နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်

အာရှ

အာရှ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း သူ၏ နံပါတ် (၂) စစ်ဘက်ထိပ်တန်းခေါင်းဆောင်ကို ထုတ်ပယ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းပြီးနောက် ဒုတိယအာဏာအရှိဆုံး စစ်ဘက်ထိပ်တန်းခေါင်းဆောင် ပတ်ဂျုံချောင် (Pak Jong Chon) ကို ဇန်နဝါရီ (၂) ရက်နေ့က ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။

အာဏာရ အလုပ်သမားပါတီ၏ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ပါတီဗဟိုကော်မတီ အတွင်းရေးမှူးတစ်ဦးဖြစ်သည့် ပတ်ဂျုံချောင်အား ပြီးခဲ့သည့် သီတင်းပတ်က ကော်မတီ၏ နှစ်ပတ်လည် အစည်းအဝေးတွင် ရီရောင်းဂီလ် (Ri Yong Gil) ဖြင့် အစားထိုးခဲ့ကြောင်း KCNA သတင်းဌာနက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

အပြောင်းအလဲအတွက် အကြောင်းပြချက်ပေးခဲ့ခြင်း မရှိပေ။ ပြုံယမ်းသည် ၎င်း၏ခေါင်းဆောင်မှုကို ပုံမှန်ပြန်လည် ပြင်ဆင်လေ့ရှိပြီး နှစ်ကုန်တွင် ပါတီအစည်းအဝေးများကို ဝန်ထမ်းအပြောင်းအလဲများနှင့် အဓိကမူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များကို ကြေညာရန် မကြာခဏအသုံးပြုလေ့ရှိသည်။

အထီးကျန်နိုင်ငံ၏ ၂၀၂၃ ကာကွယ်ရေးမဟာဗျူဟာအတွက် အဓိကသော့ချက်အနေဖြင့် အမေရိကန်နှင့် တောင်ကိုရီးယားတို့ကို တန်ပြန်ရန်အတွက် တိုက်ချင်းပစ်ဒုံးကျည်အသစ်များနှင့် ကြီးမားသော နျူကလီးယား လက်နက်တိုက်ကို တီထွင်ရန် ကင်ဂျုံအွန်းက တောင်းဆိုလာချိန်တွင် ပတ်ဂျုံချောင်၏နေရာကို ကင်ဂျုံအွန်းက အစားထိုးခဲ့ခြင်း ဖြစ်သည်။ ပတ်ဂျုံချောင်သည် ၂၀၁၅ ခုနှစ်တွင် ကြယ်တစ်ပွင့်စစ်ဗိုလ်ချုပ်တစ်ဦးဘဝမှ ၂၀၂၀ ခုနှစ်တွင် ကြယ်လေးပွင့်ရ ဗိုလ်ချုပ်တစ်ဦးအဖြစ်သို့ ရာထူးတက်လာခဲ့သူဖြစ်သည်။

ဓာတ်ပုံစာ။ ထုတ်ပယ်ခံလိုက်ရသည့် မြောက်ကိုရီးယားဒုတိယအာဏာအရှိဆုံး စစ်ဘက်အကြီးအကဲပတ်ဂျုံချောင်

နိုင်ငံ၏ တာတိုပစ်ဒုံးကျည်နည်းပညာ တိုးတက်မှုအတွက် ပံ့ပိုးကူညီမှုအတွက် ဂုဏ်ပြုသောအားဖြင့် ပတ်ဂျုံချောင်အား စစ်ဘက်ဆိုင်ရာ ရာထူးကို လျင်မြန်စွာ တိုးပေးခဲ့သည်။ ၂၀၂၀ ပြည့်နှစ်နှောင်းပိုင်းတွင် ပတ်ဂျုံချောင်သည် ပေါလစ်ဗျူရိုသို့ ရာထူးတိုးမြှင့်ခံရပြီး ကင်ဂျုံအွန်း လက်ထက်တွင် အမြင့်ဆုံးစစ်ဘက်ရာထူးဖြစ်သည့် ဗိုလ်ချုပ်ဘွဲ့ကို ရရှိခဲ့ပြီး ပြီးခဲ့သည့် နိုဝင်ဘာလတွင် တောင်ကိုးရီးယား-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဆန့်ကျင်ရေးတွင် ဦးဆောင်သူ ဖြစ်လာခဲ့သည်။

ဆိုးလ်မြို့ရှိ အမျိုးသားပြန်လည်ပေါင်းစည်းရေးသိပ္ပံမှ ကိုရီးယားအင်စတီကျုမှ အရာရှိ Oh Gyeong-sup က မကြာသေးမီက ကိုရီးယားနှစ်နိုင်ငံအကြား တင်းမာမှုများ ဖြစ်ပွားနေသည့် တောင်ကိုရီးယားသို့ မောင်းသူမဲ့လေယာဉ်များ ကျူးကျော် ဝင်ရောက်မှုမှာ အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ကျူးကျော်ဝင်ရောက်မှုကို တုံ့ပြန်သည့်အနေဖြင့် တောင်ကိုရီးယားမှ ဒရုန်းသုံးစင်းကို နယ်စပ်ဖြတ်ကျော် စေလွှတ်ခဲ့ကြောင်း ဆိုးလ်မှ တာဝန်ရှိသူများက ပြောကြားသော်လည်း မြောက်ကိုရီးယားဘက်မှ တုံ့ပြန်နိုင်ခြင်း မရှိကြောင်း Oh က ပြောကြားခဲ့ပြီး ယင်းဒရုန်းယာဉ်များကို ထောက်လှမ်းရန် မြောက်ကိုရီးယားမှ မလုပ်နိုင်ခဲ့ဟု ဆိုသည်။

“ ပတ်ဂျုံချောင်က လုံခြုံရေး လုပ်ငန်းတွေ ပျက်ကွက်မှုအတွက် တာဝန်ခံရ နိုင်တယ်” ဟု Oh က ဆိုသည်။ ပတ်ဂျုံချောင်၏ဆက်ခံသူ ရီရောင်းဂီလ်သည် တပ်မတော်၏ အထွေထွေ အမှုထမ်း အကြီးအကဲနှင့် ကာကွယ်ရေးဝန်ကြီး အပါအဝင် အဓိကရာထူးများကို ထမ်းဆောင်ခဲ့သည့် အကြီးတန်း စစ်ဦးစီးချုပ်လည်း ဖြစ်သည်။

ရိုက်တာသတင်းဌာန Hyonhee Shin မှ ရေးသားသည်။

Source: ရိုက်တာ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ဟိမဝန္တာတောင်တန်းရှိ တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်အပေါ် အဓိကအချက်များ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 18 Views
ကမ္ဘာ့အကြီးဆုံး စီမံကိန်းဖြစ်လာမည်။ တရုတ်နိုင်ငံသည် ဒေါ်လာ ၁၆၈ ဘီလီယံ အကုန်အကျခံကာ တိဗက်ဒေသရှိ ရာလန် စန်ပို(Yarlung Tsangpo) မြစ်ပေါ်တွင်
တရုတ် နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင်မီဒီယာသူဌေးကြီး ဂျင်မီ လိုင်း (Jimmy Lai) ကို အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပ‌ဒေနဲ့ အပြစ်ရှိကြောင်းဟောင်ကောင်တရားရုံးကချမှတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 29 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် ဒီမိုကရေစီလိုလားသူ မီဒီယာသူဌေးကြီး ဂျင်မီ လိုင်းကို တရုတ်က ချမှတ်ထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေ (NSL)
တရုတ် နိုင်ငံတကာသတင်း အာရှ

တရုတ်ချေးငွေကို အများဆုံး လက်ခံရရှိသူမှာ အမေရိကန်ဖြစ်သည်ဟု အစီရင်ခံစာက ထုတ်ဖော်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 57 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂ရက် ပေကျင်း – ဝါရှင်တန်သည် နိုင်ငံများအား တရုတ်ချေးငွေများ လက်ခံခြင်း၏ အန္တရာယ်များ အကြောင်း နှစ်ပေါင်းများစွာ သတိပေးခဲ့သည်။ သို့သော်လည်း လွန်ခဲ့သော နှစ် ၂၀ အတွင်း ကမ္ဘာပေါ်တွင်
နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင်ထပ်မြင့်အဆောက်အအုံများစုပြုံလောင်ကျွမ်းခံရခြင်း

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 67 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၊ ၂၇ရက် ဤမီးလောင်မှုသည် ဟောင်ကောင်၊ တိုင်ပေါ (Tai Po) ခရိုင်ရှိ အများပြည်သူ လူနေအိမ်ရာ အဆောက်အအုံကြီးဖြစ်သော ဝမ်ဖုခ် (Wang Fuk) တိုက်တန်းအိမ်ရာ တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ သေဆုံးမှုနှင့်
ဂျပန် နိုင်ငံတကာသတင်း ယူကရိန်း အာရှ

စစ်ဘေးရှောင် ယူကရိန်းဒုက္ခသည်သည် ဂျပန်၌ အဆင့်မြင့် ဆူမိုနပန်းပြိုင်ပွဲတွင် အနိုင်ရရှိ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 76 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၂၄ရက် ရုရှားကျူးကျော်မှုမှ ထွက်ပြေးလာခဲ့သော အသက် ၂၁ နှစ်အရွယ် ယူကရိန်း ဆူမိုနပန်း သမားတစ်ဦးသည် ဂျပန်နိုင်ငံ၌ အဆင့်မြင့် ဆူမိုပြိုင်ပွဲတစ်ရပ်တွင် အနိုင်ရရှိခဲ့ပြီး၊ ယှဉ်ပြိုင်မှုပြင်းထန်သော ဤအားကစားနည်း၌ သူ၏ လျင်မြန်သော တိုးတက်မှုကို ချီးမွမ်းခြင်းခံခဲ့ရသည်။
ဂျပန် တရုတ် နိုင်ငံတကာသတင်း အာရှ

တရုတ်-ဂျပန် အဆင့်မြင့်အရာရှိဆွေးနွေးပွဲမှာ တရုတ်ဘက်မှ အရာရှိက လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ထားလျက် စကားပြောနေသည့်ပုံစံကြောင့် လူမှုကွန်ရက်တွင် ကန့်ကွက်မှုများဖြစ်ပေါ်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 110 Views
နိုဝင်ဘာလ (၁၉) ရက်။ ဂျပန်ဝန်ကြီးချုပ် တာကာအိချိ ဆာနာအေ၏ ထိုင်ဝမ်အရေးနှင့် ပတ်သက်သည့် လွှတ်တော်တွင်း ဖြေကြားချက်အပြီး ကျင်းပခဲ့သော ၁၈ ရက်နေ့ ဂျပန်-တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိများ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင်၊ တရုတ်ဘက်မှ အရာရှိက လက်နှစ်ဖက်ကို
နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ သေဒဏ်ချမှတ်ခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 88 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၈ ဖြုတ်ချခံလိုက်ရသော ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် သေဒဏ်ချမှတ်ခံရ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဆိုင်ရာ ခုံရုံး-ဘင်္ဂလားဒေ့ရှ် (ICT-BD) သည် တနင်္လာနေ့တွင် အဆိုပါ စီရင်ချက်ကို
Asia ဂျပန် နိုင်ငံတကာသတင်း အာရှ

တရုတ်ကောင်စစ်ဝန်က ဂျပန်ဝန်ကြီးချုပ်ကို တိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး “အဲဒီ ညစ်ညမ်းတဲ့ ဦးခေါင်းကို တစ်စက်ကလေးမှ တွန့်ဆုတ်မနေဘဲ ခုတ်ပစ်လိုက်ရုံပဲ” ဟုဆို

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 117 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၀ရက် ဂျပန်ပြည်တွင်းရေးနှင့် နိုင်ငံတကာရေးရာများ ပြီးခဲ့သည့်အပတ် ပါလီမန်တွင် ဂျပန်အမျိုးသမီး ဝန်ကြီးချုပ် တာကာအိချိက ထိုင်ဝမ်နိုင်ငံ တိုက်ခိုက်ခံရပါက ဂျပန်နိုင်ငံအနေနှင့် “အဖွဲ့လိုက် ခုခံကာကွယ်ခွင့် (Shūdanteki Jieiken – Collective self-defense)”