စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်နယ်က စစ်ဘေးရှောင် (၁၀,၀၀၀) ကျော်ဟာ ဒီနေ့ထိ နေရပ်မပြန်နိုင်သေးဘူးလို့ တောင်သူဦးကြီးများအဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာကို ဇူလိုင် ၂၉ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၄၀ လောက်နဲ့ ဝင်ရောက်တပ်စွဲခဲ့တာကြောင့်အနီးပတ်ဝန်းကျင်မှာရှိတဲ့ တင့်တယ်ရွာ၊ ကျောက်မြင့်ရွာ၊ နံ့သာကုန်းရွာတွေက ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။
ရပ်ကွက် ၂၀ ကျော်နဲ့ လူဦးရေ ၄ ထောင်ကျော်ရှိတဲ့ ဆိပ်ခွန်ကျေးရွာမှာ ၂၀၂၂ ဖေဖော်ဝါရီလကတည်းက စစ်ကောင်စီတပ်တွေဟာ မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်လေ့ရှိပြီးနေမီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လကလည်း ဆိပ်ခွန်ရွာကို စစ်တပ်က လေကြောင်းကနေပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဒေသခံ ၂ ဦး သေဆုံးခဲ့ရပါသေးတယ်။
လက်ရှိမှာ စစ်ရှောင်ထဲက ၃ ပုံ ၁ ပုံလောက်ကို တောင်သူကြီးများအဖွဲ့က လက်ခံကျွေးထားတာဖြစ်ပြီး တနေ့ကိုဆန် ၁၀ တင်းလောက် ကုန်ကျနေတာမို့ တပ်ဖွဲ့အတွက် အခက်အခဲတွေ ဖြစ်လာတယ်လို့ သိရပါတယ်။
ရွှေဘိုမြို့နယ်က ပြည်သူတွေဟာ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက စစ်ရှောင်နေရပြီး လူဦးရေ ၄,၀၀၀ ခန့်ဟာ ဒီပဲယင်းမြို့နယ်က နေရာမျိုးစုံမှာ ပြောင်းရွှေ့နေထိုင်နေကြတာဖြစ်ပါတယ်။
Era’sEye\News