နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်

အရှေ့တောင်အာရှ

အရှေ့တောင်အာရှ အာရှ

အိန္ဒိယနိုင်ငံတွင် ရထား (၃) စီး တိုက်မိ။

အိန္ဒိယနိုင်ငံအရှေ့ပိုင်း၊ အိုဒီရှာပြည်နယ်၊ ဘာလ်စာဝါတွင် စနေနေ့ညက ခရီးသည်တင်ရထားနှစ်စင်းနှင့် ကုန်တင်ရထား တစ်စီးတို့ တိုက်မိခဲ့ကြောင်း ပြည်နယ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ရထားတိုက်မှုကြောင့် အနည်းဆုံး လူ ၂၀၇ ဦး သေဆုံးပြီး ၉၀၀ ဒဏ်ရာရခဲ့ကြောင်း ပြည်နယ်၏ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီကို ကိုးကား၍ တာဝန်ရှိသူက Twitter လူမှုကွန်ရက်စာမျက်နှာတွင် ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားရာနေရာမှ ရုပ်ပုံများတွင် ကယ်ဆယ်ရေးသမားများက အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရန် ကြိုးပမ်းနေသည်ကို တွေ့မြင်ရသည်။ ဗီဒီယိုထဲတွင် တိမ်းမှောက်သွားသည့် ရထားတွဲများ လမ်းပေါ်တွင် ပြန့်ကျဲနေပြီး ပျက်စီးနေသည့် ရထားများပေါ်သို့ လူများတက်နေသည်ကို တွေ့ရသည်။

ဇွန်လ (၂) ရက်နေ့ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရေးပေါ် လူနာတင်ယာဉ် ၁၁၅ စီးနှင့် မီးသတ်တပ်ဖွဲ့ အများအပြား ပါဝင်ခဲ့သည်။

မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို မသိရသေးကြောင်းနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို အာရုံစိုက် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ပြည်နယ်အကြီးတန်းအရာရှိတစ်ဦးက CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘန်ဂဲလ်ပြည်နယ်၏ ဝန်ကြီးချုပ်က မတော်တဆမှုတွင် ပါဝင်သည့် ရထားတစ်စင်းမှာ ပြည်နယ်အတွင်းရှိ ခရီးသည်များကို တင်ဆောင်လာသော Coromandel Express ဖြစ်သည်ဟု Twitter တွင် ပြောကြားခဲ့သည်။

Coromandel Express သည် အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်း တစ်လျှောက် ပြေးဆွဲသည့် ရထားဖြစ်ပြီး အနောက်ဘန်ဂဲလ်မြို့တော်နှင့် အိန္ဒိယနိုင်ငံတောင်ပိုင်း ချန်နိုင်းတို့ကို ဆက်သွယ်ထားသည့်ရထား ဖြစ်သည်။

အိန္ဒိယ၀န်ကြီးချုပ်မိုဒီက ဝမ်းနည်းကြောင်းကို Twitter တွင် ဖော်ပြခဲ့သည်။ “ အိုဒီရှာမှာ ရထားတိမ်းမှောက်မှုကြောင့် ကျွန်တော် အလွန်စိတ်မကောင်း ဖြစ်မိပါတယ်။ ဝမ်းနည်းပူဆွေးနေတဲ့အချိန်မှာ ကျန်ရစ်သူမိသားစုတွေနဲ့ အတူရှိနေပါတယ်” “ ဒဏ်ရာရရှိသူများကို အမြန်ပြန်လည် ကျန်းမာလာစေရန် ဆုတောင်းနေကြောင်း” ၎င်းက ပြောကြားခဲ့သည်။ အခင်းဖြစ်ပွားရာနေရာသို့ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိပြီး ဒုက္ခသည်များ အတွက် ဖြစ်နိုင်သမျှ အကူအညီများ ပေးဆောင်ရန် ရည်ရွယ်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသည် အခြေခံအဆောက်အဦများ ဟောင်းနွမ်းနေပြီး မွန်းမံပြင်ဆင်မှု အားနည်းသည့် ရထားလမ်းများနှင့် နပမ်းလုံးနေရပြီး ယင်းအချက်များက ရထားမတော်တဆမှုများကို ဖြစ်ပွားစေသည်။

အိန္ဒိယနိုင်ငံမြောက်ပိုင်း Uttar Pradesh ပြည်နယ်တွင် ၂၀၁၆ ခုနှစ် ရထားလမ်းချော်မှု တစ်ခုကြောင့် လူပေါင်း ၁၄၀ ကျော် သေဆုံးခဲ့ပြီး မကြာသေးမီနှစ်များအတွင်း အဆိုးရွားဆုံးတစ်ခုဖြစ်သည်။ ဤမတော်တဆမှုကြောင့် သေဆုံးသူဦးရေသည် ယခင်ကိန်းဂဏန်းများကို ကျော်လွန်သွားပြီဖြစ်သည်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ် အာရှ

ဂျန်ဇီမျိုးဆက် (Gen Z) တော်လှန်ရေးအပြီး ပထမဆုံးရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် BNP ပါတီ အပြတ်အသတ်အနိုင်ရ၊ အုပ်ချုပ်သူဟောင်း၏သား ဝန်ကြီးချုပ် ဖြစ်လာတော့ မည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 70 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP)
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ဘုမ်ဂျပ်ထိုင်း (Bhumjaithai )ပါတီ အပြတ်အသတ် အသာစီးရ၊ ပြည်သူ့ပါတီ(People’s Party) ရှုံးနိမ့်ကြောင်း ဝန်ခံ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 49 Views
ဘန်ကောက်ပို့စ် — ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက် ဘုမ်ဂျပ်ထိုင်း (Bhumjaithai )ပါတီ ခေါင်းဆောင် အနူတင်က
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ခေတ်မျက်လုံးအထူးဆောင်းပါး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 95 Views
ထိုင်းနှင့်မြန်မာဒီမိုကရေစီတိုက်ပွဲ ဘယ်သူပန်းတိုင်အရင်ရောက်မလဲ? ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက် ထိုင်းရွေးကောက်ပွဲနှင့် People’s Party (ပြည်သူ့ပါတီ) ၏ အလားအလာ ထိုင်းရွေးကောက်ပွဲကို ဒီနေ့ဖေဖော်ဝါရီလ ၈ ရက် (တနင်္ဂနွေနေ့) တွင် ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ ကျင်းပမည် ဖြစ်သည်။
စင်ကာပူ နိုင်ငံတကာသတင်း အာရှ

လူတစ်ဦးနှင့် မိတ်ဆက်ပေးပါရစေ – သူသည် မိမိအိမ်ခေါင်မိုးပေါ်မှနေ၍ တရားမဝင် ရေနံတင်သင်္ဘောများကို စောင့်ကြည့်နေသူဖြစ်သည်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 180 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် အချို့သူများသည် အားလပ်ချိန်တွင် Netflix ကြည့်လေ့ရှိသော်လည်း ရယ်မီ အော့စ်မန်(Remy Osman) ကမူ ကမ္ဘာ့အလုပ်အရှုပ်ဆုံး ရေကြောင်းလမ်းတစ်ခုကို ဖြတ်သန်းပြီး တရားမဝင်ရေနံများ တင်ဆောင်လာသည့်
တရုတ် နိုင်ငံတကာသတင်း အာရှ

တရုတ်၏ စက်ရုပ်အားကစား ရူးသွပ်မှုမှတစ်ဆင့် လူသားတူစက်ရုပ်များ အိမ်တွင်းသို့ ရောက်ရှိလာနိုင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 188 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် ပေကျင်းမြို့ဆင်ခြေဖုံးရှိ မိုးလုံလေလုံ ဘောလုံးကွင်းတစ်ခုတွင် လူငယ်လုပ်ငန်းရှင် Cheng Hao တစ်ယောက် ထိုင်နေသည်။ သို့သော် ဤကွင်းသည် လူသားများအတွက်မဟုတ်ဘဲ သူ၏ “
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သတင်းပတ်အတော်ကြာ တိုက်ပွဲများဖြစ်ပွားပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေး သဘောတူညီ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 97 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၇ရက် သေဆုံးမှုများပြားခဲ့သည့် သီတင်းပတ်ပေါင်းများစွာကြာ နယ်စပ်တိုက်ပွဲများဖြစ်ပွားပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ချက်ချင်းအပစ်အခတ်ရပ်စဲရန် သဘောတူညီ လိုက် ကြောင်း ၎င်းတို့၏ ပူးတွဲကြေညာချက်တွင် စနေနေ့က ဖော်ပြခဲ့သည်။ နှစ်ဖက်စလုံးသည် တပ်ဖွဲ့ဝင်များ လှုပ်ရှားမှုအားလုံးကို
ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သုဝဏ္ဏဘူမိလေဆိပ်အနီးတွင် ဒရုန်းများနှင့်အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 105 Views
မြန်မာစစ်တပ်အတွက် ရည်ရွယ်သည်ဟု ဆိုသော တရုတ်နိုင်ငံထုတ် ဒရုန်း ၁၀ စီးကို လေဆိပ်အနီးရှိ ဟိုတယ်ခန်းတစ်ခုအတွင်း သိမ်းဆည်းရမိ Bangkok Post- ၂၀၂၅ခုနှစ်၊ဒီဇင်ဘာလ ၂၃ရက် သုဝဏ္ဏဘူမိလေဆိပ် (Suvarnabhumi Airport) အနီးတွင် ဒရုန်းများ ပျံသန်းနေကြောင်း
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်း- ကမ္ဘောဒီးယား ပဋိပက္ခ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 116 Views
ချောင်အန်မာနှင့် တာကွိုင်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး BM-21 ရော့ကတ်များဖြင့် ပစ်ခတ်မှုရှိနေကြောင်း ဒုတိယစစ်ဒေသက ထုတ်ပြန် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်၊ အင်္ဂါနေ့ ချောင်အန်မာ (Chong An Ma) ဧရိယာတွင်