တရုတ်ရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ဆွေးနွေးပွဲကို ဇွန် ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားခဲ့တာပါ။
ဒါပေမယ့်အခုလက်ရှိမှာတော့ ဇွန်လ ၂ ရက် ဒုတိယမြောက်နေ့မှာပဲ ဆွေးနွေးပွဲရပ်တန့်သွားပြီ ဖြစ်ပါတယ်။
စစ်ကောင်စီ ဆွေးနွေးချင်တဲ့ အချက်တွေကို နားထောင်ရုံမျှသာ နားထောင်ပြီး မိမိတို့ဘက်က ပြန်လည်မဆွေးနွေးတဲ့အတွက် ဆွေးနွေးပွဲပျက်သွားခဲ့တာ ဖြစ်တယ်လို့ ဆွေးနွေးပွဲနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
အခုလို တွေ့ဆုံမှုဟာလည်း တရုတ်ရဲ့ ကြားဝင်စေ့စပ်ပေးမှုအပါအဝင် လက်ရှိ စစ်အာဏာရှင်တော်လှန်ရေးမှာ တရုတ်ရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးတာကြောင့် လက်ခံတွေ့ဆုံခဲ့ကြတာ ဖြစ်တယ်လို့ ပြောကြတာပါ။
ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့ စစ်တပ်က ဆွေးနွေးချင်တဲ့အချက်တွေနဲ့ ပတ်သက်ပြီး ပြန်လည်ဆွေးနွေးမှာ မဟုတ်ဘူးလို့ RFA သတင်း ဌာနကို ပြောထားပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဘက်က ဆွေးနွေးခဲ့တဲ့ အချက်တွေထဲမှာ ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးရေး၊ မတရားအသင်းကနေ ပယ်ဖျက်ပေးရေးနဲ့ ရခိုင်မှာ မုန်တိုင်းဒဏ်ခံနေရတဲ့ ပြည်သူတွေ အကူအညီတွေ အမြန်ဆုံးရရှိရေးတွေကိုပဲ ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီရဲ့ ကြေညာချက်ထဲမှာတော့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ စစ်တပ်တို့ ပထမနေ့က မပြီးပြတ်သေးတဲ့ ဆွေးနွေးချက်တွေကို ဇွန်လ ၂ ရက်နေ့မှာ ဆက်ပြီးဆွေးနွေးကြကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဟာ စစ်အာဏာရှင် စနစ်တိုက်ထုတ်ဖို့ အာဏာသိမ်းစစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့အဖွဲ့တွေနဲ့ ပူးပေါင်းသွားမယ်လို့ လည်း ထုတ်ပြန်ထားတာပါ။
Era’sEye/REF:RFA/Photo/CRD