နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဝက်လက်ဒေသရှိ ရွာ(၄)ရွာကို အကြမ်းဖက်စစ်တပ်က တနေ့တည်း အကြောင်းမဲ့ မီးရှို့ဖျက်ဆီး (ရုပ်/သံ)၊ အသက်(၁၇)နှစ်အရွယ်လူငယ်တဦးကို စစ်တပ်က ပစ်ခတ်

စစ်ကိုင်းတိုင်း ၀က်လက်မြို့နယ်အတွင်းရှိ ရွာ (၄)ရွာကို အကြမ်းဖက် စစ်ကောင်စီက မီးရှိုံ့ဖျက်ဆီးခဲ့ပြီး လူငယ်တဉီးကို ပစ်ခတ်ခဲ့တယ်လို့ ဗိုလ်ကျားကြီး (Bo Tiger) တပ်ဖွဲ့က ဗိုလ်နေမင်းက ခေတ်မျက်လုံး သတင်းဌာနကို ပြောကြားလာပါတယ်။

ဝက်လက်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ် အပါအဝင် ပျူစောထီး အဖွဲ့အင်အား (၈၀) ကျော်ဟာ ဒေသခံများနေထိုင်ရာကျေးရွာများအတွင်းကို ဇန်နဝါရီ (၃၀) ရက်က လက်နက်ကြီး ၊ လက်နက်ငယ်များနဲ့ ပစ်ခတ်ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

ဒါ့အပြင် အသက် (၁၇)နှစ်အရွယ်လူငယ်တဉီးကိုလည်း အကြောင်းမဲ့ ပစ်ခတ်ကြတဲ့ အတွက် သေဆုံးခဲ့ရတယ် လို့သိရပါတယ်။ ဝက်လက်နယ်အတွင်းက အောင်တက်ကုန်း ၊ သဖန်းကုန်း ၊ ဖက်သန်းကြီး ၊ ကော်တုံရွာ စတဲ့ရွာ(၄)ရွာကို တနေ့တည်း မီးရှိုဖျက်ဆီးခဲ့ကြတယ်လို့ ဗိုလ်ကျားကြီး(Bo Tiger) တပ်ဖွဲမှ ဗိုလ်နေမင်း က ခေတ်မျက်လုံးသတင်း ဌာနကို ပြောကြားခဲ့ တာပါ။

အကြမ်းဖက်စစ်တပ်ရဲ့ မီးရှိဖျက်ဆီးမှုကြောင့် အိမ်ခြေ ၂၀၀ ခန့်ရှိတဲ့ ဖက်သန်း ကြီးရွာနဲ့ အိမ်ခြေ ၄၀၀ ခန့်ရှိသော ကော်တုံရွာ ၊ အောင်တက် ကုန်းရွာတို့ မှာ တရွာလုံးနီးပါး မီး လောင်ပျက်စီးခဲ့ရပြီး ၊ ဒေသခံရွာသူ၊ ရွာသူအမြောက် အ များလည်း ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရ တယ်လို့သိရပါတယ်။

ဝက်လက်မြို့နယ်ရှိ ရွာတွေကို အကြမ်းဖက် စစ်ကောင် စီ က ပြီးခဲ့တဲ့ ဇန်နဝါရီ အတွင်းမှာ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံ အိမ်ခြေ ၂၀၀၀ နီးပါး မီးလောင် ဆုံး ရှုံးခဲ့ ရတယ်လို့ Wetlet Informational Network အဖွဲ့ကလည်းထုတ်ပြန် ထားပါတယ်။

စစ်ကောင်စီရဲ့ အခုလို မီးရှို့ဖျက်ဆီးမှုတွေကြောင့် ဝက်လက်‌ဒေသမှာ အခြား မသိရှိနိုင်သေးတဲ့ပျက်စီးဆုံရှုံးမှုတွေ ရှိနေသေးတယ်လို့လည်း Wetlet Informational Network က ဆိုထားပါတယ်။ ဝက်လက်ဒေသကာကွယ်ရေးတပ်ဖွဲ့အနေနဲ့အကြမ်း ဖက် စစ်သားများကို ခုခံတိုက်ခိုက်လိုသော်လည်း လက်နက်ကြီး ကျည် အားနည်းနေတဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

အမျိုသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ပြီးခဲ့သည့်လများအတွင်းက အခြားသော PDF အဖွဲ့များကို လက်နက်များ ကိုယ်တိုင်သွားရောက်တပ်ဆင်ပေးနေသော်လည်း အချို့သောနေရာများတွင် မြေပြင် အနေအထားများအရ အခက်အခဲများရှိ ရှိနေသေး‌သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 29 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 24 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 30 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 28 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 21 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 27 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 32 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 27 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို