အမျိုးသား ဒီမိုကရေစီ အဖွဲ့ အစိုးရရဲ့ စီမံဘဏ္ဍာ ဒုဝန်ကြီး ဗဟိုဘဏ် ဒုဥက္ကဋ္ဌဟောင်း ဖြစ်တဲ့ဦးဆက်အောင် လွတ်ရက်စေ့တာကြောင့် ရမည်းသင်းထောင်ကနေဇွန် (၂)ရက် မနက်ပိုင်းက ပြန်လွတ်လာပြီလို့ နီးစပ်သူတွေဆီကသိရပါတယ်။
စီမံဘဏ္ဍာ ဒုဝန်ကြီး ဦးဆက်အောင် ဟာ ဒေါ်အောင်ဆန်းစုကြည်၊ စီးပွားရေးအကြံပေး မစ္စတာရှောင်တာနဲ၊ စီမံဘဏ္ဍာဝန်ကြီးတွေဖြစ်တဲ့ ဦးကျော်ဝင်း နဲ့ ဦးစိုးဝင်း တို့နဲ့အတူ အစိုးရလျှို့ဝှက်ချက်အက် ဥပဒေ နဲ့ တရားစွဲ ထောင်ချခံရတာ ဖြစ်ပါတယ်။
ဦးဆက်အောင်ဟာ မနှစ်က စက်တင်ဘာမှာ ထောင် ၃ နှစ် ချမှတ်ခံရတာဖြစ်ပါတယ်။
Era’sEye/Photo/CRD