နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 3 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ကနေဒါအဆိုတော်-တေးရေးဆရာ The Weeknd ဂါဇာကမ်းမြောင်ဒေသတွင် အစားအစာ လေးသန်းကို ထောက်ပံ့ပေး

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်။

ဂါဇာကမ်းမြောင်ဒေသက လူတွေကို ကူညီဖို့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ကနေ အစားအစာ လေးသန်းလောက် ကိုထောက်ပံ့ပေးခဲ့တယ်လို့ အေဘယ်တက်စ်ဖေး (Abel “ The Weeknd” Tesfaye) က ပြောပါတယ်။

ကုလသမဂ္ဂ ချစ်ကြည်ရေးသံတမန်ဖြစ်တဲ့ တက်စ်ဖေးဟာ ဂါဇာရှိ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများအတွက် သူ့ရဲ့ XO လူသားချင်းစာနာမှုရန်ပုံငွေမှ ဒေါ်လာ ၂.၅ သန်းကို ထုတ်ပေးရန် ညွှန်ကြားခဲ့တယ်လို့ WFP က သောကြာနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သူ့ရဲ့လှူဒါန်းမှုဟာ ပါလက်စတိုင်းလူမျိုး ၁၇၃,၀၀၀ ကျော်ကို နှစ်ပတ်ကြာ ကျွေးမွေးနိုင်တဲ့ အစားအစာ မက်ထရစ်တန် ၈၂၀ ထောက်ပံ့ပေးမယ့် အရေးပေါ် အစားအစာ လေးသန်းနဲ့ ညီမျှတယ်လို့ ဆိုပါတယ်။

ဂါဇာကမ်းမြောင်ကို အကူအညီများ ဘယ်အချိန်မှာ ရောက်ရှိနိုင်မှာကိုတော့ WFP က မဖော်ပြခဲ့ပါ။

WFP ရဲ့ ဒေသဆိုင်ရာ ဒါရိုက်တာ ကော်ရိုင်း ဖလစ်ရှာ (Corrine Fleisher) က သူရဲ့ပံ့ပိုးကူညီမှုအတွက် တက်စ်ဖေးအား ကျေးဇူးတင်စကား ပြောကြားပြီး “ အခြားသူများ အေဘယ် တက်စ်ဖေးရဲ့စံနမူနာကို လိုက်နာပြီး ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုများကို ပံ့ပိုးပေးမယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းတစ်သန်းကျော်ဟာ ငတ်မွတ်ခေါင်းပါးလုနီးပါး ဖြစ်နေကြောင်း WFP က ပြောကြားပြီး ပဋိပက္ခတွေ အောက်တိုဘာ ၇ ရက်က စတင်ဖြစ်ပွားလာပြီးနောက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဆိုးကြီးတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။

တက်စ်ဖေး သည် ၂၀၂၁ ခုနှစ်ကတည်းက ချစ်ကြည်ရေးသံတမန် ဖြစ်ခဲ့ပါတယ်။

WFP USA နဲ့ ၂၀၂၂ ခုနှစ်မှာ ပူးပေါင်းတည်ထောင်ခဲ့တဲ့ သူရဲ့ XO လူသားချင်းစာနာမှု ရန်ပုံငွေဟာ ဒီနေ့အထိ ဒေါ်လာ ၅ သန်း ရရှိထားတယ်လို့ သိရပါတယ်။

အီသီယိုးပီးယားရှိ အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် အရေးပေါ် စားနပ်ရိက္ခာ အကူအညီအတွက် ပထမဆုံး ဒေါ်လာ ၂.၅ သန်းကို ထောက်ပံ့ကူညီခဲ့ပြီး ကျန်ငွေကို ဂါဇာကမ်းမြောင်ကို ခွဲဝေပေးမှာ ဖြစ်ကြောင်း သိရတယ်။

ဇူလိုင်လ (၇) ရက်နေ့က လန်ဒန်မှာ တွေ့ရတဲ့ The Weeknd

Samir Hussein/WireImage/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်လူထု အများစုက အီရန်စစ်ပွဲမှာ မှားယွင်းမှုတစ်ခုဖြစ်ကြောင်း ပြောဆိုနေကြဟု စစ်တမ်းအရ သိရ

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 13 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၂)ရက် ယနေ့ ထုတ်ပြန်လိုက်သော Washington Post/ABC News/Ipsos တို့၏ စစ်တမ်းတစ်ခုအရ အမေရိကန်နိုင်ငံသား
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်အချို့ ရုပ်သိမ်းမည့်အစီအစဉ်မှာ “ ကြိုတင်မျှော်လင့်ထားပြီးသား” ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပြောကြား

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ(၂)ရက် ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ် (Boris Pistorius) က အမေရိကန်၏ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းမည့်
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်နှင့် သဘောတူညီချက်ရယူခြင်း၏ အကျိုးကျေးဇူးများအပေါ် ထရန့် သံသယရှိ၊ စစ်ပွဲအပေါ် လူထုသဘောထားကို အမေရိကန်လူထုစစ်တမ်းက ဖော်ပြ

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊မေလ(၂)ရက် ဆွေးနွေးညှိနှိုင်းမှုများ တစ်ကျော့ပြန် အကျပ်ရိုက်နေချိန်တွင် အီရန်နှင့် သဘောတူညီချက် မရရှိခဲ့ပါက အမေရိကန်အတွက် “ ပို၍ အခြေအနေကောင်း” နိုင်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။ နောက်ဆုံးရသတင်းများမှာ အောက်ပါအတိုင်း ဖြစ်သည် –
နိုင်ငံတကာသတင်း နီပေါ မြောက်ကိုရီးယား ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

တလ အမေရိကန်ဒေါ်လာ ၃၀၀၀နဲ့ ရုရှားနိုင်ငံမှာအလုပ်သွားလုပ်ကြမလား?

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 136 Views
၂၀၂၆ခုနှစ်၊ မေလ (၁)ရက် ရုရှားနိုင်ငံမှာအလုပ်သွားလုပ်ဖို့မြန်မာနိုင်ငံသားတွေ တသုတ်ပြီး တသုတ်စစ်အုပ်စုက စေလွှတ်နေတာနဲ့ ပတ်သက်လို့ စဥ်းစားမိတဲ့အချက်တချို့ကိုဖော်ပြလိုက်ပါတယ်၊ ရုရှားနဲ့ယူကရိန်းစစ်ဖြစ်နေတာ ၄နှစ်ကျော်၅နှစ်ထဲရှိလာတဲ့အတွက် စစ်မှုထမ်း အမိန့်ထုတ် ပြန်ပြီး စစ်သားတွေဆင့်ခေါ်တဲ့အတွက် လူငယ်အများအပြား စစ်မတိုက်ချင်လို့ ရုရှားကနေ ပြည်ပကိုထွက်ကြတဲ့အတွက် ဥဏှောက်ယိုစီးမှုဖြစ်ပြီး
နိုင်ငံတကာသတင်း လက်ဘနွမ် ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး

လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် လူနှစ်ဦး သေဆုံးကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာန ပြောကြား

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၁)ရက် လက်ဘနွန်တောင်ပိုင်းရှိ မြို့တစ်မြို့တွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လူနှစ်ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ အဆိုအရ သိရသည်။ အဆိုပါ တိုက်ခိုက်မှုသည် နာဘက်တီးယမ်း
နိုင်ငံတကာသတင်း မြောက်ကိုရီးယား ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

စစ်သားများ၏ အသေခံတိုက်ခိုက်မှုကို ကင်မ်ဂျုံအန်း ချီးကျူး၊ ရုရှားစစ်ပွဲတွင် မြောက်ကိုရီးယား၏ အခန်းကဏ္ဍ ပိုမိုနက်ရှိုင်းလာမည့် အလားအလာရှိနေ

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 24 Views
CNN — ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက် ယူကရိန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်နေစဉ် ရန်သူ့လက်သို့ အဖမ်းမခံဘဲ သေခြင်းတရားကို ရွေးချယ်ခဲ့ကြသည့် စစ်သားများကို ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် တိုက်ပွဲဝင်နေသော မြောက်ကိုရီးယားနှင့် ရုရှားစစ်သားများ၏ ကြေးရုပ်တုကြီးကို ကင်မ်ဂျုံအန်းက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

 ဖိအားများနှင့် ခြိမ်းခြောက်မှုများကြားတွင် ယခုနှစ် ရုရှား၏ စစ်ရေးပြအခမ်းအနားကို ပူတင် အကျဉ်းချုံ့ကျင်းပမည်

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 21 Views
CNN — ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက် ရုရှား-ယူကရိန်းစစ်ပွဲ။ မော်စကိုမြို့ ရင်ပြင်နီတွင် မေလ ၉ ရက်နေ့၌ ကျင်းပလေ့ရှိသည့် အောင်ပွဲနေ့ (Victory Day) စစ်ရေးပြအခမ်းအနားသည် ရုရှားသမ္မတ ဗလာဒီမာပူတင်
နိုင်ငံတကာသတင်း သီရီလင်္ကာ

လေဆိပ်တွင် ကန်နဗစ် (ဆေးခြောက်) ကီလို ၁၁၀ ကျော် သယ်ဆောင်လာသည်ဟု ယူဆရသော ဗုဒ္ဓဘာသာရဟန်း ၂၂ ပါးကို သီရိလင်္ကာတွင် ဖမ်းဆီး

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အဆိုပါ တောင်အာရှ နိုင်ငံ၌ တရားမဝင်သော ကန်နဗစ် (ဆေးခြောက်) ကီလိုဂရမ် ၁၁၀ ကျော်