နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

သမတအခန်းထဲ – ထရမ့်နှင့် မမ်ဒါနီတို့၏ တွေ့ဆုံမှုအတွင်း ဘာတွေဖြစ်ပျက်ခဲ့သလဲ

CNN- ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်

သူတို့သည် အိမ်ခြံမြေအကြောင်း ပြောဆိုခဲ့ကြသည်၊ ရှုပ်ထွေးသော ဇုန်သတ်မှတ်ရေး စည်းမျဉ်းများကို ငြင်းခုံခဲ့ကြသည်၊ ထို့ပြင် လျှပ်စစ်ဓာတ်အား ခအနူန်းများကို လျှပ်စစ် လုပ်ငန်းကြီး တစ်ခုမှ မည်သို့ လျှော့ချစေမည်ကို အလေးအနက် စဉ်းစားကြသည်။

ထို့နောက် အမေရိကန်၏ အကြီးဆုံးမြို့၌ အိမ်ရာများ ဆောက်လုပ်ရန် မည်သို့ လိုအပ် ကြောင်းနှင့် ရပ်ကွက်ငါးခု၏ ကျန်းမာရေးသည် လမ်းများပေါ်ရှိ ဘေးကင်းလုံခြုံမှုအပေါ် မည်သို့ မှီခိုနေသည်ကို ပြောဆိုကြသည်။

အထက်ပါအကြောင်းအရာများသည် နယူးယောက်မြို့တော်ဝန်အဖြစ် ရွေးကောက်ခံရသူ ဇိုရန် မမ်ဒါနီ (Zohran Mamdani) နှင့် သမ္မတ ဒေါ်နယ်လ် ထရမ့် (Donald Trump) တို့ ပြီးခဲ့သည့် သီတင်းပတ်က အိမ်ဖြူတော်၌ တစ်နာရီနီးပါး ကြာမြင့်ခဲ့သော တွေ့ဆုံမှုအတွင်း ဆွေးနွေးခဲ့သည့် အကြောင်းအရာအချို့ ဖြစ်ပါသည်။

သောကြာနေ့တွင် တွေ့ဆုံရန်အတွက် ဝါရှင်တန်ဒီစီသို့ ရောက်ရှိလာသည့် မမ်ဒါနီသည် ၎င်း၏ ထိပ်တန်း အကြံပေးသုံးဦးဖြစ်သည့်၊ အကြီးတန်းအကြံပေး မောရစ်ဇ် ကတ်ဇ် (Morris Katz)၊ စာနယ်ဇင်းအတွင်းရေးမှူး ဒိုရာ ပီကက် (Dora Pekec) နှင့် ၎င်း၏ အကြီးအကဲဝန်ထမ်း အဲလ် ဘစ်ဂတ်-ချာ့ချ် (Elle Bisgaard-Church) တို့နှင့်အတူ အိမ်ဖြူတော်၏ အနောက်ဘက်ဆောင် (West Wing) မှတစ်ဆင့် ဝင်ရောက်လာကြောင်း အစည်းအဝေးနှင့် ရင်းနှီးသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဘဲဥပုံရုံးခန်း (Oval Office) ထဲသို့ နောက်ဆုံး ဝင်ရောက်ရန် အချိန်ရောက်သောအခါ ဘစ်ဂတ်-ချာ့ချ် တစ်ဦးတည်းကိုသာ ဖိတ်ခေါ်ခဲ့သည်။ အတွင်းတွင် ထရမ့်နှင့် ၎င်း၏ အကြီးအကဲဝန်ထမ်း ဆူဇီ ဝိုင်းစ် (Susie Wiles) တို့ ရှိနေသည်။

“ကျွန်တော်တို့ရဲ့ စကားဝိုင်းဟာ နယူးယောက်မြို့အပေါ် အဓိကအာရုံစိုက်ထားခဲ့ပြီး၊ အဲဒါဟာ နှစ်ဦး နှစ်ဖက် စိတ်ဝင်စားတဲ့ အချက်တစ်ခုလို့ ကျွန်တော် ထင်ပါတယ်။” ဟု မမ်ဒါနီက တနင်္ဂနွေနေ့ တွင် CNN သို့ ပြောသည်။ “ကျွန်တော်တို့ နှစ်ဦးစလုံးက အိမ်လို့ ခေါ်ဝေါ်တဲ့ မြို့ အပေါ် နှစ်ဦးနှစ်ဖက် ချီးကျူးလေးစားတဲ့ အချက်ဖြစ်ပြီး၊ အလုပ်သမားပြည်သူတွေ တစ်ချိန်က ရှိခဲ့ဖူးတဲ့ မြို့ဟာပြတိုက်တစ်ခုလို ဖြစ်လာတော့မယ့် အန္တရာယ်ရှိနေပါတယ်”။

ထို့နောက် အဆိုပါ တွေ့ဆုံမှုသည် လေ့လာကြည့်ရှုသည့် ခရီးစဉ်တစ်ခုအဖြစ်သို့ ပြောင်းလဲ သွားပြီး ထရမ့်က မမ်ဒါနီကို ယခုအခါ ကွန်ကရစ်ခင်းထားသော နှင်းဆီပန်းခြံ(Rose Garden) ကို မျှော်ကြည့် ရသည့် အစိုးရအဖွဲ့ အစည်းအဝေး ခန်းမ (Cabinet Room) သို့ ခေါ်ဆောင် သွားခဲ့သည်။ အဆိုပါ အခန်းသည် ဖရန်ကလင် ဒီ ရုစဗဲ့ (Franklin D. Roosevelt) ၏ သမ္မတ ပုံတူ ပန်းချီ ကား တည်ရှိရာလည်း ဖြစ်သည်။ မမ်ဒါနီနှင့် ထရမ့်တို့သည် ပန်းချီကားရှေ့တွင် ဓာတ်ပုံရိုက် ခဲ့ကြသည်။

ထရမ့်က ပြုံးပြပြီး သူလုပ်နေကျ လက်မထောင်ပြသည့် ၎င်း၏ ပုံစံဖြင့် ဓာတ်ပုံအရိုက်ခံခဲ့သည်။ မမ်ဒါနီကမူ လက်နှစ်ဖက်ကို ယှက်ထားပြီး မှုန်ပျပျ ပြုံးပြ ခဲ့ရာ၊ ၎င်းတို့၏ကိုယ်ပိုင် နည်းလမ်းများ ဖြင့် နိုင်ငံရေးကို လှုပ်ခါခဲ့ကြသည့် နယူးယောက်မှ အမျိုးသား သုံးဦး၏ ပုံရိပ်အသစ်တစ်ခုကို ဖန်တီးပေးခဲ့သည်။

“နယူးယောက်မြို့ရဲ့ မြို့တော်ဝန်အသစ် ဇိုရန် မမ်ဒါနီနဲ့ တွေ့ဆုံရတာ ဂုဏ်ယူစရာ ကောင်းပါ တယ်!” ဟု ထရမ့်က သောကြာနေ့တွင် ၎င်းတို့နှစ်ဦး တွေ့ဆုံရိုက်ကူးခဲ့သည့် ဓာတ်ပုံများကို မျှဝေရင်း Truth Social တွင် တင်ခဲ့သည်။

ကင်မရာများကို အခန်းထဲသို့ ဝင်ခွင့်ပြုရန် တံခါးများ ဖွင့်လာသောအခါ ထရမ့်က မမ်ဒါနီအား ချီးကျူးထောပနာပြုခဲ့ပြီး၊ သူက မကြာခဏ မှားယွင်းစွာ “ကွန်မြူနစ်” ဟု ရည်ညွှန်းလေ့ ရှိသော ထိုပုဂ္ဂိုလ်နှင့်သူတို့သည် အမှန်တကယ်တွင် အတော်လေး တူညီသော အချက်များ ရှိသည်ဟု အရိပ်အမြွက် ပြောခဲ့သည်။

“သူ့ရဲ့ အကြံဉာဏ်တချို့ဟာ ကျွန်တော့်မှာရှိတဲ့ အကြံဉာဏ်တွေနဲ့ တကယ်ပဲ အတူတူပါပဲ” ဟု ထရမ့်က ၎င်း၏ စားပွဲ၌ ထိုင်နေပြီး မမ်ဒါနီက ဘေးတွင် ရပ်နေစဥ် ပြောကြားခဲ့သည်။ “ကျွန်တော်က ထင်ထားတာထက် အများကြီး ပိုပြီး သဘောတူညီကြပါတယ်”တစ်ဦးနှင့်တစ်ဦး ပြင်းပြင်းထန်ထန် ဝေဖန်မှုများ လအတန်ကြာပြုလုပ်ခဲ့ကြသည့် လုံးဝ ဆန့်ကျင်ဘက် နိုင်ငံရေးသမား နှစ်ဦးအကြား အရေးပါသော တွေ့ဆုံမှုအတွင်း အံ့အား သင့်ဖွယ် ကောင်းလောက်အောင် အပြုသဘောဆောင်သည့် နိဂုံးချုပ်တစ်ခု ဖြစ်ခဲ့သည်။

“ကျွန်တော်အနေနဲ့ “တစ်ကြိမ်မှာ အစည်းအဝေးတစ်ခု၊ တစ်ကြိမ်မှာ စကားဝိုင်းတစ်ခုပဲ ကျွန်တော် လက်ခံနိုင်ပါတယ်”” ဟု မမ်ဒါနီက တနင်္ဂနွေနေ့တွင် CNN သို့ ပြောကြားခဲ့သည်။ “ဒီစကားဝိုင်းမှာ ကျွန်တော် မျှော်လင့်ခဲ့တာက အလုပ်လုပ်နိုင်တဲ့ ဆက်ဆံရေးတစ်ခုကို ထူထောင်ဖို့နဲ့ အလုပ်ဖြစ်မှုအပေါ်မှာ အဓိကထားတဲ့၊ ကျွန်တော်တို့ နှစ်ဦးစလုံး သိကျွမ်းတဲ့ လူတွေအပေါ်မှာ အဓိကထားတဲ့၊ ဒီရပ်ကွက်ငါးခုအတွင်းမှာ ကျွန်တော်တို့ တစ်ခါမှ မတွေ့ဆုံဖူးတဲ့ လူတွေအပေါ်မှာ အဓိကထားတဲ့ ထိရောက်တဲ့ တွေ့ဆုံမှုတစ်ခု ရရှိဖို့ပဲ ဖြစ်ပါတယ်”

လူဝင်မှုကြီးကြပ်ရေးသည် အဓိက အကြောင်းအရာ ဖြစ်ခဲ့သည်

မမ်ဒါနီက ၎င်းတို့ တွေ့ဆုံစဥ် လူဝင်မှုကြီးကြပ်ရေးနှင့် ပတ်သက်၍ ထရမ့်နှင့် ပြောဆို ခဲ့ကြောင်း CNN သို့ ပြောကြားသည်။ သမ္မတသည် အခြား ဒီမိုကရက်ကြီးစိုးသည့် အပြာရောင်မြို့များ(Blue Cities) အချို့တွင် လုပ်ဆောင်ခဲ့သကဲ့သို့ နယူးယောက်တွင် လူဝင်မှုကြီးကြပ်ရေးအပေါ် ဖိအားပေး အရေးယူမှုများကို တိုးမြှင့်မည်လားဆိုသည့် မေးခွန်းကြီးမှာ ရှိနေသည်။

သို့သော် ထိုသို့ တိုးမြှင့်ခြင်း မရှိသည့်တိုင် ဖက်ဒရယ် အရာရှိများ၏ ရှိနေခြင်းနှင့် အရေးယူ ဆောင်ရွက်မှုများသည် မြို့တော်၏ ရွှေ့ပြောင်းအခြေချ လူ့အဖွဲ့အစည်းများအပေါ်တွင် တစ်လျှောက်လုံး ခံစားနေကြရသည်။

အကြံပေးများက ဖမ်းဆီးမှုများနှင့် ပစ်မှတ်ထား စစ်ဆင်ရေးများ မြင့်တက်လာကြောင်း သတင်းပို့ကြသည်။ ထိုအချက်ကို တုံ့ပြန်သည့်အနေဖြင့် ရွှေ့ပြောင်းအခြေချသူများ၏ အခွင့်အရေး အဖွဲ့အစည်းများက “မိမိတို့၏ အခွင့်အရေးကို သိရှိပါ” လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ဘက်တော်သား (ICE) လှုပ်ရှားမှုများကို စောင့်ကြည့်ရန်နှင့် အန္တရာယ်ရှိနိုင်သည့် လူများကို သတိပေးရန် အရပ်သား ကင်းလှည့် တပ်ဖွဲ့များ ကို လေ့ကျင့်ပေးခြင်းများ စတင် စုစည်းလုပ်ဆောင်ခဲ့သည်။

မမ်ဒါနီသည် မြို့တော်၌ လူဝင်မှုကြီးကြပ်ရေး အရေးယူမှုကို မတိုးမြှင့်ရန် ထရမ့်က သဘောတူခဲ့ခြင်း ရှိမရှိကို ပြောကြားခဲ့ခြင်း မရှိသော်လည်း၊ လက်ရှိဘောင်များအတွင်းသာ ရှိနေသရွေ့ ဖက်ဒရယ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် နယူးယောက်မြို့တော်၏ ဥပဒေ စိုးမိုးရေးက ဆန္ဒရှိကြောင်း သမ္မတအား ပြောကြားခဲ့သည်ဟု ဆိုသည်။ နယူးယောက်၏ “ခိုလှုံခွင့်ပေးသောမြို့တော် (sanctuary city)” စည်းမျဉ်းများအရ ပြည်နယ်အတွင်း ဥပဒေ စိုးမိုးရေးသည် အကြမ်းဖက် သို့မဟုတ် ပြင်းထန်သော ရာဇဝတ်မှုများဖြင့် ပြစ်ဒဏ်ချမှတ် ခံရသူများ ပါဝင်မှသာ လူဝင်မှုကြီးကြပ်ရေး အရေးယူမှုတွင် ဖက်ဒရယ် အေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။

“ဒီရာဇဝတ်မှုတွေထက် ကျော်လွန်ပြီး စိုးရိမ်ပူပန်မှုတွေ ရှိပါတယ်” ဟု မမ်ဒါနီက ပြောသည်။ “ပုံမှန် တရားရုံး ချိန်းဆိုမှုတစ်ခုကို ၂၆ ဖက်ဒရယ် ပလာဇာကို နယူးယောက်မြို့မှာ ရှိနေတဲ့အတွက် ရာဇဝတ်မှုအဖြစ် သတ်မှတ်ခံရပြီး ရိုးရိုးသားသားလာရောက်တဲ့သူတွေ ထဲမှာ ဖမ်းဆီးခံ နေရ၊ ထိန်းသိမ်းခံနေရ၊ ပြည်နှင်ဒဏ်ပေးခံနေရတဲ့ နယူးယောက်မြို့သား အများအပြား ရှိပါတယ်”

တရားရုံးခန်းများအတွင်းနှင့် မြို့လမ်းများပေါ်တွင် ဖက်ဒရယ်လူဝင်မှု ကြီးကြပ်ရေး အရာရှိများက လူများကို အကြမ်းဖက် ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင် ၎င်း၏ လူဝင်မှုကြီးကြပ်ရေး အရေးယူမှုသည် လုံလောက်စွာ မဆောင်ရွက် ရသေးဟု ထရမ့်က ယခင်က ပြောကြားခဲ့သည်။

စနေနေ့တွင် သမ္မတသည် နယူးယောက်မြို့ သို့ ဖက်ဒရယ် အင်အားဖြည့်တင်းမှုများ စေလွှတ်ရန် ၎င်း၏ ယခင် ခြိမ်းခြောက်မှုများမှ နောက်ဆုတ်သွားပုံရပြီး၊ မြို့တော်က လိုအပ်မှသာ ထိုသို့ လုပ်ဆောင်မည်ဟု သတင်းထောက် များအား ပြောကြားခဲ့သည်။

မြို့တော်ရှိ လူဝင်မှုကြီးကြပ်ရေး အရေးယူမှုကို မည်သို့ ကိုင်တွယ်ရမည်နှင့် ပတ်သက်၍ သမ္မတက ၎င်းနှင့် သဘောတူညီခဲ့ခြင်း ရှိမရှိကို မမ်ဒါနီက တနင်္ဂနွေနေ့တွင် CNN သို့ ပြောကြားရန် ငြင်းဆိုခဲ့သည်။

“သမ္မတ သူ့ဘာသာသူ ပြောပါစေ၊ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အဓိကထားမှုက ပြည်သူ့ ဘေးကင်းရေး ဆီ ပြန်ရောက်ပါတယ်ဆိုတာကို ကျွန်တော် အတိအလင်း ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်” ဟု မမ်ဒါနီက ပြောသည်။

“သမ္မတနဲ့ ကျွန်တော့်အကြား သဘောထား ကွဲလွဲမှုတွေ ရှိနိုင်ပြီး ဆက်ရှိနေဦးမယ်ဆိုတာကို သိပါတယ်၊ ဒါပေမဲ့ ဒီမြို့ကို ကိုယ့်ရဲ့အိမ်လို့ ခေါ်တဲ့ လူတိုင်းအတွက် ကျွန်တော် အမြဲတမ်း ပြောဆို ဆောင်ရွက်သွားမှာပါ”

မမ်ဒါနီက ထရမ့်ကို ဖက်ဆစ်တစ်ဦးအဖြစ် ယုံကြည်ဆဲဟု ပြောကြား

မမ်ဒါနီသည် ၎င်း၏ တွေ့ဆုံမှုပြီးနောက် သီတင်းပတ်ကုန်ကို မြို့တော် (ဝါရှင်တန်ဒီစီ) ၌ ကုန်ဆုံးခဲ့သည်။ သောကြာနေ့ ညနေပိုင်းတွင် အစ္စရေးအစိုးရကို ပြင်းထန်စွာ ဝေဖန်သူ ဖြစ်သည့် မမ်ဒါနီသည် ညစာစားရန် ဗာဂျီးနီးယားရှိ ပါလက်စတိုင်း စားသောက်ဆိုင် တစ်ခုတွင် ခေတ္တဝင်ခဲ့သည်။

တနင်္ဂနွေနေ့တွင် နယူးယောက်မြို့သို့ ပြန်ရောက်သောအခါ မမ်ဒါနီသည် ဘရွန်းစ် (Bronx) ရှိ Union Grove Missionary Baptist Church ဘုရားကျောင်းတွင် စည်းဝေးပွဲတစ်ခုကို ပြောကြားခဲ့သည်။

“ကျွန်တော့်ရဲ့ တာဝန်က အလုပ်လုပ်ဖို့ပါပဲ” ဟု မမ်ဒါနီက ပရိသတ်အား ပြောကြားသည်။ “အဲဒီအလုပ်ကို လုပ်ဖို့ဆိုတာ ဘယ်သူနဲ့မဆို လက်တွဲလုပ်ဆောင်ဖို့၊ ကျွန်တော့်ရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်မှုကို ကန့်ကွက်သူတွေနဲ့ လက်တွဲလုပ်ဆောင်ဖို့၊ မတူညီတဲ့ ပါတီဝင်တွေနဲ့ လက်တွဲလုပ်ဆောင်ဖို့၊ ကျွန်တော်နဲ့ လေးနက်တဲ့ သဘောထားကွဲလွဲမှုတွေ ရှိသူတွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ ဆိုတဲ့ အဓိပ္ပာယ်ပါပဲ”

ထိုနေ့ အစောပိုင်းတွင် မမ်ဒါနီသည် အဆင်ပြေချောမွေ့ခဲ့သော တွေ့ဆုံမှုရှိခဲ့သော်လည်း ထရမ့်အပေါ် ၎င်း၏ ဝေဖန်တိုက်ခိုက်မှုများကို ထပ်မံ အတည်ပြုပြောဆိုခဲ့ပြီးနောက် ယင်းမှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

NBC ရုပ်သံလိုင်း၏ “Meet the Press” အစီအစဉ်တွင် မြို့တော်ဝန်အဖြစ် ရွေးကောက် ခံရသူအား ထရမ့်သည် ဖက်ဆစ်တစ်ဦး ဟုတ်မဟုတ် ရှင်းလင်းပြောကြားရန် မေးမြန်း ခဲ့သည်။ သောကြာနေ့ တွေ့ဆုံမှုအတွင်း သတင်းထောက်တစ်ဦးက အလားတူမေးခွန်းကို မေးမြန်းခဲ့စဥ် ထရမ့်က ၎င်းအား ထိုသို့ ခေါ်ဝေါ်ခြင်းသည် “အဆင်ပြေသည်” ဟု ရယ်စရာ လုပ်ကာ မမ်ဒါနီ၏ စကားကို ဖြတ်ပြောခဲ့သည်။

“အတိတ်တုန်းက ကျွန်တော် ပြောခဲ့တဲ့ အရာအားလုံးကို ကျွန်တော် ဆက်လက် ယုံကြည်နေပါတယ်” ဟု မမ်ဒါနီက တနင်္ဂနွေနေ့တွင် တုံ့ပြန်ခဲ့သည်။ “ဟုတ်တယ်လို့ ကျွန်တော် ပြောခဲ့တယ်၊ အဲဒါက ကျွန်တော် အတိတ်တုန်းက ပြောခဲ့တဲ့အရာ ဖြစ်ပါတယ်၊ ဒီနေ့လည်း ပြောပါတယ်”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 9 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 22 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ