နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေး၏ တရားစီရင်မှု အဖြစ်မှန်

CNN သတင်းဆောင်းပါးကို ခေတ်မျက်လုံးက ဘာသာပြန်သည်။

(အယ်ဒီတာမှတ်ချက်။ အစ္စရေးလက်အောက်ရှိ ပါလက်စတိုင်းလူမျိုးများကို တရားမျှတမှု မရှိဘဲ ဖမ်းဆီးထိန်းသိမ်းပြီး အစ္စရေးတို့က စစ်ခုံရုံးနှင့်သာ တရားစီရင်ကြောင်း CNN က ထုတ်လွှင့်သည့် ရုပ်သံသတင်းဆောင်းပါးကို အခြေခံပြီး ဘာသာပြန်ထားပါသည်။)

ပါလက်စတိုင်းလူမျိုး ဖာတီမာရှာဟင် (Fatima Shahin) အသက် ၃၃ နှစ်ဟာ အစ္စရေးအကျဉ်းထောင်ထဲမှာ လပေါင်းများစွာ နေခဲ့ရပါတယ်။ ရှာဟင်ဟာ အနောက်ဘက်ကမ်းမှာ အစ္စရေးတွေကို သတ်ဖို့ ကြိုးစားခဲ့တယ်လို့ အစ္စရေးအာဏာပိုင်တွေက ကနဦး အခိုင်အမာ ပြောဆိုခဲ့ပေမယ့် သူ့ကို ဘယ်တုန်းကမှ စွဲချက်မတင်ခဲ့ပါဘူး။

အနောက်ဘက်ကမ်းရှိ ဘက်သဲလ်ဟမ် (Bethlehem) မြို့ကနေ နိုဝင်ဘာလ (24) ရက်နေ့မှာ ရှာဟင်ကို အစ္စရေးက ပြန်လွှတ်ပေးခဲ့ပါတယ်။ အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား သဘောတူညီချက်အရ အစ္စရေးဓားစာခံများ လဲလှယ်တဲ့အခါ လွတ်မြောက်လာသူ ပါလက်စတိုင်း ၃၉ ဦးထဲမှ တစ်ဦး ဖြစ်ပါတယ်။

နိုဝင်ဘာလ(၂၉) ရက်နေ့အထိ အစ္စရေးက ဖမ်းဆီးထားတဲ့ ပါလက်စတိုင်း ၁၈၀ ကို ပြန်လွှတ်ပေးခဲ့ပြီး ဟားမတ်စ်က ဓားစာခံ (၈၁) ယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

လွတ်မြောက်လာသူ ပါလက်စတိုင်း ၁၈၀ အနက် ၁၂၈ ဦးဟာ ရှာဟင်လိုပဲ တရားစွဲခံရခြင်းမရှိဘဲ အကျဉ်းချခံခဲ့ရပြီး သူတို့ကို ဘာခုခံကာကွယ်ခွင့်မှ မပေးခဲ့ပါဘူး။ တချို့ဆို ဘာကြောင့် အဖမ်းခံရတယ်ဆိုတာတောင် အစ္စရေးဘက်က မပြောပါဘူး။

အဲ့ဒီ ပါလက်စတိုင်းလူမျိုးတွေဟာ အစ္စရေးနိုင်ငံရဲ့ စစ်ဘက်တရားစီရင်ရေးစနစ်အောက်မှာ အကျဉ်းချခံခဲ့ရပြီး အဲ့ဒီပါလက်စတိုင်းတွေကို တရားစီရင်ခြင်း ဒါမဟုတ် စွဲချက်တင်ခြင်း မရှိဘဲ အကန့်အသတ်မရှိ ထိန်းသိမ်းထားခဲ့ပါတယ်။

အစ္စရေးဟာ အနောက်ဘက်ကမ်းကို ၁၉၆၇ ခုနှစ်တွင် သိမ်းယူပြီးကတည်းက မတူညီသော တရားစီရင်ရေးစနစ်နှစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီနေရာမှာ ပါလက်စတိုင်းတို့ကို အစ္စရေးရဲ့ စစ်ခုံရုံးစနစ်နဲ့ တရားစီရင်ပြီး အစ္စရေးစစ်တပ်ကသူတွေက တရားသူကြီးနဲ့ အစိုးရရှေ့နေများအဖြစ် ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဂျူးအခြေချနေထိုင်သူမတွေကိုတော့ အရပ်သားတရားရုံးတွေလက်အောက်မှာတရားစီရင်သွားပါတယ်။

ရှာဟင်က သူထောင်ကျနေချိန်အတွင်း ရှေ့နေတစ်ဦးနဲ့ တွေ့ဆုံခွင့် ဒါမဟုတ် မိသားစုနဲ့ စကားပြောခွင့် မပြုခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ရှာဟင် အဖမ်းခံရချိန်မှာ အပြင်းအထန်ပြီး ဒဏ်ရာ ရရှိခဲ့ပါတယ်။

“ တစ်ယောက်ယောက်ကို ဓားနဲ့ထိုးတယ်လို့ စွပ်စွဲတာတော့ မမှန်ပါဘူး။ သူတို့က ကျွန်မကို သေနတ်နဲ့ပစ်တယ်။ ကျောရိုးကို နှစ်ကြိမ် အပစ်ခံရပြီး ခန္ဓာကိုယ်အောက်ပိုင်း သေသွားတယ်။ ခြေထောက်မှာ ဘာခံစားမှုမှ မရှိတော့ဘူး” လို့ ရှာဟင်က ပြောခဲ့ကြောင်း CNN က ဖော်ပြထားပါတယ်။

သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် လွတ်မြောက်လာတဲ့ အကျဉ်းသားတွေဟာ လူသတ်မှု ကျူးလွန်ရန် ကြိုးပမ်းမှု၊ ကျူးလွန်မှု၊ ဖောက်ခွဲရေး ပစ္စည်းများ ပစ်ပေါက်ခြင်း အပါအဝင် ကြီးလေးသော ရာဇ၀တ်မှုများအတွက် ထောင်ဒဏ်များ ကျခံနေရကြောင်း အစ္စရေးတည့်မတ်ရေးဝန်ဆောင်မှုက ပြောကြားခဲ့တယ်လို့ CNN က ဖော်ပြထားပါတယ်။ ဒါပေမဲ့ အစ္စရေး အာဏာပိုင်တွေက CNN ကို ပေးခဲ့တဲ့ အချက်အလက်တွေအရ အများစုဟာ စွဲချက်တင်ခြင်း ဒါမှမဟုတ် ပြစ်ဒဏ်ချမှတ်ခြင်း မခံရကြောင်း ပြသနေတယ်လို့ CNN က ရေးသားထားပါတယ်။

ယာယီအပစ်အခတ်ရပ်စဲရေး အသက်မဝင်မီတွင် အစ္စရေးတရားရေးဝန်ကြီးဌာနက ဓားစာခံအဖြစ် ပြန်လွှတ်ပေးမယ့် ပါလက်စတိုင်း ၃၀၀ စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ စာရင်းမှာ ပါဝင်သူ အများစုဟာ စွဲချက်တင်ခြင်း ဒါမှမဟုတ် ပြစ်ဒဏ်ချမှတ်ခြင်း မရှိခဲ့ပါဘူး။

အဲ့ဒီ ပါလက်စတိုင်းတွေကို “ အစ္စရေးရဲ့ အုပ်ချုပ်ရေး ထိန်းသိမ်းမှု” အောက်မှာ ထိန်းသိမ်းထားပါတယ်။ လုံခြုံရေးအကြောင်းပြချက်နဲ့ အစ္စရေးအာဏာပိုင်တွေက ပါလက်စတိုင်းတွေကို အကန့်အသတ်မရှိ ထိန်းသိမ်းထားနိုင်ပြီး သက်သေအထောက်အထားတွေကို လူသိရှင်ကြား ထုတ်ပြန်မှာ မဟုတ်ဘူးလို့လည်း CNN က ဖော်ပြခဲ့ပါတယ်။

အစ္စရေးရဲ့ စနစ်အောက်မှာ ထိန်းသိမ်းခံထားရသူ အများအပြားဟာ သက်သေအထောက်အထားမရှိဘဲ ဘာကြောင့် အဖမ်းခံရတယ်ဆိုတဲ့ အကြောင်းရင်းမသိဘဲ ဖမ်းဆီးချုပ်နှောင်ခံနေရတာ ဖြစ်တယ်လို့ CNN က ဖော်ပြခဲ့ပါတယ်။

ဒါကြောင့် ချုပ်နှောင်ခံထားရသူတွေကို ခိုကိုးရာမဲ့ ခံစားရစေတယ်၊ ​​သူတို့ကို ဘယ်လိုစွပ်စွဲနေမှန်း မသိ၊ သက်သေပြဖို့ နည်းလမ်းမရှိဘူး၊ ဘယ်တော့ ပြန်လွတ်လာမယ်ဆိုတာ မသိကြဘူး၊ စွဲချက်တင်ခံရရင် ဒါမှမဟုတ် ရုံးတင်စစ်ဆေးမယ်ဆိုပါက စီရင်ချက်ချမှာလည်း မဟုတ်ဘူးလို့ အစ္စရေးလူ့အခွင့်အရေးအဖွဲ့အစည်း B’Tselem က ရှင်းပြပါတယ်။

အစ္စရေးဥပဒေအရ စီမံခန့်ခွဲရေးထိန်းသိမ်းမှုသည် ခြောက်လထက်မပိုဘဲ ထိန်းသိမ်းထားနိုင်ပေမယ့် ဒီကန့်သတ်ချက်ကို အကြိမ်အရေအတွက်အလိုက် သက်တမ်းတိုးနိုင်တယ်လို့ ဆိုပါတယ်။

အစ္စရေး ပြုပြင်ရေးဌာနမှ B’Tselem မှရရှိသော အချက်အလက်များအရ စက်တင်ဘာလအထိ ပါလက်စတိုင်း ၁၃၀၀ ကျော်အား အုပ်ချုပ်ရေးဆိုင်ရာ ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားပြီး ခန့်မှန်းခြေ ထက်ဝက်ခန့်ဟာ ခြောက်လကျော် ထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံ ပါလက်စတိုင်းကလေးများ

++++++++++++++++++++

နောက်ဆုံး ဓားစာခံ လဲလှယ်မှုအတွင်း အစ္စရေးဘက်က အသက် ၁၈ နှစ်အောက် ကလေးတွေကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ထုတ်ဖော်ပြသခဲ့တဲ့အတွက် ကမ္ဘာက အာရုံစိုက်ခံရပြီး ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

အစ္စရေး ပြုပြင်ရေး ဝန်ဆောင်မှုသည် စက်တင်ဘာလအထိ လုံခြုံရေးအရ ပါလက်စတိုင်းလူမျိုး အရွယ်မရောက်သေးသူ ၁၄၆ ဦးကို ထိန်းသိမ်းထားတယ်လို့ B’Tselem က ပြောပါတယ်။

ဒီဓားစာခံလဲလှယ်မှုမှာ လွတ်မြောက်လာတဲ့ အရွယ်မရောက်သေးသူအများစုဟာ အသက် ၁၆ နှစ်နဲ့ ၁၈ နှစ်ကြားတွေ ဖြစ်ပါတယ်။ လွတ်မြောက်လာသူစာရင်းမှာ အသက် ၁၄ နှစ်အရွယ် ငါးဦးနဲ့ အသက် ၁၅ နှစ်အရွယ် ခုနစ်ဦး ပါဝင်ပါတယ်။

မာလက်(ခ) ဆာလ်မန် (Malak Salman) ဟာ အစ္စရေးရဲအရာရှိတစ်ဦးကို ဓားနဲ့ထိုးရန်ကြိုးစားမှုအတွက် ၂၀၁၆ ခုနှစ်မှာ ဂျေရုဆလင်မှာ ဖမ်းဆီးခံခဲ့ရတဲ့အချိန်က အသက် ၁၆ နှစ် သာရှိပြီး အဲ့ဒီရဲအရာရှိဟာ ထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း အစ္စရေး အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် မာလက်(ခ) ဆာလ်မန် ဟာ လူသတ်မှု ကျူးလွန်ရန် ကြိုးပမ်းမှုတွင် အပြစ်ရှိကြောင်း တွေ့ရှိပြီး ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရာပါတယ်။ အယူခံဝင်ရာမှာ ထောင်ဒဏ် တစ်နှစ် လျှော့ချပေးခဲ့ပါတယ်။

မာလက် (ခ) ဟာ ပြစ်ဒဏ် ကိုးနှစ်မှာ ရှစ်နှစ်ကြာ ထောင်ကျခံရပြီးနောက် နိုဝင်ဘာလ (၂၄) ရက်နေ့မှာ ပြန်လည် လွတ်မြောက်လာပြီး ဂျေရုဆလင်မှာ သူ့မိသားစုနှင့် ပြန်လည် ဆုံစည်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့မိသားစုဟာ သူလွတ်မြောက်လာတာကို ဂုဏ်ပြုခွင့် မရခဲ့ပါဘူး။

“ အစ္စရေး အာဏာပိုင်တွေက နေ့လည် ၂ နာရီ ကတည်းက ကျမတို့ အိမ်ကို ဝိုင်းရံထားတဲ့ အလှဆင်ပစ္စည်းတွေအားလုံးကို ဖြုတ်သွားပါတယ်။ သမီးလေး လွတ်မြောက်လာလို့ ဝမ်းသာတာကိုတောင် ဓါးပြတိုက် ခံခဲ့ရပါတယ်” လို့ ဆာလ်မန်ရဲ့ မိခင် ဖာတီမာ ဆာလ်မန်က CNN ကို ပြောကြားထားပါတယ်။

အမျိုးသားလုံခြုံရေးဝန်ကြီး Bengbir က ပါလက်စတိုင်းလွတ်မြောက်ရေးနဲ့ပတ်သက်တဲ့ အခမ်းအနားတွေကို အစ္စရေးက ပိတ်ပင်လိုက်ပြီး “ ဝမ်းမြောက်ကြောင်း ဖော်ပြတာဟာ အကြမ်းဖက်ဝါဒကို အထောက်အပံ့ ဖြစ်စေတယ်” “ အောင်ပွဲဆင်နွှဲခြင်းဟာ အဲ့ဒီလူသားအစွန်းအထင်းတွေအတွက် ခွန်အားဖြစ်စေတယ်” ဟု ပြောကြားခဲ့ပါတယ်။ Bengbir သည် အာရပ်များအပေါ် လူမျိုးရေးအရ ခွဲခြားဆက်ဆံရန် လှုံ့ဆော်မှုနဲ့ အကြမ်းဖက်အဖွဲ့အစည်းကို ပံ့ပိုးကူညီမှုဖြင့် အရင်က အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသရှိ နိုင်ငံသားများ စည်းလုံးညီညွတ်မှုပြသခြင်းနဲ့ ကိုရမ်ကျမ်းပိုဒ်များကို ဆိုရှယ်မီဒီယာပေါ်တွင် တင်ခြင်းစတဲ့ အကြောင်းပြချက်တွေနဲ့ ပါလက်စတိုင်းတွေကို အစ္စရေးရဲတပ်ဖွဲ့က အောက်တိုဘာ ၇ ရက်နေ့ကစတင်ပြီး ဖမ်းဆီးတာတွေ ပြုလုပ်နေပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 22 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 23 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 27 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 32 Views
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ) ပတ်ထားသည့် လူငယ်တစ်ဦးသည် သူ၏ AK-47 ရိုင်ဖယ်ကို တစ်စစီဖြုတ်ကာ ကျောက်ဆောင်ထူထပ်သည့် မြေပြင်ပေါ်တွင်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန် အီတလီ

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုမှုကြောင့် လူထုဒေါသထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်တပ်ဖွဲ့ဝင်များကို ထရမ့် ချီးကျူးစကားဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 35 Views
CNN- ဇန်နဝါရီ ၂၅၊ ၂၀၂၆ ဝါရှင်တန် ဒီစီ နှင့် လန်ဒန်မြို့ — အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှု များကို လျှော့ချပြောဆိုခဲ့သည့် ၎င်း၏ မှတ်ချက်များအပေါ် လူထုဒေါသ အပြင်းအထန် ထွက်ပေါ်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ