နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 26 ရက်

1027 Operations

1027 Operations မြန်မာသတင်း

လက်နက်မချဘဲ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့် သေဆုံးဟု MNDAA ထုတ်ပြန်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်၊ ခေတ်မျက်လုံး။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ကိုးကန့်တပ် (MNDAA) ကုန်းကြမ်းစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ကုန်းကြမ်းစစ်စခန်းမှာ အမြဲတမ်း တပ်စွဲထားတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ (၁၂၅) ၊ စကခ (၁၂ ၊ ၁၆) က စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ လက်နက်ချ အလင်းဝင်လာခဲ့ပေမယ့် စကခ (၁၆) မှူး အပါအဝင် ကျန်အဖွဲ့ဝင်အချို့ ဟာ ထွက်ပြေးသွားခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းခဲ့ပြီး တပ်ဖွဲ့ဝင် (၁၀၀) နီးပါးခန့်ကို ပစ်သတ်ချေမှုန်းနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ကိုးကန့်တပ် (MNDAA) က လိုက်လံပိတ်ဆို့ တိုက်ခိုက်မခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၈၀) ကျော်ဟာ ရှီရှမ်းဒေသ ရှောက်ကိုင်အုပ်စု၊ ဝကြည်ကျိုင့်ရွာနဲ့ စူကြာကျိုင့်ရွာကြားရှိ တောင်ကုန်းအောက်ခြေမှာ စုစည်းပုန်းအောင်းနေခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၃၀ ရက်နေ့ မနက် (၁၁) နာရီ (၁၀) မိနစ်ခန့်မှာ ကိုးကန့်တပ် (MNDAA) က ပုန်းအောင်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့ မနက်ပိုင်း ကိုးကန့်တပ် (MNDAA) က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း (၂၀) လောင်းတွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီနေ့ညနေပိုင်းမှာ ကိုးကန့်တပ် (MNDAA) က ကျန်တပ်ဖွဲ့ဝင်တွေကို ထပ်မံလိုက်လံပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၇၀) ကျော် သေဆုံးခဲ့ပြီး စစ်သုံ့ပန်း (၄) ယောက် ဖမ်းဆီးရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိပြီး သိမ်းဆည်းရရှိ‌တဲ့ ပစ္စည်းတွေထဲမှာ မူးယစ်ဆေးဝါး စိတ်ကြွဆေးပြားတွေလည်း ပါရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ကုန်းကြမ်းတပ်စခန်း ပြန်လည်သိမ်းပိုက်ရရှိပြီး ရှင်ဝမ့်ဒေသလွတ်မြောက်ရေးကို ဖော်ဆောင်နိုင်ခဲ့ပြီဟု ကိုးကန့်တပ် (MNDAA) က ကြေညာထားပေမယ့် ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ရှိနေသေးတယ်လို့ ဆိုပါတယ်။

ကိုးကန့်တပ် (MNDAA) ရဲ့ ရှေ့တန်းအရာရှိက “လက်နက်ချသူတွေကို မိမိတို့က ညီနောင်မဟာမိတ် (၃) ဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်အတိုင်း ကောင်းမွန်စွာဆက်ဆံပြီး လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးပါမယ်။ ဒါ့အပြင် ဒဏ်ရာရလူနာတွေကိုလည်း ဆေးကုသမှုတွေ လုပ်ဆောင်ပေးပါမယ်။ ဒါပေမယ့် ဆက်လက်ပြီး လက်နက်ကိုင်တုန့်ပြန်နေသူတွေကိုတော့ ပြင်းပြင်းထန်ထန် အမြစ်ပြတ်ချေမှုန်းသွားမှာဖြစ်ကြောင်း” ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 21 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

AA နဲ့တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွှေရင်မျှော်ဆရာတော်ရဲ့သင်္ကန်းကို အဆောင်အယောင်အနေနဲ့ ကိုးကွယ်နေကြရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 21 Views
ဇွန်လ (၂၄)ရက်။ ပုသိမ်ခရိုင်ထဲ အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ ရိုးမတောထဲ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းတွေက စစ်ဗိုလ်တွေအပါအဝင် တပ်ဖွဲ့တွေဟာ နေ့တိုင်း စစ်ရှိန်ပြင်းထန်လာတာနဲ့အတူ တပ်ပြေးအနေနဲ့ ထွက်ပြေးနေတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

ရွှေကူခရိုင်ထဲနေသူတွေ စစ်ကောင်စီနဲ့ မပတ်သက်ကြဖို KIA သတိပေး

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
ဇွန်လ (၂၄)ရက်။ ရွှေကူခရိုင်နယ်မြေထဲ နေထိုင်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်တာ မလုပ်ကြဖို KIA က မနေ့ကရက်စွဲနဲ့ သတိပေးထားတယ်လို သိရပါတယ်။ စစ်ကောင်စီနဲ့ မပတ်သက်ဖို KIA က သတိပေးတာမှာ ရွှေကူခရိုင်ထဲ နေထိုင်တဲ့ ပြည်သူတွေနဲ့
မြန်မာသတင်း

နွားထိုးကြီးတိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က တပ်ပျက်ပြီး ဆုတ်ခွာထွက်ပြေးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
ဇွန်လ (၂၃)ရက်။ ဇွန်လ (၂၁)ရက်နေ့ ညနေ (၆)နာရီဝန်းကျင်ခန့်က နွားထိုးကြီးမြိုမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို နွားထိုးကြီး-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်ဟာ ဖက်ခူးရွာကနေ ထွက်လာချိန် မြင်းခြံခရိုင်အမှတ်(၄/၁၀)တပ်ရင်းတိုနဲ့ (၁)နာရီနီးပါးကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို
မြန်မာသတင်း

မြိုင်နယ်ထဲ စစ်ကောင်စီရဲ့လေယာဉ်တစီး ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 16 Views
ဇွန်လ (၂၃)ရက်။ မြိုင်နယ်ထဲ စစ်ကောင်စီရဲ့ Mi-17 လေယာဉ်တစီးကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို မြိုနယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြိုင်နယ်ရှိ တွင်းမပျုစောထီးရွာထဲ လေယာဉ်ဆင်းသက်ချိန် တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တာလို ဆိုပါတယ်။ စစ်ကောင်စီရဲ့
မြန်မာသတင်း

မြိုင်နယ်မှာ စစ်တပ်စစ်ကြောင်းက စိတ်ရောဂါသည်အပါအဝင် ပြည်သူ (၅)ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 16 Views
ဇွန်လ (၂၃)ရက်။ ဇွန်လ (၁၅)ရက်နေ့မှာ ကမ္မဒေသကနေ မြိုင်နယ်တောင်ပိုင်းရှိ ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ We Love Myaing ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိတ္ထီလာက တပ်မ(၉၉)နဲ့ ပခုက္ကူက
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့ကြား အင်အားသုံးဖြေရှင်းတာကို PRF နဲ့ PDA ဆန့်ကျင်ရှုတ်ချ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 14 Views
ဇွန်လ (၂၃)ရက်။ တော်လှန်ရေးအဖွဲ့အချင်းချင်းကြား အင်အားသုံးဖြေရှင်းတဲ့အပေါ် ဆန့်ကျင်ရှုတ်ချတယ်လို့ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)နဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)တို့က ဒီကနေ့မှာ ပူးတွဲထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီလိုဖြေရှင်းတာတွေကြောင့် မိုင်းထိမှန်ကာ ထိခိုက်ခဲ့တဲ့ PDF ရဲဘော်တွေရှိလာတာနဲ့ PLA ရဲဘော်တွေရဲ့ မိသားစုဝင်တွေ လက်နက်နဲ့ ခြိမ်းခြောက်ဖမ်းဆီးခံရတာ စတဲ့