စစ်ကိုင်းမြို့နယ်မြောက်ခြမ်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းကို ဒေသတော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်ဟာ မိုင်းထိပြီးနောက်မှာ အထိနာတာကြောင့် ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။ မေလ (၂) ရက် နေ့လည် ၁ နာရီ အချိန်ကလည်း စစ်ကိုင်းမြို့နယ်၊ ပဒူကျေးရွာကလာတဲ့ စစ်ကားနှစ်စီးကို ဒေသကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်တာကြောင့် ထိခိုက်ပျက်စီးမှုများရှိကြောင်း၊ အထိနာသွား၍ ကျောက်ပနန်ရွာနဲ့ ရွာသစ်ကျေးရွာမှ နေအိမ်များ မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ကျေးရွာလေးရွာထက်မနည်း ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ သိရပါတယ်။
Era’sEye/(မေလတတိယပတ်မှစတင်ကာ စစ်ကောင်စီတပ်၏ ဝင်ရောက်ပစ်ခတ်မီးရှို့မှုကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ကိုင်းမြို့နယ် ပဒူကျေးရွာမှ ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)