နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်

1027 Operations

1027 Operations

ကိုးကန့်နယ်မြေတွင်း စစ်ကောင်စီစခန်း (၅) ခု MNDAA ထပ်မံသိမ်းယူ

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃)၊ ခေတ်မျက်လုံး။

ကိုးကန့်နယ်မြေတွင်း စစ်ကောင်စီစခန်း (၅) ခုကို ထပ်မံသိမ်းယူခဲ့ပြီး မူပန် (သိန္နီ) ခရိုင်မှာလည်း စစ်ကောင်စီ စစ်သုံ့ပန်း (၆) ယောက်ကို ဖမ်းဆီးရရှိခဲ့တယ်လို့ ဒီကနေ့ ဒီဇင်ဘာလ (၃) ရက်နေ့မှာ ကိုးကန့်တပ် (MNDAA) က သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ဟာ ၁၀၂၇ စစ်ဆင်ရေး လုပ်ဆောင်လာတာ (၃၈) ရက်မြောက်နေ့ဖြစ်ပြီး ကိုးကန့်တပ် (MNDAA) နဲ့ စစ်ကောင်စီတပ်ဖွဲ့ တို့ကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

လက်ရှိ ကိုးကန့်မြောက်ဘက်ခြမ်း စစ်ကြောင်းတွေက ရှီးရှမ်းဒေသ အရှေ့ဘက်ခြမ်းအထိ ဝင်ရောက်လာနိုင်ခဲ့ပြီး တောင်ဘက်ခြမ်းစစ်ကြောင်းဟာလည်း တုန်ချိန်အပြင်ဘက်၊ နယ်စပ်မှတ်တိုင် (၁၂၆ ၊ ၁၂၇) အထိ ချီတက်လာခဲ့ရာ ဒီဇင်ဘာလ (၃) ရက်နေ့မှာ တုန်ရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်း (၅) ခုကို ကိုးကန့်တပ် (MNDAA) က ထပ်မံ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီဇင်ဘာ ၃ ရက်နေ့ မနက် (၁၀) နာရီ (၂၀) မိနစ်မှာ MNDAA က တုန်ချိန်အပြင်ဘက် မာဟိုင်တောင်နေရာမှာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ရာ တိုက်ပွဲတစ်နာရီခွဲခန့်ဖြစ်ပွားပြီး နောက် (၁၁) နာရီ (၄၆) မိနစ်ခန့်မှာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အခြားတစ်ဖက်မှာလည်း မနက် (၁၀) နာရီ (၁၆) မိနစ်မှာ ကိုးကန့်တပ် (MNDAA) က အင်အားတစ်စုဟာ စန်းတာအိုင် တောင်အောက်ခြေတွင် တပ်စွဲထားတဲ့ စစ်ကောင်စီယာယီ တပ်စခန်း (၃) ခုကို ရှင်းလင်းခဲ့ပြီး မနက် (၁၁) နာရီ (၁၆) မိနစ်မှာ အဲ့ဒီစခန်း (၃) ခုကို အောင်မြင်စွာ သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့ပြင် မနက် (၁၀) နာရီလောက်ကစပြီး ကိုးကန့်တပ် (MNDAA) ဟာ တုန်ရှမ်းဒေသ လောက်ရှုကုတ်ရွာအနောက်ဘက်တောင်ကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ရင်း(၅၂၇) စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ (၅) နာရီကြာ ဖြစ်ပွားပြီး နေ့လည် (၂) နာရီ (၄၈) မိနစ်မှာ အဲ့ဒီစခန်းကိုလည်း အောင်မြင်စွာသိမ်းယူနိုင်ခဲ့တယ်လို့ ပြထားပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀) ယောက် သေဆုံးခဲ့ပြီး အချို့ဒဏ်ရာ ရရှိခဲ့ကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒီဇင်ဘာလ ၃ ရက်နေ့ မနက် (၉) နာရီမှာ မူပန်(သိန္နီ)ခရိုင် လုံခြုံ‌ရေးအဖွဲ့ဟာ မူပန်ဒေသကို ရှင်းလင်းရေး လုပ်ဆောင်ချိန် နန့်စလပ်ဗျူဟာကုန်းမှ ထွက်ပြေးလာတဲ့ စစ်ကောင်စီအဖွဲ့ဝင်(၆) ယောက်ကို ဖမ်းဆီးရရှိပြီး သူတို့ ဖုံးဝှက်ထားခဲ့တဲ့ စိန်ပြောင်း(၁) ခု၊ ရိုင်ဖယ်သေနတ် ၊ စက်သေနတ် ၊ ဂရန်ဒီယာ စတဲ့လက်နက်မျိုးစုံနဲ့ ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိအချိန်ထိ (MNDAA) ဟာ စစ်ကောင်စီရဲ့ တပ်စခန်းအကြီးအသေး စုစုပေါင်း (၂၀၂) ခု သိမ်းပိုက်ရရှိထားပြီး ချင်းရွှေ‌ဟော် ၊ မုံးကိုး ၊ ကွမ်းလုံ ၊ ပန်ဆိုင်း ၊ ကုန်းကြမ်းစတဲ့ မြို့ (၅) မြို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ချင်းရွှေဟော်၊ မုံးကိုး၊ ပန်ဆိုင်းနဲ့ ကျင်းစံကျော်နယ်စပ်ဂိတ် (၄) ခုကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လက်နက်ကိုင်တော်လှန်‌ရေးတပ်ဖွဲ့တွေက မြို့နယ် (၁၉) ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း အာရှ

စစ်ကောင်စီနဲ့ MNDAA အပစ်အခတ်ရပ်စဲရေး သဘောတူလိုက်ပြီလို့ တရုတ်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 11 Views
ဇန်နဝါရီလ (၂၀) ရက်။ မြန်မာစစ်တပ်နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)တို့သည် စနေနေ့က စတင်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို
1027 Operations မြန်မာသတင်း

စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမယ်လို့ TNLA ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 43 Views
ဇန်နဝါရီလ (၁၂)ရက်။ စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမယ်လို့ ဒီကနေ့မှာကျရောက်တဲ့ (၆၂)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ TNLA ရဲ့ ထုတ်ပြန်ထာချက်အရ သိရပါတယ်။
1027 Operations မြန်မာသတင်း

တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးလွှင့်တင်ပြီး အောင်ပွဲရရယူဖို့ အချိန်ကောင်းလို့ TNLA ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 38 Views
ဇန်နဝါရီလ (၁၀)ရက်။ တော်လှန်ရေးအင်အားစုတွေအားလုံး စုပေါင်းရုန်းကန်ပြီး တော်လှန်ရေးအရှိန်မြှင့်တင်ကာ အောင်ပွဲရရှိဖို့ အချိန်အခါကောင်းလို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေက နိုင်ငံတဝန်း ဘုံရန်သူကို ထိုးစစ်ဆင် တော်လှန်နေတာကြောင့် စစ်ကောင်စီဟာ သမိုင်းတွင်တဲ့ ကျဆုံးမှုတွေနဲ့
1027 Operations မြန်မာသတင်း

ပလောင်အလံမလွှင့်ရင် ထောင်ဒဏ်ချမယ်လို့ TNLA အမိန့်ထုတ်ပြန်ချက် ဒေသခံတွေ အခက်တွေ့နေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 51 Views
ဇန်နဝါရီလ (၉)ရက်။ နမ္မတူမြို့ရှိ နေအိမ်တွေတိုင်း ပလောင်တော်လှန်ရေးနေ့အတွက် အလံမလွှင့်ထူရင် ငွေဒဏ်နဲ့ ထောင်ဒဏ်ချမှတ်မယ်ဆိုပြီး TNLA က အမိန့်ထုတ်ထားတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ ဒီလ (၁၂)ရက်နေ့မှာကျရောက်မယ့် ပလောင်တော်လှန်ရေးနေ့အတွက် အိမ်တွေမှာ ပလောင်အလံတွေ
1027 Operations မြန်မာသတင်း

TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီက တစ်ရက်ထဲ ဗုံးအလုံး(၂၀)ခန့် ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 52 Views
ဇန်နဝါရီလ (၈)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီဝန်းကျင်ခန့်က မိုးကုတ်မြို့ကို စစ်ကောင်စီက တစ်ရက်ထဲ လေကြောင်းကနေ ဗုံးအလုံးရေ (၂၀)ခန့် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၁၂)နာရီ
1027 Operations မြန်မာသတင်း

သိန်းနီမြို့မှာ KIA တပ်ဖွဲ့ဝင်တွေဆီကနေ MNDAA တပ်ဖွဲ့ဝင်တွေက လက်နက်ဖြုတ်သိမ်းတာတွေပြုလုပ်ခဲ့၊

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 97 Views
နှစ်ဖက်စစ်ရေးတင်းမာတာတွေနဲ့ တိုက်ပွဲဖြစ်ပွားလာမှာကို ဒေသခံ‌တွေ စိုးရိမ်နေကြရ ဒီဇင်ဘာလ (၂၆)ရက်။ ဒီဇင်ဘာလ (၂၄)ရက်နေ့ နေ့လယ် (၂)နာရီခန့်က သိန်းနီမြို့နယ်ရှိ နမ့်ဇလပ်တိုးဂိတ်မှာ KIA အရာရှိတစ်ဦးပါတဲ့ တပ်ဖွဲ့ဝင်တွေကို MNDAA က လက်နက်ဖြုတ်သိမ်းတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်းစစ်‌ရေးသတင်းအရင်းအမြစ်တွေထံက
1027 Operations မြန်မာသတင်း

မိုးမိတ်မြို့မှာ တပ်စွဲထားတဲ့ KIA တပ်စခန်း ပြောင်းရွှေ့ဖို့ TNLA သတိပေးထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 114 Views
ဒီဇင်ဘာလ (၂၂)ရက်။ မိုးမိတ်မြို့ လယ်ကြီးရွာထဲ တပ်စွဲထားတဲ့ KIA တပ်စခန်းကို နေရာပြောင်းရွှေ့ပေးဖို့ TNLA ဘက်က သတိပေးအကြောင်းကြားထားတယ်လို့ ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ (၉)ရက်နဲ့ (၁၂)ရက်မှာ KIA ဘက်ကို TNLA
1027 Operations မြန်မာသတင်း

“ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းထဲ TNLA ရဲ့ ဗိုလ်လောင်းသင်တန်းသား (၁၂)ဦး တိုက်ပွဲမှာ ကျဆုံးခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 107 Views
ဒီဇင်ဘာလ (၁၈)ရက်။ “ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းမှာ ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့တဲ့ ဗိုလ်လောင်းသင်တန်းသား (၁၂)ဦး တိုက်ပွဲထဲ အသက်ပေးလှူခဲ့ရတယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဗိုလ်လောင်းသင်တန်းသားတွေဟာ အလုပ်သင်ဗိုလ်သင်တန်း(TAOT)ရဲ့ အပတ်စဉ် (၄)