၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်၊ တိုကျို။
ဒီနေ့ ဒီဇင်ဘာလ (၂) ရက် စနေနေ့ ဂျပန်စံတော်ချိန် ည ၁၁ နာရီ ၃၇ မိနစ်ဝန်းကျင်မှာ ဖိလစ်ပိုင်နိုင်ငံအနီးမှာ လှုပ်ခတ်သွားတဲ့ ပြင်းအား မက်ဂနီကျူ ၇.၇ ရှိတဲ့ မြေငလျင်ကြောင့် ဂျပန်နိုင်ငံ၊ ချီဘာစီရင်စု အပါအဝင် ပစိဖိတ်ကမ်းရိုးတန်းဒေသအတွက် ဆူနာမီ သတိပေးချက်ကို ည ၁၁ နာရီ ၅၆ မိနစ်မှာ ဂျပန်အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။
ပင်လယ်ပြင် သို့မဟုတ် ကမ်းရိုးတန်းအနီးတွင် ရှိနေခဲ့ရင် အန္တရာယ်ရှိတဲ့အတွက် ပင်လယ်ထဲမှာရှိတဲ့ ဘယ်သူမဆို ပင်လယ်ထဲကထွက်ပြီး ပင်လယ်ကမ်းစပ်မှ ချက်ချင်းထွက်ခွာသင့်တယ်လို့ သတိပေးထားပါတယ်။