နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီကို ခုခံတိုက်ခိုက်ရင်း KNDF ရဲဘော်တစ်ဦး ကျဆုံး

ကယားပြည်နယ် (ကရင်နီပြည်နယ်) တစ်နေရာမှာ ပြီးခဲ့တဲ့ ဩဂုတ်လ (၃၀) ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF၊ တပ်ရင်း (၁၉) က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။

KNDF အမှတ် (၁၉) တပ်ရင်းမှာ တာဝန် ထမ်းဆောင်နေတဲ့ ရဲဘော် အောင်နေထူး (ခ) နယ်နယ် ဟာ ရှေ့တန်း တစ်နေရာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တွန်းလှန် တိုက်ခိုက်ရင်း တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးလှူခဲ့ရတယ်လို့ KNDF တပ်ရင်း (၁၉) က ထုတ်ပြန်ပါတယ်။

ရဲဘော် အောင်နေထူး (ခ) နယ်နယ်ဟာ ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေးနဲ့ အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေးအတွက် အစွမ်းကုန် ကြိုးစားတိုက်ခိုက်ရင်း အသက်ပေးလှူခဲ့ရတာ ဖြစ်တယ်လို့ တပ်ရင်း (၁၉) ကပြောပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော်အောင်နေထူးကို အာဇာနည်သူရဲကောင်းအဖြစ် အစဉ်အမြဲ အသိအမှတ်ပြု ဂုဏ်ယူပြီး မိသားစုဝင်များနဲ့ထပ်တူ ဝမ်းနည်းပူဆွေးရတယ်လို့လည်း တပ်ရင်း (၁၉) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

eraseye\News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပေးဆပ်တိုက်ပွဲဝင်ခဲ့တဲ့ အာဇာနည်ရဲဘော်တွေကို ဦးညွတ်အလေးပြုတယ်လို့ ကျားသစ်နက်စစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 9 Views
တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုအသိပေး ဇန်နဝါရီလ (၂၇)ရက်။ နိုင်ငံအတွက် ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းတွေ၊ ရဲဘော်ဟောင်းတွေနဲ့ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို ဦးညွတ်‌အလေးပြုတယ်လို့
မြန်မာသတင်း

NLD အစိုးရလက်ထက် ကျန်းမာရေးဝန်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာမြင့်ထွေး ကွယ်လွန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 9 Views
ဇန်နဝါရီလ (၂၇)ရက်။ NLD အစိုးရလက်ထက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာမြင့်ထွေး ကွယ်လွန်သွားပြီဖြစ်တယ်လို့ ညီဖြစ်သူရဲ့ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

အင်အားစုတွေအကြား သဘောထားကွဲလွဲတာတွေ ညှိနှိုင်းဖြေရှင်းဖို့ NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 9 Views
ဇန်နဝါရီလ (၂၇)ရက်။ ဇန်နဝါရီလ (၂၅)ရက်နေ့က တော်လှန်ရေးဦးဆောင်မှု ခိုင်မာဖို့နဲ့ နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးနိုင်ဖို့ ရည်ရွယ်ပြီး
မြန်မာသတင်း

ပုလဲနယ်ထဲ BNRA ကို အကြောင်းပြချက်မရှိဘဲ ဆန္ဒပြဖို့ NUG က အတင်းအကြပ် စေခိုင်းနေတယ်လို့ဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 29 Views
ဇန်နဝါရီလ (၂၆)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်က ပုလဲနယ်မှာ NUG က ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)ကို အကြောင်းမဲ့ ဆန္ဒပြခိုင်းနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ တိုက်နယ်အဖွဲ့တွေကို ဒေသခံတွေက BNRA အလိုမရှိဘူးဆိုပြီးတော့ ဆန္ဒပြခိုင်းတာပေါ့။ အဲ့လိုဆန္ဒပြခိုင်းတာမှာ
မြန်မာသတင်း

မြိုင်မြို့တိုက်ပွဲထဲ ရဲဘော် (၃)ဦးကျဆုံးပြီး (၁)ဦး အရှင်ဖမ်းဆီးခံခဲ့ရတယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 37 Views
ဇန်နဝါရီလ (၂၆)ရက်။ မြိုင်မြို့နယ်ထဲ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၅)ရက်နေ့က ပျုစောထီးတွေနဲ့ စခတွေ ထန်းအူတွေပေါက်ပြီး ရိက္ခာရှာ‌နေတာကို ကင်းထောက်ဒရုန်းကနေ တွေ့ခဲ့တာ။ (၂၂)ရက်နေ့မှာ
မြန်မာသတင်း

လှိုင်သာယာမြို့ရှိ စစ်ကောင်စီရဲ့ ရွေး/ကော်ရုံး (၄၀)မမနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 32 Views
ဇန်နဝါရီလ (၂၆)ရက်။ မနေ့က ည (၁၁)နာရီကျော်အချိန်က ရန်ကုန် လှိုင်သာယာမြို့(အနောက်ပိုင်း)ရှိ စစ်ကောင်စီရဲ့ ရွေး/ကော်ရုံးကို (၄၀)မမနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြို့ပြအထူးစစ်ဆင်ရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီရွေးကောက်ပွဲကော်မရှင်ရုံးက ပြည်သူတွေကို ခြိမ်းခြောက်မဲထည့်ခိုင်းတာတွေ ရှိနေတာနဲ့
မြန်မာသတင်း

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်ဆိုပြီး စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 48 Views
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့မရှိဘူးလို့ဆို ဇန်နဝါရီလ (၂၄)ရက်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်ဆိုပြီး စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ပါရဂူတွေရော တပ်မတော်‌(ဆေး)က ပါရဂူတွေရော
မြန်မာသတင်း

မြင်းခြံမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်ဘက်က (၂၂)ဦး သေဆုံးကာ (၂၀)ကျော် ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 47 Views
ဇန်နဝါရီလ (၂၄)ရက်။ ဇန်နဝါရီလ (၂၀)ရက်နေ့က မြင်းခြံနဲ့ နွားထိုးကြီးမြို့အကြားမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ နံနက် (၇)နာရီကနေ စတင်ခဲ့ပြီး ညနေ