နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

NLD ပါတီက ဦးဖြိုးမင်းသိန်း၊ ဒေါ်စန္ဒာမင်း အပါအဝင်း ၄ ဦးကို ပါတီမှ အပြီးအပိုင် ထုတ်ပယ်

NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်တဲ့ ဦးဖြိုးမင်းသိန်း၊ ဗဟိုကော်မတီဝင်တွေဖြစ်တဲ့ ဒေါ်စန္ဒာမင်း၊ ဦးတိုးလွင်နဲ့ ဦးဝင်းမြင့်အောင်တို့ကို ပါတီကနေ အပြီးအပိုင်ထုတ်ပယ်လိုက်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက မတ် ၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၊ တိုင်းလွှတ်တော်အမတ်ဟောင်း ဒေါ်စန္ဒာမင်းတို့ကို ပါတီက ပေးအပ်ထားသော တာဝန်များအားလုံး ရပ်ဆိုင်းသည့်အပြင် ပါတီဝင်အဖြစ်မှပါ အပြီးအပိုင် ထုတ်ပယ်လိုက်တယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။ ဦးဖြိုးမင်းသိန်းဟာ စစ်ကောင်စီ သက်သေအဖြစ် ဆောင်ရွက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်လာခြောက်သိန်းနှင့် ရွှေ ၇ပိဿာ ပေးခဲ့တယ်လို့ တရားခွင်မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

အာဏာလု စစ်ကောင်စီဟာ အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်ပြီး ပြည်သူလူထုနဲ့ ကမ္ဘာကိုလှည့်စားဖို့အတွက် လုပ် ဆောင်နေချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အချို့ ဟာ ပြည်သူ့ဆန္ဒသဘောထားကို လေးစားလိုက်နာမှု မရှိတဲ့အပြင် ပါတီ၏ရပ်တည်ချက်တို့ကို ဆန့်ကျင်၍လည်းကောင်း၊ ပါတီအမည်ကို အလွဲသုံးစားလုပ်ဆောင်၍လည်းကောင်း၊ စစ်အာဏာရှင် အလိုကျလိုက်နာဆောင်ရွက်ရင်း ကိုယ်ကျိုးရှာ လုပ်ဆောင်နေကြတာကို ခိုင်လုံတဲ့ အထောက်အထားများ ရရှိထားတယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပေါ် မမှန်မကန် သက်သေထွက်ဆိုသူတွေနဲ့ ပြည်သူ့ဆန္ဒကို ကျောခိုင်းပြီး ပါတီမူဝါဒတွေကို ဆန့်ကျင်လုပ်ဆောင်နေသူတွေကို အရေးယူပေးဖို့ ပါတီဝင်တွေရဲ့တင်ပြချက်အရ အဲဒီ ပုဂ္ဂိုလ်လေးဦးကို ပါတီကနေ အပြီးအပိုင်ထုတ်ပယ်လိုက်ပြီး ပေးအပ်ထားတဲ့ တာဝန်တွေကို ရပ်ဆိုင်းကြောင်းနဲ့ ၄င်းတို့ရဲ့ ပြောဆိုဆောင်ရွက်မှုတွေဟာ ပါတီနဲ့ မသက်ဆိုင်ကြောင်း လို့ပါရှိပါတယ်။

ဦးဖြိုးမင်းသိန်းဟာ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၁၅ ဦးထဲက တဦးဖြစ်ပြီး NLD အစိုးရလက်ထက် တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေထဲ သူတဦးတည်းသာ စစ်ကောင်စီရဲ့ ထောင်ဒဏ်ချမှတ်ခြင်းမခံရတာဖြစ်ပြီး သူ့ကိုစွဲဆိုခဲ့တဲ့ ရွေးကောက်ပွဲမသမာမှု ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) ကိုလည်း ဒဏ်ငွကျပ်တစ်သိန်းသာ ချမှတ်ခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ် ။

ဒေါ်စန္ဒာမင်းဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ နေပြည်တော်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ၂၀၁၅ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရပြီး ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ပါတီရဲ့တာဝန်ပေးချက်အရ ရွေးကောက်ပွဲဝင်မပြိုင်တော့ဘဲ နေပြည်တော် ပါတီအောင်နိုင်ရေးအဖွဲ့ကိုဦးဆောင်ခဲ့သူဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် ဒေါ်စန္ဒာမင်းဟာ ဖမ်းဆီးခံရတာ မရှိခဲ့ဘဲရန်ကုန်က ပါတီဌာနချုပ်ရုံးရဲ့ ရုံးပိုင်းဆိုင်ရာ ထိန်းသိမ်းမှုလုပ်ငန်းတချို့ကို တောက်လျှောက်ဆောင်ရွက်ပေးခဲ့တာမျိုးရှိခဲ့ပြီးအဲဒီနောက်ပိုင်းမှာ စစ်ကောင်စီနဲ့ ညှိနှိုင်းဆောင်ရွက်တယ်ဆိုတဲ့ သတင်းတွေ၊ တစ်ခါ ပါတီရုံးပြန်ဖွင့်ဖို့ ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်တွေထွက်ပေါ်ခဲ့ပြီးဒါတွေဟာမဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့တာတွေရှိခဲ့ပါတယ်။

ဒါ့အပြင် နေပြည်တော်အချုပ်ထောင်မှာရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံ ဒေါ်စန္ဒာမင်းနဲ့ ဦးတိုးလွင်တို့ သွားရောက်တွေ့ဆုံကြတဲ့ သတင်းတွေလည်းပြီးခဲ့တဲ့ လပိုင်းတွေက ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပေမဲ့ ဒီသတင်းဟာလည်းမဟုတ်မှန်ကြောင်း ကာယကံရှင်တွေဘက်က ငြင်းဆိုခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်သူ့ဆန္ဒသဘောထားနှင့်အညီ ရပ်တည်ဆောင်ရွက်နေသော နိုင်ငံရေးပါတီတခုဖြစ်ပြီး ပါတီသက်တမ်း (၃၅)နှစ်တာ ကာလတစ်လျှောက်လုံး ကြုံတွေ့ရသည့် အခက်အခဲအကြပ်အတည်းများကို ကြံ့ကြံ့ခံရင် ဆိုင် ဖြတ်ကျော်နိုင်ခဲ့သည်မှာ သမိုင်းဖြစ်ရပ်များက သက်သေရှိကြောင်းနှင့် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဗဟိုအလုပ်အမှုဆောင်များ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသည့် အခုလို တော်လှန်ရေးကာလမှာ ပါတီရဲ့ လုပ်ငန်းတာဝန်‌ တွေကို ဗဟိုအလုပ်ကော်မတီမှ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ ဆောင်ရွက်နေတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 92 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 78 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 71 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 62 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 77 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 66 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 58 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို