နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 8 ရက်

1027 Operations

1027 Operations Burma Civil War

တိုင်းရင်းသားအချင်းချင်း ယုံကြည်မှုထားကာ ဆောင်ရွက်ခဲ့သော်လည်း တိုက်ခိုက်လာသဖြင့် တန်ပြန်ချေမှုန်းမှုများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်၊ ခေတ်မျက်လုံး။

နိုဝင်ဘာလ (၂) ရက်နေ့ နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌရုံးမှာ ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ တိုင်းရင်းသားအချင်းချင်း ယုံကြည်မှုထားကာ ဆောင်ရွက်ခဲ့ပေမယ့် တိုက်ခိုက်လာတဲ့အတွက် တန်ပြန်ချေမှုန်းမှုတွေ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ MNDAA၊ TNLA နဲ့ AA ပူးပေါင်းအဖွဲ့တွေက ကိုးကန့်ဒေသအတွင်း နယ်မြေလုံခြုံရေးစခန်းတွေနဲ့ ဌာနဆိုင်ရာ ရုံးဌာနတွေကို တိုက်ခိုက်လာမှုများရှိကြောင်း၊ အလားတူပဲ ကချင်ပြည်နယ်မှာလည်း လမ်းပန်းဆက်သွယ်ရေး၊ နယ်မြေလုံခြုံရေးစခန်းတွေကို တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် KIA အဖွဲ့အား နယ်မြေတည်ငြိမ်အေးချမ်းမှု ပျက်ပြားမှု မရှိစေရေး သတိပေးခဲ့ပေမဲ့ ၎င်းတို့အနေဖြင့် အင်အားအလွန်အကျွံ သုံးပြီး လုံခြုံရေးစခန်းတွေကို တိုက်ခိုက်ခဲ့တာကြောင့် မိမိတို့အနေဖြင့် လုံခြုံရေးအရ ပြန်လည်ဆောင်ရွက်ခဲ့ရကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ရှစ်နှစ်မြောက် နှစ်ပတ်လည်နေ့ကလည်း ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ကို လေးစားလိုက်နာမည်ဆိုပါက ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ပြောကြားပြီးဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း ဆောင်ရွက်လျှက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

ဆွေးနွေးတဲ့အချိန်မှာ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများ ဆောင်ရွက်နိုင်ခဲ့ပေမယ့် ၎င်းတို့အနေနဲ့ တိုက်ခိုက်မှုများအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တိုင်းရင်းသားအချင်းချင်း ယုံကြည်မှုထားကာ ဆောင်ရွက်ပေးခဲ့ကြောင်း၊ သို့သော် မိမိတို့အပေါ် တိုက်ခိုက်မှုများ ဆောင်ရွက်လာခြင်းကြောင့် မိမိတို့အနေဖြင့် တန်ပြန်ချေမှုန်းမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌက အဲ့လို ပြောကြားခဲ့ပေမဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့က စစ်ကောင်စီက ပြုလုပ်ခဲ့တဲ့ (NCA) ရှစ်နှစ်မြောက် နှစ်ပတ်လည်နေ့ကို တက်ရောက်ခြင်း မရှိခဲ့ပါဘူး။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်၊ မော်တော်ယာဉ်တွေနဲ့ အဆောက်အဦအချို့ ထိခိုက်ပျက်စီးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 8 ရက်
  • 3 Views
စက်တင်ဘာလ (၈)ရက်။ ဒီကနေ့ နံနက်အစောပိုင်းအချိန်က လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး (၂)ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့
1027 Operations မြန်မာသတင်း

လားရှိုးမြို့ရှိ အရေးပေါ်နေရာတွေနဲ့ စက်ရုံအချို့မှာ လျှပ်စစ်ဓါတ်အားပြန်လည်ရရှိ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 5 Views
စက်တင်ဘာလ (၇)ရက်။ မနေ့က ညနေပိုင်းကစပြီး လားရှိုးမြို့ရှိ အရေးပေါ်လိုအပ်နေတဲ့ အများသူငှာနေရာတွေနဲ့ စက်ရုံအချို့မှာ လျှပ်စစ်ဓါတ်အား ပြန်လည်ရရှိပြီဖြစ်တယ်လို့ MNDAA ရဲ့
1027 Operations မြန်မာသတင်း

တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ နမ့်ခမ်းမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ (၁၁)ဦးအထိသေဆုံးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 11 Views
စက်တင်ဘာလ (၆)ရက်။ ဒီကနေ့ နံနက် (၁)နာရီခွဲအချိန်က နမ့်ခမ်းမြို့ကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့(TWO)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ပထမတော့ လေယာဉ်သံမကြားရဘူး၊ ပစ်လိုက်တဲ့အချိန်မှ ကြားရတာ။ (၂)ခါလာပစ်သွားတယ်။ ညဈေးတန်းအနောက်နားနဲ့
1027 Operations မြန်မာသတင်း

သီပေါမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ဒေသခံ (၂၄)ဦး သေဆုံးပြီး (၆၄)ဦးထက်မနည်း ဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 5 ရက်
  • 13 Views
စက်တင်ဘာလ (၅)ရက်။ ဩဂုတ်လ (၁)ရက်နေ့ကစပြီး ဒီကနေ့အထိ သီပေါမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ဒေသခံ (၂၄)ဦးသေဆုံးပြီး (၆၄)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သီပေါမြို့နယ်မှာ စစ်ကောင်စီက အရပ်သားပြည်သူတွေရှိရာကို
1027 Operations မြန်မာသတင်း

စစ်ကောင်စီထံကနေ သိမ်းဆည်းရရှိခဲ့တဲ့ သံချပ်ကာကားတွေနဲ့ တိုက်ပွဲ၀င်နေတဲ့ ရုပ်သံမှတ်တမ်း TNLA ထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 5 ရက်
  • 15 Views
စက်တင်ဘာလ (၅)ရက်။ စစ်ကောင်စီထံကနေ သိမ်းဆည်းရရှိခဲ့တဲ့ သံချပ်ကာကားတွေနဲ့ ကျောက်မဲနဲ့ နောင်ချိုမြို့၊ တောင်ခမ်းနဲ့ တောင်ရှည်ကျေးရွာအုပ်စုမှာ တိုက်ပွဲ၀င်နေတဲ့ ရုပ်သံမှတ်တမ်းကို TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စက်တင်ဘာလ ပထမအပတ်ထဲ TNLA စစ်ဦးစီးမှူး
1027 Operations မြန်မာသတင်း

တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ မန်တုံမြို့ကို စစ်ကောင်စီက ပေါင်(၃၀၀)ဗုံးနဲ့ (၂)ကြိမ်တိုက်ခိုက်ခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 4 ရက်
  • 13 Views
စက်တင်ဘာလ (၄)ရက်။ မနေ့က ည (၁၀)နာရီ (၄၅)မိနစ်အချိန်မှာ မန်တုံမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀)ဗုံး (၂)ကြိမ် လာရောက်ကြဲချခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့(TWO)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဗုံးချတဲ့နေရာက အောင်ချမ်းသာနဲ့မြို့မကြားက
1027 Operations မြန်မာသတင်း

မြောက်ပိုင်းညီနောင် (၃) ဖွဲ့ကို စစ်ကောင်စီက အကြမ်းဖက်အုပ်စုအဖြစ် ကြေညာ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 3 ရက်
  • 23 Views
စက်တင်ဘာလ (၂) ရက်။ ရှမ်းမြောက်နဲ့ ရခိုင်ပြည်နယ်တို့မှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်တဲ့ MNDAA,TNLA နဲ့ AA တိုကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာသတ်မှတ်ကြောင်း စစ်ကောင်စီရဲ့ အကြမ်းဖက်နှိမ်နင်းရေးဗဟိုအဖွဲက ဒီနေ့ စက်တင်ဘာ
1027 Operations မြန်မာသတင်း

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လားရှိုးမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ စာသင်ကျောင်းနဲ့ လူနေအဆောက်အအုံ ထိမှန်ပျက်စီးခဲ့

  • 2024 ခုနှစ်၊ ဩဂုတ်လ 31 ရက်
  • 15 Views
ဩဂုတ်လ (၃၁)ရက်။ မနေ့က ည (၈)နာရီခွဲအချိန်မှာ လားရှိုးမြို့ကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ လားရှိုးမြို့ပြန်လည်ထူထောင်ရေးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၈)နာရီ (၄၅)မိနစ်လောက်မှာ စကစက လေကြောင်းနဲ့