နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကရင်အမျိုးသားအစည်းအရုံး (KNU)) ဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်းကို ရွေးချယ်တင်မြှောက်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ (၁၇) ကြိမ်မြောက် ညီလာခံ ရွေးကောက်ပွဲကို ယနေ့ မေလ ၂ ရက်နေ့တွင် ဆက်လက်ကျင်းပရာ (၁၀) ဦးမြောက် ဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်းကို မဲပေးရွေးချယ်လိုက်ကြောင်း သိရသည်။


(၁၇) ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU) ညီလာခံကို ဧပြီလ ၂၄ ရက်နေ့မှစ၍ ကရင်နယ်မြေတစ်နေရာတွင် ကျင်းပခဲ့ရာ ခရိုင်၊ တပ်မဟာ (၇) ခုမှ ကိုယ်စားလှယ် ၁၀၀ ကျော်ပါ ဝင်တက်ရောက်ပြီး ကိုယ်စားလှယ် ၅၆ ဦး ဝင်ရောက်အရွေးကောက်ခံခဲ့ကြသည်ဟု သိရှိရသည်။ ခေါင်းဆောင် အသစ်များကို လျှိုဝှက်မဲပေးစနစ်ဖြင့် ပြန်လည် ရွေးချယ်ကြရာတွင် ယခင် ဒုဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သူ ပဒိုစောကွယ်ထူးဝင်းကို ဥက္ကဋ္ဌအဖြစ် ရွေးချက်ခဲ့ကြကြောင်း သိရှိရသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ညီလာခံကို တပ်မဟာ(၇) ခုစလုံးက ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး တောင်ငူခရိုင်၊ တပ်မဟာ (၂) နှင့် မူတြော်ခရိုင်၊ တပ်မဟာ (၅) မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ဆွေးနွေးမှုပြုခဲ့ကြသော်လည်း ခေါင်းဆောင်သစ်များကို ပြန်လည်ရွေးချယ် တင်မြောက်ရာတွင် ဝင်ရောက်မဲပေးခြင်းနှင့် ရွေးကောက်ခံခြင်း မပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

KNU စတင်ဖွဲ့စည်းချိန်မှစ၍ ဥက္ကဋ္ဌအဖြစ် ၁၉၄၇ ခုနှစ်တွင် စောစံဖိုးသင်မှ ပထမဦးဆုံး တာဝန်ယူခဲ့ပြီး ၁၉၄၇ ခုနှစ်မှ ၁၉၅၀ ခုနှစ်တွင် စောဘဦးကြီး၊ ၁၉၅၀ ခုနှစ်မှ ၁၉၅၃ ခုနှစ်တွင် စကောလယ်တော၊ ၁၉၅၃ ခုနှစ်မှ ၁၉၆၃ ခုနှစ်တွင် စောဟံတာသာမွေး၊ ၁၉၆၃ ခုနှစ်မှ ၁၉၇၅ ခုနှစ်တွင် မန်းဘဇန်၊ ၁၉၇၆ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ ဗိုလ်ချုပ်ကြီးစောဘိုမြ၊ ၂၀၀၀ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ပဒိုစောဘသင်စိန်၊ ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ဗိုလ်ချုပ်ကြီး စောတာမလာဘောနှင့် ၂၀၁၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဗိုလ်ချုပ်ကြီးစောမူတူးစေဖိုးတို့မှ အသီးသီး တာဝန်ယူခဲ့ပြီးနောက် ပဒိုစောကွယ်ထူးဝင်းအနေဖြင့် ၁၀ ဦးမြောက် KNU ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

KNU ဥက္ကဋ္ဌ ဖြစ်ခဲ့ဖူးသူများသည် အစဉ်အလာအရ စစ်ရေးအတွေ့အကြုံ ရှိသူများသာ ဖြစ်သော်လည်း ပဒိုစောကွယ်ထူးဝင်းသည် စစ်ရေးဘက်ကလာသူ မဟုတ်ဘဲ နိုင်ငံရေးဘက်ကလာသူ ဖြစ်သည့်အတွက် စစ်ရေးအတွေ့အကြုံ မရှိကြောင်း ကရင်အသိုင်းအဝိုင်းက ခေတ်မျက်လုံးကို ပြောပြသည်။

Source: KIC

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 140 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 122 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 112 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 105 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 86 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို