဆောင် ရွက်ပြီး ထွက်ပေါ်နေတဲ့ ပြဿနာကို ဖြေရှင်းကြမလဲ၊ ဒီကိစ္စဟာ ပြည်တွင်းကိစ္စ သက်သက်အဖြစ်သာ စဉ်းစားနေလို့ မဖြစ်တော့လို့ဘဲ ဘာကြောင့်လဲဆိုရင် ဒီပြဿနာဟာ ဒေသတခုလုံးရဲ့ တည်ငြိမ်ရေးနဲ့ လူမှုဖူလှုံရေးတွေကိုပါ သက်ရောက် နေတာကြောင့် ဖြစ်တယ်” ဟု အန်ဝါက ဆက်ပြောသည်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာနှင့် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်တို့သည် မတ်လ ၁ ရက်က မနီလာတွင် တွေ့ဆုံစဉ်။

မြန်မာပြည် အကျပ်အတည်းသည် (၁၀) နိုင်ငံ အစုအဖွဲ့အတွင်း ပြဿနာများကို ဖြေရှင်းရန် အဖွဲ့ဝင်တစ်ဦးစီ၏ အခြားနိုင်ငံ ပြည်တွင်းရေးတွင် ဝင်ရောက် မစွက်ဖက်ရေးမူကို လိုက်နာသည့် အာဆီယံ၏ စွမ်းရည်နှင့် ပတ်သက်၍ မေးခွန်းထုတ်စရာ ဖြစ်လာသည်။ အထူးသဖြင့် မလေးရှားနိုင်ငံသည် မြန်မာဒုက္ခသည် ၂၀၀,၀၀၀ ကျော် ဝင်ရောက်လာမှုကြောင့် ဆိုးရွားစွာ ထိခိုက်ခဲ့ကြောင်း အန်ဝါက ပြောကြားခဲ့သည်။ အန်ဝါသည် ပြီးခဲ့သည့်လက ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်စဉ် မြန်မာ နိုင်ငံနှင့် ပတ်သက်သည့် တူညီသော သဝဏ်လွှာကို သယ်ဆောင်ခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း ပရာယွတ်ချန်အိုချာနှင့်လည်း တွေ့ဆုံခဲ့သည်။

ကာလကြာရှည်လာပြီဖြစ်သော မြန်မာအကျပ်အတည်းသည် တောင်တရုတ်ပင်လယ် ပိုင်နက်အငြင်းပွားမှုနှင့်ပတ်သက်၍ ခေါင်းဆောင်နှစ်ဦး ဆွေးနွေးခဲ့သည့် ဒေသတွင်း ပြဿနာများထဲတွင် ပါဝင်ခဲ့သည်။ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဗီ ယက်နမ်တို့က ၎င်းတို့၏ ပိုင်နက်အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားသော နယ်မြေများအပါအဝင် ဗျူဟာမြောက် ပင်လယ်ကို တရုတ်က ကျယ်ကျယ်ပြန့်ပြန့် ပိုင်ဆိုင်ခွင့် တောင်းဆိုထားသည်။

“ပြဿနာရဲ့ ရှုပ်ထွေးမှုနဲ့ ထိလွယ်ရှလွယ်မှုတွေကြောင့် ဘက်ပေါင်းစုံအဆင့်ကို တက်ရောက်လုပ်ဆောင်ဖို့ ကြိုးစား သင့်တယ်လို့ သမ္မတ Marcos Jr. ရဲ့ စိုးရိမ်မှုကို ကျွန်တော် မျှဝေလိုက်ပါတယ်” ဟု အန်ဝါက ပြောကြားခဲ့သည်။ မားကို့စ်နှင့် အန်ဝါတို့ကလည်း စီးပွားရေး ဆက်ဆံရေး ပြန်လည်ခိုင်မာရန် သဘောတူညီခဲ့ကြသည်။ မလေးရှားနိုင်ငံနှင့် ရေကြောင်း နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မင်ဒါနာအိုမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ မွတ်ဆလင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသသစ် ထူထောင်ထားပေမဲ့ မွတ်ဆလင် စစ်သွေးကြွတွေက ခြိမ်းခြောက်မှုအဖြစ် ဆက်လက်တည်ရှိ နေတယ်ဆိုတာကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

“ဒါကြောင့် မင်ဒါနာအိုဒေသခံတွေရဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ မြှင့်တင်ပေးဖို့အတွက် ဖိလစ်ပိုင် အစိုးရရဲ့ ကြိုးပမ်းမှုတွေကို ဆက်လက်ပံ့ပိုးပေးဖို့ မလေးရှားကို ဖိတ်ခေါ်ပါတယ်” ဟု မားကိုစ်က ပြောကြားခဲ့သည်။ ဇူလိုင်လတွင် သမ္မတဖြစ်လာပြီးနောက် မားကို့စ်က အိမ်ရှင်အဖြစ် ပထမဆုံး လက်ခံတွေ့ဆုံသည့် မလေးရှားဝန်ကြီးချုပ် အန်ဝါသည် ၎င်း၏နှစ်ရက်ကြာ တရားဝင်ခရီးစဉ်ကို ကြာသပတေးနေ့တွင် အဆုံးသတ်မည် ဖြစ်သည်။ အန်ဝါသည် ဖိလစ်ပိုင်တက္ကသိုလ်တွင် ဟောပြောပွဲတစ်ခု ပြုလုပ်မည်ဖြစ်ပြီး ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ကို အပ်နှင်းခံရမည်ဖြစ်သည်။

Nikkei ၏ ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်ပါ “ Malaysia’s Anwar urges ASEAN rethink on resolving Myanmar crisis” ဆောင်းပါးကို ခေတ်မျက်လုံးက ဘာသာပြန်ထားသည်။

ဓာတ်ပုံမူပိုင်။ © Pool photo/AP CLIFF VENZON နှင့် HAKIMIE AMRIE

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကရင်နီမှာ တပ်တစ်တပ်ထဲ အမြန်ဆုံးဖွဲ့စည်းဖို့ တော်လှန်ရေးအင်အားစုတွေကို လူထု တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 15 Views
ဖေဖော်ဝါရီလ (၂၀)ရက်။ ကရင်နီပြည်မှာ တပ်တစ်တပ်ထဲ အမြန်ဆုံးဖွဲ့စည်း‌တည်ဆောက်ဖို့ လူထုတွေ့ဆုံပွဲကနေ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကို တိုက်တွန်းထားတယ်လို့ သိရပါတယ်။ လွိုင်နန်းဖမြို့နယ်ရှိ ပြည်သူတွေက လူထုတွေ့ဆုံပွဲတခုပြုလုပ်ပြီး
မြန်မာသတင်း

ဒေါ်ကြည်ပြာကိစ္စ နစ်နာသူတွေ တရားမျှတမှုရရှိဖို့ CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့ တောင်းဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 14 Views
ဖေဖော်ဝါရီလ (၂၀)ရက်။ NUG ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာရဲ့ သတင်းတွေနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့ CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့က မနေ့ကရက်စွဲနဲ့ တိုက်တွန်းတောင်းဆိုတာတွေ
မြန်မာသတင်း

တောင်ခေါင်းလောင်းရွာမှာ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 11 Views
ဖေဖော်ဝါရီလ (၂၀)ရက်။ ပုလောမြို့ တောင်ခေါင်းလောင်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNLA တပ်မဂာ-၄ အထူးတပ်ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစခန်းဟာ စစ်တပ်နဲ့ ပြည်သူ့စစ် အင်အား (၂၇)ဦးရှိပြီး နံနက်
မြန်မာသတင်း

နိုင်ငံတည်ငြိမ်အေးချမ်းဖို့ ချင်းတိုင်းရင်းသားတွေ ပူးပေါင်းကြဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 12 Views
ဖေဖော်ဝါရီလ (၂၀)ရက်။ နိုင်ငံတည်ငြိမ်အေးချမ်းဖို့ ချင်းတိုင်းရင်းသားတွေအပါအဝင် တိုင်ရင်းသားပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ချင်းအမျိုးသားနေ့ သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအချိန်မှာ ချင်းပြည်နယ်ရဲ့ နေရာဒေသအချို့အပါအဝင် နိုင်ငံထဲ ‌ဆူပူအကြမ်းဖက်တာတွေ၊ တရားဥပဒေ ဖောက်ဖျက်ကျူးလွန်တာတွေက
မြန်မာသတင်း

ဒေါ်ကြည်ပြာအမှု ကျေလည်တာမရမချင်း တက္ကသိုလ်ဝင်ခွင့်လုပ်ငန်းတွေ ရပ်ဆိုင်းတယ်လို့ဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 12 Views
ဖေဖော်ဝါရီလ (၁၉)ရက်။ NUG ဝန်ကြီးချုပ်ရုံးရဲ့ ဒေါ်ကြည်ပြာကိစ္စ ထုတ်ပြန်ချက်ဟာ တာဝန်ယူမှု တာဝန်ခံမှု ကင်းမဲ့တဲ့၊ ယုံကြည်အားကိုးရတဲ့ အစိုးရတရပ်အပေါ် စိတ်ပျက်စေတယ်လို့ ပညာရေးဝန်ကြီးဌာနရဲ့ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတရားမှုရှိခဲ့တယ်လို့ တိုင်တန်းချက်ကို သက်ဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့
မြန်မာသတင်း

BNRA ကို အရေးယူတာ တော်လှန်ရေးရဲ့ ဆူးညှောင့်တခုကို ဖယ်ရှားတာလို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 19 ရက်
  • 30 Views
ဖေဖော်ဝါရီလ (၁၉)ရက်။ BNRA အဖွဲ့က ပြစ်မှုရှိသူတွေကို အရေးယူတာ တော်လှန်ရေးရဲ့ ဆူးညှောင့်တခုကို ဖယ်ရှားရှင်းလင်းဖို့ ဆောင်ရွက်ခဲ့ရတာလို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပုလဲနယ်နဲ့ ဆက်စပ်နေရာတွေမှာ BNRA ကို ဦးဆောင်တဲ့
မြန်မာသတင်း

BNRA အဖွဲ့က ထုတ်ပေးထားတဲ့ လက်နက်တွေ လာအပ်ကြဖို့ ယင်းမာပင်ခရိုင်ပကဖ အကြောင်းကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 19 ရက်
  • 24 Views
ဖေဖော်ဝါရီလ (၁၉)ရက်။ ယင်းမာပင်ခရိုင်ရှိ BNRA အဖွဲ့က ထု‌တ်ပေးထားတဲ့ လက်နက်တွေ ကိုင်ဆောင်ထားတဲ့ ရဲဘော်တွေ လက်နက်တွေ လာအပ်နှံဖို့ ခရိုင်ပကဖက ဒီကနေ့မှာ အကြောင်းကြားထားတယ်လို့ သိရပါတယ်။ အဲ့ဒီလက်နက်တွေ ကိုင်ဆောင်ထားတဲ့ ရဲဘော်တွေအနေနဲ့ နေထိုင်ရာ ခရိုင်/မြို့နယ်
မြန်မာသတင်း

ဗိုလ်နဂါး အလင်းဝင်ပြီးနောက် ပုလဲနယ်ထဲ စစ်တပ်က ဆက်တိုက်ဗုံးပတ်ကြဲ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 19 ရက်
  • 26 Views
ဖေဖော်ဝါရီလ (၁၉)ရက်။ အခုရက်ပိုင်းမှာ ပုလဲနယ်ထဲကို စစ်တပ်က လေကြောင်းကနေ ဆက်တိုက် ဗုံးပတ်ကြဲခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ဒီ (၂)ရက်ထဲကို နမခကနေ ပုလဲနယ်ထဲ ဗုံးကြဲတာ (၄)ကြိမ်လောက်ရှိတယ်။ စက်တပ်လေထီးတွေကော၊ Gyrocopter