နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇွန်လ 21 ရက်

အရှေ့တောင်အာရှ

အရှေ့တောင်အာရှ အာရှ

အိန္ဒိယနိုင်ငံတွင် ရထား (၃) စီး တိုက်မိ။

အိန္ဒိယနိုင်ငံအရှေ့ပိုင်း၊ အိုဒီရှာပြည်နယ်၊ ဘာလ်စာဝါတွင် စနေနေ့ညက ခရီးသည်တင်ရထားနှစ်စင်းနှင့် ကုန်တင်ရထား တစ်စီးတို့ တိုက်မိခဲ့ကြောင်း ပြည်နယ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ရထားတိုက်မှုကြောင့် အနည်းဆုံး လူ ၂၀၇ ဦး သေဆုံးပြီး ၉၀၀ ဒဏ်ရာရခဲ့ကြောင်း ပြည်နယ်၏ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီကို ကိုးကား၍ တာဝန်ရှိသူက Twitter လူမှုကွန်ရက်စာမျက်နှာတွင် ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားရာနေရာမှ ရုပ်ပုံများတွင် ကယ်ဆယ်ရေးသမားများက အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရန် ကြိုးပမ်းနေသည်ကို တွေ့မြင်ရသည်။ ဗီဒီယိုထဲတွင် တိမ်းမှောက်သွားသည့် ရထားတွဲများ လမ်းပေါ်တွင် ပြန့်ကျဲနေပြီး ပျက်စီးနေသည့် ရထားများပေါ်သို့ လူများတက်နေသည်ကို တွေ့ရသည်။

ဇွန်လ (၂) ရက်နေ့ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရေးပေါ် လူနာတင်ယာဉ် ၁၁၅ စီးနှင့် မီးသတ်တပ်ဖွဲ့ အများအပြား ပါဝင်ခဲ့သည်။

မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို မသိရသေးကြောင်းနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို အာရုံစိုက် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ပြည်နယ်အကြီးတန်းအရာရှိတစ်ဦးက CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘန်ဂဲလ်ပြည်နယ်၏ ဝန်ကြီးချုပ်က မတော်တဆမှုတွင် ပါဝင်သည့် ရထားတစ်စင်းမှာ ပြည်နယ်အတွင်းရှိ ခရီးသည်များကို တင်ဆောင်လာသော Coromandel Express ဖြစ်သည်ဟု Twitter တွင် ပြောကြားခဲ့သည်။

Coromandel Express သည် အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်း တစ်လျှောက် ပြေးဆွဲသည့် ရထားဖြစ်ပြီး အနောက်ဘန်ဂဲလ်မြို့တော်နှင့် အိန္ဒိယနိုင်ငံတောင်ပိုင်း ချန်နိုင်းတို့ကို ဆက်သွယ်ထားသည့်ရထား ဖြစ်သည်။

အိန္ဒိယ၀န်ကြီးချုပ်မိုဒီက ဝမ်းနည်းကြောင်းကို Twitter တွင် ဖော်ပြခဲ့သည်။ “ အိုဒီရှာမှာ ရထားတိမ်းမှောက်မှုကြောင့် ကျွန်တော် အလွန်စိတ်မကောင်း ဖြစ်မိပါတယ်။ ဝမ်းနည်းပူဆွေးနေတဲ့အချိန်မှာ ကျန်ရစ်သူမိသားစုတွေနဲ့ အတူရှိနေပါတယ်” “ ဒဏ်ရာရရှိသူများကို အမြန်ပြန်လည် ကျန်းမာလာစေရန် ဆုတောင်းနေကြောင်း” ၎င်းက ပြောကြားခဲ့သည်။ အခင်းဖြစ်ပွားရာနေရာသို့ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိပြီး ဒုက္ခသည်များ အတွက် ဖြစ်နိုင်သမျှ အကူအညီများ ပေးဆောင်ရန် ရည်ရွယ်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသည် အခြေခံအဆောက်အဦများ ဟောင်းနွမ်းနေပြီး မွန်းမံပြင်ဆင်မှု အားနည်းသည့် ရထားလမ်းများနှင့် နပမ်းလုံးနေရပြီး ယင်းအချက်များက ရထားမတော်တဆမှုများကို ဖြစ်ပွားစေသည်။

အိန္ဒိယနိုင်ငံမြောက်ပိုင်း Uttar Pradesh ပြည်နယ်တွင် ၂၀၁၆ ခုနှစ် ရထားလမ်းချော်မှု တစ်ခုကြောင့် လူပေါင်း ၁၄၀ ကျော် သေဆုံးခဲ့ပြီး မကြာသေးမီနှစ်များအတွင်း အဆိုးရွားဆုံးတစ်ခုဖြစ်သည်။ ဤမတော်တဆမှုကြောင့် သေဆုံးသူဦးရေသည် ယခင်ကိန်းဂဏန်းများကို ကျော်လွန်သွားပြီဖြစ်သည်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အာရှ ဥရောပ

နေတိုးပုံစံ ကာကွယ်ရေးသဘောတူစာချုပ်နှင့် ပုံရိပ်မြှင့်တင်ခြင်းနှင့်အတူ မြောက်ကိုရီးယားခရီးစဉ်မှ ပူတင် ဘာတွေရရှိခဲ့ပါသလဲ။

  • 2024 ခုနှစ်၊ ဇွန်လ 20 ရက်
  • 4 Views
CNN သတင်း။ ဇွန်လ (၂၀) ရက်။ ရာစုနှစ်၏ လေးပုံတစ်ပုံနီးပါးအတွင်း ဗလာဒီမီယာပူတင်၏ ပထမဆုံးမြောက်ကိုရီးယားခရီးစဉ်ကို ကမ္ဘာတဝှမ်းမှ အလေးထား စောင့်ကြည့်ခဲ့ကြသည်။
တရုတ် မြန်မာသတင်း အရှေ့တောင်အာရှ

တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ကင်းလှည့်ရေယာဥ် (၆) စီး ထောက်ပံ့

  • 2024 ခုနှစ်၊ ဇွန်လ 13 ရက်
  • 9 Views
++++++++++++++++++++++++++++++++++++++ ဇွန်လ (၁၃) ရက်။ တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံကို ကူညီထောက်ပံ့တဲ့အနေနဲ့ ကင်းလှည့်ရေယာဥ် (၆) စီးကို ဇွန် ၁၁
မြန်မာသတင်း အရှေ့တောင်အာရှ

ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် မယ်ပကျေးရွာအနီးရှိ စစ်ဆေးရေးဂိတ်တွင် ဘတ် (၁) သန်းခန့်တန်ဖိုးရှိ စစ်အသုံးအဆောင်ပစ္စည်းများ ဖမ်းဆီးရမိဟု ထိုင်းသတင်းတွေမှာ ဖော်ပြ

  • 2024 ခုနှစ်၊ ဇွန်လ 13 ရက်
  • 9 Views
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ ဇွန်လ (၁၃) ရက်။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ် မယ်ပကျေးရွာအနီးရှိ စစ်ဆေးရေးဂိတ်မှာ ဇွန်လ (၁၁) ရက်နေ့ ညနေက ဘတ်တစ်သန်းခန့် တန်ဖိုးရှိ စစ်အသုံးအဆောင်ပစ္စည်းတွေကို ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းတွေအရ သိရှိရပါတယ်။ ပြီးခဲ့တဲ့
မြန်မာသတင်း အရှေ့တောင်အာရှ

ခွန်းခမ်းဆေးရုံပေါ်မှ မြန်မာအလုပ်သမားကို ပစ်သတ်သူမှာ ထိုင်းရဲဖြစ်နေ

  • 2024 ခုနှစ်၊ ဇွန်လ 9 ရက်
  • 15 Views
ဇွန်လ (၉) ရက်။ ထိုင်းနိုင်ငံ၊ ခွန်းခမ်းမြိုရှိ ဆေးရုံတွင် ဆေးရုံတက်နေတဲ့ မြန်မာရွှေ့ ပြောင်းအလုပ်သမားကို ဇွန်လ ၆ ရက်နေ့က ပစ်သတ်ခဲ့သူမှာ ထိုင်းရဲတဦးဖြစ်ကြောင်း ဇွန် ၈ ရက်နေ့ထုတ် ဘန်ကောက်ပိုစ် သတင်းမှာ ဖော်ပြထားပါတယ်။
နိုင်ငံတကာသတင်း အာရှ

“ ကမ္ဘာ့အခက်ခဲဆုံး” ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေဆိုရန် ကျောင်းသား ၁၃ သန်း စံချိန်တင်

  • 2024 ခုနှစ်၊ ဇွန်လ 7 ရက်
  • 12 Views
ဇွန်လ (၇) ရက်။ တရုတ်နိုင်ငံတစ်ဝှမ်းရှိ အထက်တန်းကျောင်းသူကျောင်းသား အများအပြားသည် စီးပွားရေးနှေးကွေးမှုနှင့် ရုန်းကန်နေရသောတိုင်းပြည်တွင် ၎င်းတို့၏ အနာဂတ်ကို ဆုံးဖြတ်နိုင်သည့် အပြိုင်အဆိုင် ပြင်းထန်သော စာမေးပွဲကို စတင်ဖြေဆိုနေကြပြီ ဖြစ်သည်။ “ gaokao” ဟု လူသိများသော
မြန်မာသတင်း အရှေ့တောင်အာရှ

မြန်မာ့အရေး ထိုင်းအတွေး(၁၇)

  • 2024 ခုနှစ်၊ ဇွန်လ 7 ရက်
  • 8 Views
မြန်မာ့အရေး ထိုင်းအတွေး (၁၇) ခေတ်မျက်လုံးရဲ့ အပတ်စဉ်တင်ဆက်နေတဲ့ မြန်မာ့အရေး ထိုင်းအတွေး အစီအစဉ် ၁၇ ကို ခေတ်မျက်လုံးရဲ့ ပင်တိုင်တင်ပြသူ ထိုင်းအရေးကျွမ်းကျင်သူ ကိုစတီဗင်စန်းယုက ထိုင်းဝန်ကြီးချုပ်ဟောင်းတပ်ဆင်ရှင်နာဝပ်အနေနဲ့ သူ့ကို အာမခံနဲ့လွှတ်ထားတာကို ကတိဖောက်ဖျက်ပြီး နိုင်ငံရေးမှာ ထဲထဲဝင်ဝင်
အာရှ

အိန္ဒိယဝန်ကြီးချုပ် တတိယသက်တမ်းအတွက် မိုဒီ ထပ်မံရွေးကောက်ခံရ

  • 2024 ခုနှစ်၊ ဇွန်လ 6 ရက်
  • 18 Views
အိန္ဒိယဝန်ကြီးချုပ် တတိယသက်တမ်းအတွက် မိုဒီ ထပ်မံရွေးကောက်ခံရ +++++++++++++++++ အိန္ဒိယရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီးတဲ့နောက် ဝန်ကြီးချုပ် မိုဒီအနေနဲ့ ညွန့်ပေါင်းအစိုးရသစ်ကို တတိယသက်တမ်းအတွက် ဆက်လက်ဦးဆောင်ဖို့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့က ရွေးချယ်ခဲ့ကြတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲရလဒ်တွေကြေညာပြီးတဲ့နောက်မှာ လက်ရှိအိန္ဒိယဝန်ကြီးမိုဒီက “ ကျတော်တို့ အိန္ဒိယလူမျိုး​တွေဟာ
တောင်ကိုးရီးယား နိုင်ငံတကာသတင်း အာရှ

တောင်-မြောက် တင်းမာမှုတွေကြားက စိုးရိမ်ပူပန်နေရတဲ့ နယ်စပ်မြို့လေး

  • 2024 ခုနှစ်၊ ဇွန်လ 6 ရက်
  • 17 Views
တောင်-မြောက် တင်းမာမှုတွေကြားက စိုးရိမ်ပူပန်နေရတဲ့ နယ်စပ်မြို့လေး +++++++++++++++++ မြောက်ကိုရီးယားနယ်စပ်စည်းနားမှာဖွင့်လှစ်ထားတဲ့ ယွန်ဆိုဟွန်းရဲ့ တည်းခိုခန်းဟာ အထီးကျန်ဆန်တဲ့ မြောက်ကိုရီးယားကို ချောင်းကြည့်ဖို့ စိတ်အားထက်သန်နေတဲ့ ခရီးသွားတွေနဲ့ ပြည့်ကျပ်နေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် တောင်ကိုရီးယားရှေ့တန်းစစ်မြေပြင်နဲ့ 22 မိုင်သာ ကွာဝေးတဲ့