နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ ရထားလမ်းစီမံကိန်းတွေကို ကူညီတာ ရပ်တန့်ဖို့ ဂျပန်ကို Justice For Myanmar တောင်းဆို

စစ်ကောင်စီရဲ့ ရထားလမ်းစီမံကိန်းတွေကို ကူညီတာ ရပ်တန့်ဖို့ ဂျပန်ကို Justice For Myanmar က တောင်းဆို လိုက်ပါတယ်။

ဂျပန်နိုင်ငံတကာကော်ပိုရေးရှင်းတွေက
မြန်မာနိုင်ငံ မှာ စစ် အာဏာ မသိမ်းခင်က
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က ပေးအပ်ခဲ့တဲ့ ချေးငွေတွေနဲ့ တည်ဆောက်နေတဲ့ စီမံကိန်းတွေအတွက် မြန်မာ့မီးရထားလုပ်ငန်း ကနေဝင်ငွေ သန်းပေါင်းများစွာကို လက်ခံရရှိခဲ့တယ်လို့ Justice For Myanmar က ထုတ်ဖော်လိုက်တာပါ။

မြန်မာ့မီးရထားလုပ်ငန်းဟာ စစ်အုပ်စုက တရားဥပဒေမဲ့ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်လုပ်ငန်းတစ်ရပ် ဖြစ်ပြီး အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာ့မီးရထားလုပ်ငန်းက ဝန်ထမ်းပေါင်း ၃၀၀၀၀ ထဲက ခန့်မှန်းခြေ ၉၀ ရာခိုင်နှုန်းဟာ စစ်အုပ်စုရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ဖို့ ငြင်းဆန်ပြီး သူတို့ရဲ့ အလုပ်အကိုင်တွေနဲ့ အသက်တွေကို ရင်းကာ ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှုCDM မှာ ပါဝင်ခဲ့ကြ ပါတယ်။

ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းတွေကို ဆက်လက်လုပ်ဆောင်နေခြင်းက စစ်အုပ်စုအတွက် တရားဝင်မှုကို အားပေးရာရောက်ပြီး
သူတို့ရဲ့ ထောက်ပံ့ပို့ဆောင်ရေးစွမ်းရည်ကို မြှင့်တင်ပေးနေသလိုသာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ စစ်သည်တွေ၊ စစ်လက်နက်ခဲယမ်းတွေနဲ့ တခြားထောက်ပံ့ရေးပစ္စည်း တွေကို သယ်ယူပို့ဆောင်ဖို့ ရထားတွေကို အသုံးပြုနေတယ်လို့ ဆိုပါတယ်။

အဲ့ဒီ ရထားလမ်းမြှင့်တင်ရေးစီမံကိန်းတွေအောက်မှာ ဂျပန်နိုင်ငံနဲ့ အီးယူက နိုင်ငံစုံကော်ပိုရေးရှင်းတွေဟာ မြန်မာစစ်တပ် ခရိုနီကုမ္ပဏီတွေနဲ့ မိတ်ဖက်ဆောင်ရွက်ပြီး လုပ်ငန်းတွေကို လုပ်ဆောင်နေတာကြောင့် စီမံကိန်းကို ကူညီတာရပ်တန့်ဖို့ ဂျပန် နိုင်ငံကို အခုလိုတောင်းဆိုလိုက်တာဖြစ်ပါတယ်။

Era’sEye /Photo/CRD

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 35 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 31 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 36 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 34 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 28 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 34 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 36 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 30 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို