ဒါက ဒီကနေ့ ညနေ ၃ နာရီဝန်းကျင်လောက်ကစပြီးတော့ စစ်ကောင်စီ တပ်တွေက ဝက်လက်မြို့နယ် ရွှေကျင်ကျေးရွာကို မီးရှို့ဖျတ်ဆီးနေတယ်လို့ ဒေသခံ ကာကွယ်ရေး အဖွဲ့တွေက ပြောပြနေတာပါ။
“၆ နာရီဝန်းကျင်လောက်က ဝင်တာဗျ ၇၀ လောက်တော့ ရှိတယ်ဗျ ၇၀၊ ၈၀ လောက်တော့ ခန့်မှန်းချေက ၃ နာရီလောက်ပေါ့”ဒီကနေ့ မနက်ပိုင်း ၆ နာရီလောက်က စပြီးတော့ စစ်ကောင်စီတပ်တွေ ကျေးရွာထဲကို ဝင်ရောက်ခဲ့ပြီးတော့ အခုလို မီးရှို့ဖျတ်ဆီးနေတာလို့ ဆိုပါတယ်။
“၃၀ ရက်နေ့က ထိုးလာပြီးတော့ ကျွန်တော်တို့နဲ့ စစ်ဖြစ်သေးတယ်လေ အဲဒီနေ့က လေယာဉ်ကြဲသွားတာ ရွှေညောင်တော် ဘုရားပေါ်မှာ သူတို့ ၁ ရက်နေ့က”ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က စတင်ပြီးတော့ စစ်ကောင်စီဘက်က ရွှေကျင်ကျေးရွာကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် ဒီလ ၁ ရက်နေ့မှာပဲ ရွှေညောင်တော်ဘုရားမှာ စစ်ကောင်စီ တပ်စွဲထားခဲ့ပြီးတော့ ဒီကနေ့လို မီးရှီု့ဖျတ်ဆီးနေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ တွေက ပြောပါတယ်။
Era’s Eye