နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီ ကုန်ရထား မိုင်းဆွဲခံရ

စစ်ကောင်စီရဲ့ ကုန်စည်တွေကို တင်ဆောင်လာတဲ့ ကုန်ရထားတစီးဟာ ယနေ့ နံနက် ၈ နာရီ ၂၀ အချိန်က မွန်ပြည်နယ် သထုံမြို့နယ် ဂေါကျေးရွာ ကွင်းကူးတိုးဂိတ် အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရကြောင်း သိရသည်။

Photo – CJ – မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီ ကုန်ရထားကိုတွေ့ရစဉ်။


အဆိုပါ ရထားသည် ပေါင် မြို့နယ် သဲဖြူကုန်းရွာ မှ ပဲခူးမြို့ကို အသွား မိုင်တိုင် ၁၄၁ အနီး ဂေ့ါကျေးရွာနား အရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရခြင်းဖြစ်သည်။

Photo – CJ – မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီ ကုန်ရထားကိုတွေ့ရစဉ်။


ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရသည့်အတွက် ရထားလမ်း ပျက်စီးခဲ့ပြီး စစ်ကောင်စီက ရထားလမ်းကို ပိတ်ထားလိုက်ကြောင်းသိရသည်။

Photo – CJ – မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီ ကုန်ရထားကိုတွေ့ရစဉ်။


အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံသည့် ရထားသည် အများပြည်သူ အသုံးပြုစီးနင်းသည့် ရထားမဟုတ်ဘဲ စစ်တပ်၏ ကုန်စည်များ စစ်တပ်လုပ်ငန်းများအတွက် အဓိက အသုံးပြုနေသည့် ရထားဖြစ်ကြောင်း သိရသည်။
MoeZ / Era’sEyes

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဘုတလင်နယ် အင်းတဲရွာက နေအိမ်တွေကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်မီးရှိ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 5 Views
အောက်တိုဘာလ (၃၀)ရက်။ မနေ့က ညနေ (၄)နာရီအချိန်က ဘုတလင်နယ် အင်းတဲရွာထဲက ပြည်သူတွေရဲ့နေအိမ်တွေကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်မီးရှိခဲ့တယ်လို ဒေသခံတွေထံက သိရပါတယ်။
မြန်မာသတင်း

မြန်မာစစ်တပ်ကို လေယာဉ်လောင်စာဆီ ပံ့ပိုးနေတဲ့ ကုမ္ပဏီ (၅)ခုကို ယူကေ ပိတ်ဆိုအရေးယူ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 1 Views
အောက်တိုဘာလ (၃၀)ရက်။ မြန်မာစစ်တပ်ကို လေကြောင်းလောင်စာဆီနဲ့ စက်ကိရိယာတွေ ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီ (၅)ခုကို ယူကေအစိုးရက ပိတ်ဆိုအရေးယူလိုက်တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

(၁၀)လတာထဲ စစ်ကြောရေး၊ ရဲစခန်းနဲ့ ထောင်တွေမှာ သေဆုံးတဲ့ နိုင်/ကျဉ်း (၅၀)ဦးထိရှိခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 6 Views
အောက်တိုဘာလ (၃၀)ရက်။ (၁၀)လတာထဲ စစ်အုပ်စု ဖမ်းဆီးပြီးနောက် သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား (၅၀)ဦးအထိရှိတယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ ဖမ်းဆီးထိန်းသိမ်းပြီးနောက် သေဆုံးသူတွေဟာ စစ်ကြောရေးမှာ အမျိုးသား (၁၂)ဦး၊ ရဲစခန်းမှာ
မြန်မာသတင်း

စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းဖို့ ကယန်းအမျိုးသားတပ်မတော်(KNA)ကို ဖွဲ့စည်းကြောင်းကြေညာ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 14 Views
အောက်တိုဘာလ (၂၉)ရက်။ စစ်အာဏာရှင် အမြစ်ပြတ်ချမှုန်းဖို့ ကယန်းအမျိုးသားတပ်မတော်(KNA)ကို ဖွဲ့စည်းကြောင်း ဒီကနေ့မှာ ထုတ်ပြန်ကြေညာထားချက်အရ သိရပါတယ်။ KNA ကို ကယန်းဒေသထဲရှိ တော်လှန်ရေးမှာ ဦးဆောင်ပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ ကော်မတီတရပ် စုစည်းဖွဲ့စည်းကာ ဦးဆောင်သွားမယ်လို့ ဆိုပါတယ်။ KNA
မြန်မာသတင်း

အကျဉ်းထောင်တွေထဲ စစ်ကောင်စီက သန်းခေါင်စာရင်းလို အချက်အလက်တွေ ကောက်ယူနေ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 12 Views
အောက်တိုဘာလ (၂၉)ရက်။ အကျဉ်းထောင်တွေထဲ စစ်ကောင်စီက အကျဉ်းသူ/အကျဉ်းသားတွေကို သန်းခေါင်စာရင်းလိုမျိုး အချက်အလက်တွေ ကောက်ယူနေတယ်လို့ PPNM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စက်တင်ဘာလထဲကစပြီး နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ ထောင်အာဏာပိုင်တွေက သန်ခေါင်စာရင်းလိုမျိုး အကျဉ်းသား၊
1027 Operations မြန်မာသတင်း

လားရှိုးမြို့က လူနေရပ်ကွက်ထဲ စစ်ကောင်စီက ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 9 Views
အောက်တိုဘာလ (၂၉)ရက်။ ဒီကနေ့ လားရှိုးမြို့ရှိ လူနေရပ်ကွက်တွေထဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၂)ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နံနက် (၁၂)နာရီလောက်နဲ့ နေ့လယ် (၂)နာရီခွဲလောက်မှာ လားရှိုးက
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အမ်းမြို့အခြေစိုက် နပခဌာနချုပ်ကို AA အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ဆို

  • 2024 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 13 Views
အောက်တိုဘာလ (၂၉)ရက်။ ဒီကနေ့မှာ အမ်းမြို့အခြေစိုက် စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို AA က အပြီးသိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ မနေ့ အောက်တိုဘာလ (၂၈)ရက်မှာ နပခလက်အောက်ရှိ စစ်ကောင်စီရဲ့ ခမရ (၃၇၁)၊ (၃၇၂)၊ (၃၇၃)အပြင်
မြန်မာသတင်း

အညာဒေသမှာ MOD/PDF အပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းသွားမယ်လို့ BPLA ပြော

  • 2024 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 8 Views
အောက်တိုဘာလ (၂၉)ရက်။ အညာဒေသ စစ်ဆင်ရေးဖော်ဆောင်တာမှာ MOD/PDF အပါအဝင် အခြားတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းသွားမယ်လို့ BPLA တာဝန်ခံ မောင်ဆောင်းခရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။“ ကျနော်တို့ အညာဒေသကို အခြေချတဲ့အခါ MOD/PDF တပ်ရင်းတွေနဲ့ရော၊ MOD လက်အောက်ခံမဟုတ်တဲ့အခြားအင်အားစုတွေနဲ့ပါ