နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 5 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ဒီပဲယင်းကို စစ်ကြောင်းထိုးဝင်‌လာတဲ့ စစ်ကောင်စီတပ်မှ အမျိုးသားတစ်ဦးကိုသတ်ဖြတ်ခဲ့ကာ ဒေသခံပြည်သူတစ်သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ကို စစ်ကြောင်းထိုးဝင်‌ရောက်လာတဲ့ စစ်ကောင်စီတပ်မှ ဒေသခံပြည်သူတစ်ဦးကို ဦးခေါင်းဖြတ်သတ်ဖြတ်ခဲ့သလို အရပ်သား ပြည်သူတစ်သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ခေတ်မျက်လုံးကို ပြောပါတယ်။


အင်အား ၁၀၀ နီးပါးရှိတဲ့ အောင်လံအခြေစိုက် ခလရ ၇၁ စစ်ကြောင်းဟာ စက်တင်ဘာလ ၃၀ ရက် မနက် ၇ နာရီဝန်းကျင်ကစလို့ ဒီပဲယင်းမြို့အနောက်ဘက် တစ်မိုင်ကျော်အကွာက မဲသယ်ရွာကို စတင်ဝင်ရောက်ခဲ့ပြီး အဲဒီနောက် ယင်းဒွေး၊ လက်တီး၊ နဘဲလှနဲ့ နှောကုန်းရွာတွေကို ဆက်တိုက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။

“ယင်းတွေရွာနဲ့ လပ်တီးရွာကို အရင်ဝင်လာတာပါ၊ လပ်တီးရွာထဲမှာ အပြစ်မဲ့ပြည်သူတစ်ဦးကို ခေါင်းဖြတ်သတ်ထားခဲ့တာ၊ ပြည်သူ ၂ ဦးကိုလည်း စစ်ကြောင်းနောက် ဖမ်းခေါ်သွားတယ်။ လပ်တီးရွာတွေဘက်ကနေ ညနေပိုင်းမှာ အေးသာယာ(ပျံကျရွာ)ကို လက်နက်ကြီးပစ်ခတ်ပြီး ဆက်ဝင်လာတယ်၊ ပျံကျရွာအတွင်း စစ်ခွေးတွေဝင်ရောက်သွားပြီးတော့ မုံရွာနမခကတက်လာတဲ့ Mi35 တစ်စီးနဲ့ ပျံကျရွာအနီးကို လေကြောင်းပစ်ကူ တိုက်ခိုက်သွားတယ်” လို့လည်း ကိုထူးခန့်ဇော် (အမေ့သား) က ပြောပါတယ်။

လေကြောင်းပစ်ခတ်တာကြောင့် ထိခိုက်မှုအခြေအနေတွေကို မသိရသေးသလို တော်လှန်ရေး အင်အားစုတွေနဲ့ စစ်ကောင်စီစစ်ကြောင်း ထိတွေ့ပစ်ခတ်မှုတွေလည်းရှိပြီး စစ်ကောင်စီတပ် ထိခိုက်မှု‌တွေလည်း များတယ်လို့ ဆိုပါတယ်။
စစ်ကြောင်းဝင်ရောက်ခဲ့တဲ့ ရွာတွေအပါအဝင် အနီးနားက ရွာစုစုပေါင်း ၁၄ ရွာဝန်းကျင်က ဒေသခံတစ်သောင်းနီးပါး မိုးထဲရေထဲ အရေးပေါ် ထွက်ပြေးတိမ်း ရှောင်ခဲ့ကြရတယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စက်တင်ဘာနောက်ဆုံးပတ်အတွင်း ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းကို စစ်ကြောင်းထိုးခဲ့ပြီး စက်တင်ဘာ ၂၇ ရက်မှာ ဒီပဲယင်းမြို့ပေါ် ဝင်ရောက်ခဲ့တာဖြစ်သလို အခုလက်ရှိ စစ်ကောင်စီတပ်ဟာ ပျံကျ (အေးသာယာ) ရွာမှာ တပ်စွဲထားတယ်လို့ သိရပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စက်တင်ဘာလ ၈ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ ရှစ်သိန်းကျော် (၈၁၃,၂၀၀) ရှိလာပါပြီ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 47 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 46 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 43 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 49 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 38 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 49 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 46 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 35 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို