နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

NCA လုပ်ငန်းစဉ် အားလုံးရပ်ဆိုင်းသွားပြီဖြစ်ကြောင်း ခိုင်ရဲခိုင် ဦးဆောင်သော ALP သဘောထားထုတ်ပြန်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လုပ်ငန်းစဉ်အားလုံး ရပ်ဆိုင်းသွားပြီဖြစ်ကြောင်းနဲ့ တိုင်းရင်းသားများ လိုလားတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဒီမိုကရေစီ နိုင်ငံတော်ဖြစ်လာမှာ မဟုတ်ဘူးလို့ ယုံကြည်ကြောင်း ခိုင်ရဲခိုင် ဦးဆောင်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အဖွဲ့က စက်တင် ဘာလ (၁) ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ALP အနေနဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုများနဲ့ လက်တွဲပြီး ရခိုင်ပြည်တွင်းရှိ တော်လှန်ရေး၊ နိုင်ငံရေးအင်အားစုများနှင့် အမျိုးသားညီညွတ်ရေးတည်ဆောက်ကာ မပြီးဆုံးသေးသော ရခိုင်ကြမ္မာ ရခိုင်ဖန်တီးနိုင်ရေး လက်နက်ကိုင်တော်လှန်ရေးကို ပန်းတိုင်အရောက် ဆက်လက်ချီတက်လျက် ရှိကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

အခုထုတ်ပြန်ချက်ထဲမှာ ALP က ခွဲထွက်သွားတဲ့ စောမြရာဇာလင်း အနေနဲ့ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးနေမှုဟာ ALP နဲ့ လုံးဝသက်ဆိုင်မှု မရှိကြောင်း ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် အကျိုးဆက်များအနေဖြင့် တစ်နိုင်ငံလုံး ဆန့်ကျင်ဆန္ဒပြမှုများနဲ့ လက်နက်စွဲကိုင်တော်လှန်မှုများ ပေါ်ပေါက်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနဲ့ CRPH၊ NUG ၊ NUCC စတဲ့ တော်လှန်ရေးအင်အားစုအသစ်များလည်း ပေါ်ထွက်လာခဲ့တယ်လို့ ဆိုပါတယ်။

NCA လက်မှတ်ရေးထိုးထားတဲ့ KNU၊ CNF အဖွဲ့အစည်းများနဲ့ NCA လက်မှတ်မထိုးရသေးတဲ့ KNPP နဲ့ KIO အပါအဝင် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းတွေဟာ NUG ၊ PDF တွေနဲ့ လက်တွဲပြီး စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရေးအတွက် လက်တွဲတိုက်ပွဲဝင်မှုကြောင့် နယ်မြေအမြောက် အများကို သိမ်းပိုက်ထားပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ရေးသားထားပါတယ်။

ALP အတွင်း စစ်တပ်က အာဏာသိမ်းပြီးနောက် ခေါင်းဆောင်များအကြား ရပ်တည်ချက်ချင်း ကွဲလွဲပြီး သဘောထား ကွဲလွဲမှုများဖြစ်ကာ နှစ်ဖွဲ့ကွဲသွားခဲ့ပါတယ်။

လက်ရှိ ALPပါတီဟာ ပါတီဥက္ကဋ္ဌ ခိုင်ရဲခိုင် ဦးဆောင်သောအဖွဲ့နဲ့ စောမြရာဇာလင်းတို့ ဦးဆောင်တဲ့ အဖွဲ့တို့ နှစ်ခြမ်းကွဲနေပြီး ခိုင်ရဲခိုင် ဦးဆောင်တဲ့အဖွဲ့ဟာအာဏာသိမ်း စစ်ကောင်စီအား မဟာမိတ်များနဲ့ လက်တွဲကာ ဆက်လက် တော်လှန်တိုက်ခိုက်နေပြီး စောမြရာဇာလင်း ဦးဆောင်သောအဖွဲ့မှာ NCA လမ်းကြောင်းကတဆင့် စစ်ကောင်စီနဲ့ ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 39 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 35 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 36 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 34 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 28 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 35 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 37 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 32 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို