အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ဆိုင်ကလုန်းမုန်တိုင်း “ မိုခါ” (MOCHA) ဒဏ်ကြောင့် ထိခိုက်ခံစားနေရသည့် ဒေသများရှိ လေဘေးသင့်ပြည်သူများအတွက် အရေးပေါ်စားနပ်ရိက္ခာ၊ အမိုးအကာ၊ Cyclone Emergency Preparedness Kits များ ထောက်ပံ့ပေးခြင်းအပါအဝင် အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် မုန်တိုင်းမကျရောက်မီအချိန်မှစ၍ (၂.၆.၂၀၂၃) ရက်နေ့အထိ ငွေကျပ်ပမာဏ (၂၃၈.၇) သန်းအား ထောက်ပံ့ကူညီထားပြီး ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
စာရင်းထုတ်ပြန်ချက်တွင် ချင်းပြည်နယ်မှ မြို့များဖြစ်သည့် ကန်ပက်လက်၊ ဟားခါး၊ တီးတိန်၊ မတူပီ (နိုတုန်ဒေသ) များ ရခိုင်ပြည်နယ်ထဲတွင် ပါဝင်နေကြောင်း တွေ့ရသည်။
ဓာတ်ပုံ။ NUG