၂၀၂၃ ခုနှစ် ၊ ဩဂုတ်(၃)ရက် ၊ ခေတ်မျက်လုံး။
ဒီကနေ့ ဩဂုတ်လ (၃)ရက် မနက် (၈)နာရီအချိန်က ကနီမြို့ရဲစခန်းအတွင်း စခန်းမှူး ထွန်းမြင့်ရဲ့ မွေးနေ့ပွဲပြုလုပ်စဉ် မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ KLG PDF ထံက သိရပါတယ်။
ကနီမြို့ရဲစခန်းမှာ မွေးနေ့ပွဲပြုလုပ်စဉ် ယင်းမာပင်ခရိုင် တပ်ရင်း (၂၁)/(၂၂)/(၂၃)၊ KLG PDF(ကျောက်လုံးကြီး)က Shar Htoo Waw Drone နည်းပညာ(မောင်းသူမဲ့လေယာဉ်)နဲ့ ဗုံးသီး (၄)လုံး ကျဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးကျဲတိုက်ခိုက်ခံရတာကြောင့် စခန်းမှူး ထွန်းမြင့်နဲ့ နယ်ထိန်း ဆန်းဌေးတို့နှစ်ဦး သေဆုံးသွားပြီး မြို့နယ်မှူး၊ ရဲမေတစ်ဦးနဲ့ ရဲမိသားစုဝင် (၂)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုလိုမျိုး ဒရုန်းနဲ့ ဗုံးသီးကျဲချတိုက်ခိုက်နိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့လည်း နိုင်တဲ့အားလေးနဲ့ ဝိုင်းဝန်းအားဖြည့် ထောက်ပံ့ကူညီပေးကြဖို့ KLG PDF က မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။
#Era’sEye \News