နိုင်ငံအာဏာကို ကာလုံခေါ်ကာ (၆)လ သက်တမ်းတိုးခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီဟာ မြန်မာနိုင်ငံ တ၀န်းက မြို့နယ်ပေါင်း (၃၇) မြို့နယ်ကို ဖေဖေါ်ဝါရီ (၂) ရက်နေ့မှာ စစ်အုပ်ချုပ်ရေး ကြေညာလိုက် တယ်လို့သိရပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာလိုက်တဲ့မြို့နယ်အရေအတွက်ကတော့ စစ်ကိုင်းတိုင်း (၁၁) မြို့နယ်၊ ချင်းပြည်နယ်(၇) မြို့နယ်၊ မကွေးတိုင်း (၅) မြို့နယ်၊ ပဲခူးတိုင်း (၅) မြို့နယ်၊ မွန်ပြည်နယ်မှာ(၁) မြို့နယ်၊ ကရင်ပြည်နယ်မှာ( ၂) မြို့နယ်၊ တနင်္သာရီ တိုင်းမှာ (၂) မြို့နယ်၊ ကယားပြည်နယ်မှာ (၄) မြို့နယ် တို့ ဖြစ်ပါတယ်။
စစ်အုပ်ချုပ်ရေးထုတ်ပြန်ချက် အရသက်ဆိုင်ရာနယ်မြေတွေမှာ စစ်တိုင်းမှူး ဒါမှမဟုတ် စစ်နယ်မြေမှူးတွေကို တာဝန်လွှဲပြီး စစ်အုပ်ချုပ်ရေးအာဏာ အပြည့်အဝ အသုံးပြုခွင့်ပေးလိုက်တာ ဖြစ်တယ်လို့သိရပါတယ်။
စစ်ကောင်စီအနေနဲ့ နိုင်ငံရဲ့ သုံးပုံ နှစ်ပုံသာ ထိန်းချုပ်နိုင်စွမ်းရှိနေတယ်လို့ စစ်ခေါင်း ဆောင်မင်းအောင်လှိုင်က ကာလုံအစည်းအဝေးမှာ ဝန်ခံပြော ကြားပြီး နောက်မှာ အခုလိုမျိုး မြို့နယ်တွေကို စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန် ခဲ့တာဖြစ်ပါတယ်။