နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဂန့်ဂေါမြို့နယ်၊ ကန်ရွာ နယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်း ပိုက်၊ စစ်ကောင်စီ တပ်သား ၄၅ ဦး သေဆုံး၊ စခန်းကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန်ရွာ နယ်မြေရဲစခန်းမှာရှိတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ ရဲသားတွေကို မတ်လ ၃၁ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ အကြမ်းဖက်စစ်သား ၄၅ ဦး သေဆုံးခဲ့သလို ၁၀ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ယင်း တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့ပြီး ရဲဘော်တစ်ဦး မိုင်းနင်းမိတာကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရတယ်လို့ HYPER UAV FORCE ဒရုန်း တပ်ဖွဲ့ထံကနေ သိရပါတယ်။ ရဲစခန်းကို ၇၅ ရာခိုင်နှုန်းအထိ သိမ်း ပိုက်နိုင်ခဲ့တဲ့ တိုက်ပွဲအတွင်းမှာ ဗုံး စုစုပေါင်း ၂၃ လုံး ကြဲချခဲ့သလို ၆၀ မမ ဗုံးသီး အစစ်တွေသာ သုံးခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒီ တိုက်ခိုက်မှုကို ဂန့်ဂေါခရိုင် အခြေစိုက် ဒရုန်းတပ်ဖွဲ့ HYPER UAV FORCE၊ ဂန့်ဂေါခရိုင်တပ်ရင်း ၁၊ တပ်ရင်း ၇၊ တပ် ရင်း ၁၁၊ တပ်ရင်း ၁၂၊ တပ်ရင်း ၁၄၊ တပ်ရင်း ၁၉၊ ABSDF နဲ့ မြို့နယ် ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဆောမြို့မှာ ပလဖက ဖမ်းဆီးထိန်းသိမ်းထားတဲ့ သေဒဏ်ကျတရားခံတဦး ထွက်ပြေးလွတ်မြောက်နေ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 29 Views
ဇွန်လ (၁၅)ရက်။ ဆောမြို့မှာ NUG လက်အောက်ခံ မြို့နယ်ပလဖက ဖမ်းဆီးထိန်းသိမ်းထားတဲ့ သေဒဏ်ကျခံနေရတဲ့ တရားခံတဦး ထွက်ပြေးလွတ်မြောက်နေတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။
မြန်မာသတင်း

ကော်သူးလေတည်ထောင်ဖို့ အင်တိုက်အားတိုက် ကြိုးပမ်းကြဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 26 Views
ဇွန်လ (၁၅)ရက်။ “ ကော်သူးလေ” တည်ထောင်ဖို့ကို အင်တိုက်အားတိုက် ကြိုးပမ်းတည်ဆောက်ကြဖို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက (၇၇)နှစ်မြောက် ကော်သူးလေနေ့မှာ
မြန်မာသတင်း

စိုးမိုးနယ်မြေထဲ လောင်းကစားဝိုင်းတွေ ရပ်တန့်ဖို့ ယင်းမာပင်ခရိုင်တပ်ရင်း(၁၁) မေတ္တာရပ်ခံ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 31 Views
ဖမ်းမိတဲ့သူတွေထဲ လူငယ်တွေကို စစ်သင်တန်းပေးပြီး တော်လှန်ရေးရဲဘော်အနေနဲ့ တာဝန်ပေးမယ်လို့ဆို ဇွန်လ (၁၅)ရက်။ ‌တော်လှန်ရေးစိုးမိုးနယ်မြေထဲ လောင်းကစားဝိုင်းတွေ အကြီးအကျယ် လုပ်ကိုင်နေတာကို တိုင်ကြားလာတာတွေရှိတယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း(၁၁)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလောင်းကစားဝိုင်းတွေကြောင့် အိုးမဲ့အိမ်မဲ့ စာရိတ္တတွေ ပျက်စီးတဲ့အထိ
မြန်မာသတင်း

မန္တလေးတိုင်းစစ်ဆင်ရေးနယ်မြေထဲ တိုက်ပွဲ(၁၃)ကြိမ်ဖြစ်ပွားခဲ့၊ စစ်ကော်မရှင်တပ်ဖွဲ့ဝင် (၁၈)ဦးသေဆုံးပြီး (၆)ဦးဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 30 Views
ဇွန်လ (၁၅)ရက်။ မေလနဲ့ အခုလပထမအပတ်ထဲ မန္တလေးတိုင်းစစ်ဆင်ရေးနယ်မြေမှာ ပြောက်ကျားတိုက်ပွဲပေါင်း (၁၃)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ PDF စစ်ရုံးချုပ်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီပြောက်ကျားတိုက်ပွဲတွေထဲ စစ်ကော်မရှင်တပ်ဖွဲ့ဝင် (၁၈)ဦးသေဆုံးပြီး (၆)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ စစ်ဆင်ရေးနယ်မြေထဲ
မြန်မာသတင်း

CDF-Zophie ဌာနချုပ် လေကြောင်းတိုက်ခိုက်ခံရတဲ့အပေါ် ဇိုဖေရမ်ကောင်စီ ပြင်းပြင်းထန်ထန် ရှုတ်ချ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 27 Views
စစ်အုပ်စုရဲ့ လိမ်လည်တာတွေကို နားမယောင်ဘဲ ဆက်လက်တော်လှန်ဖို့ တိုက်တွန်းထား ဇွန်လ (၁၃)ရက်။ CDF-Zophie ဌာနချုပ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့‌အပေါ် ပြင်းပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ဇိုဖေရမ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇိုဖေရမ်ကောင်စီရုံးစိုက်ရာနေရာဖြစ်တဲ့ CDF-Zophei
မြန်မာသတင်း

ချောင်းဦးမှာ စစ်တပ်စစ်ကြောင်းကြောင့် ဒေသခံ (၃)ဦးသေဆုံးပြီး (၄)ဦးထက်မနည်း ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 31 Views
ဇွန်လ (၁၃)ရက်။ အခုလပထမအပတ်ထဲ ချောင်းဦးမြို့ကို စစ်တပ်က (၃)ရက်ဆက်တိုက် စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ စစ်တပ်စစ်ကြောင်းဟာ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကြောင်းဝင်ရောက်ခဲ့ရာ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

“မြန်မာ့အချုပ်အခြာတရုတ်လက်ထဲထိုးအပ်လိုက်ပြီလား”

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 17 Views
ဒီအပတ် တနင်္ဂနွေနေ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ကြည့်ခြင်း (၅၁)မှာ ဆွေးနွေး တင်ပြမဲ့အကြောင်းအရာကတော့ “မြန်မာ့အချုပ်အခြာ တရုတ်လက်ထဲ ထိုးအပ် လိုက်ပြီလား”ဖြစ်ပါတယ်။ တရုတ်အစိုးရကမြန်မာနိုင်ငံပြည်တွင်းရေးကိုနိုင်ငံခြားပယောဂတွေဝင်လာမှာ ဝင်ရောက် စွက်ဖက်တာကို လုံးဝလက်မခံဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိကပြောခဲ့သလို မင်းအောင်လှိုင် လုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကိုလည်း ထောက်ခံ အသိအမှတ်
မြန်မာသတင်း

လူထုခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြည်လုံးကျွတ် လူထုလှုပ်ရှားမှုပြုလုပ်ဖို့ နှိုးဆော်

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 20 Views
ဇွန်လ (၁၃)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြည်လုံးကျွတ် လူထုလှုပ်ရှားမှုပြုလုပ်ဖို့ နှိုးဆော်ထားတယ်လို့ People Movement Platform ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီပြည်လုံးကျွတ်လှုပ်ရှားမှုကို ဇွန်လ (၁၉)ရက်မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့