နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်

အားကစား

အားကစား

ချဲလ်ဆီး နည်းပြရာထူးမှ ဂရေဟမ်ပေါ်တာ ထုတ်ပယ်ခံရ

စနေနေ့က ရင်ဆိုင်ကစားခဲ့တဲ့ပွဲမှာ အက်စ်တွန်ဗီလာကို အရေးနိမ့်ပြီးတဲ့နောက် ချဲလ်ဆီးအသင်းဟာ နည်းပြဂရေဟမ်ပေါ်တာကို ရာထူးက ထုတ်ပယ်လိုက်ပါတယ်။ ဂရေဟမ်ပေါ်တာဟာ စက်တင်ဘာလ အတွင်းက ချဲလ်ဆီးနည်းပြအဖြစ်စတင်တာဝန်ယူခဲ့တာဖြစ်ပြီး ၇ လအတွင်းကစားခဲ့တဲ့ ၃၁ ပွဲမှာ ၁၁ ပွဲ အထိ ရှုံးပွဲတွေ့ခဲ့တာကြောင့် ရာထူးက ထုတ်ပယ်ခြင်းခံခဲ့ရတာပါ။

ချဲလ်ဆီးအသင်းဟာ ယခုရာသီမှာ ကစားသမားသစ်ခေါ်ယူအားဖြည့်မှုအဖြစ် ပေါင်သန်း ၅၅၀ အထိ အသုံးပြုခဲ့ပေမယ့် အမှတ်ပေးဇယားမှာ အဆင့် ၁၁ နေရာရပ်တည်နေရပြီး ထိပ်ဆုံး ၄ သင်းနေရာနဲ့ ၁၂ မှတ်အထိ ကွာခြားနေခဲ့လို့ နည်းပြဂရေဟမ်ပေါ်တာအပေါ် အသင်းပိုင်ရှင် တော့ဘိုလီက စိတ်ပျက်ခဲ့ရတာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ထုတ်ပြန်ကြေညာချက်မှာတော့ ချောမွေ့တဲ့အပြောင်းအလဲတစ်ခုဖြစ်ဖို့အတွက် နည်းပြဂရေဟမ်ပေါ်တာနဲ့ သဘောတူညီမှုရရှိခဲ့တာကြောင့် လက်ရှိမှာ လက်ထောက်နည်းပြဘရူနိုဆယ်တာကို ယာယီနည်းပြအဖြစ် ဆက်လက်ခန့်သွားမယ်လို့ သိရပါတယ်။ ချဲလ်ဆီးအသင်းဟာ လာမယ့်အင်္ဂါနေ့မှာ လီဗာပူးအသင်းကို အိမ်ကွင်းမှာ ရင်ဆိုင်ဖို့ရှိနေပြီး ဧပြီလ ၁၂ ရက်နေ့မှာတော့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ဖို့ရှိနေပါတယ်။

ယခုရာသီမှာ ပရီးမီးယားလိဂ်က နည်းပြအပြောင်းအလဲ ၁၃ ဦးအထိရှိခဲ့ပြီး လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာလည်း ယခုရက်ပိုင်းအတွင်းမှာပဲ ထုတ်ပယ်ခံခဲ့ရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အားကစား

ကာလို့စ် အယ်လ်ကာရက်ဇ် သည် ဂျင်းနစ်ခ် စင်းနာ (Jannik Sinner) ကို လေးပွဲကစားပြီး အနိုင်ယူကာ US Open ဆုကို ဒုတိယအကြိမ်မြောက် ဆွတ်ခူး သွားခဲ့ပါသည်။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 8 ရက်
  • 65 Views
CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၇) ရက် ကာလို့စ် အယ်လ်ကာရက်ဇ်ဟာ US Open ချန်ပီယံဆုကို နှစ်ကြိမ်၊ ဂရမ်စလင်းချန်ပီယံဆုကို
အားကစား

မြန်မာ့အားကစားဦးမော့လာစေဖို့ ဒို့တတွေကြိုးစားစို့

  • 2025 ခုနှစ်၊ မေလ 31 ရက်
  • 391 Views
မြန်မာ့အားကစားဦးမော့လာစေဖို့ ဒို့တတွေကြိုးစားစို့ မြန်မာနိုင်ငံမှာ ကျောင်းပညာသင်ကြားရေးမှာစစ်အစိုးရအဆက်ဆက် ကျောင်းသားတွေကို စာသင်ကြားရေးကိုသာ ဇောင်းပေးလုပ်ခဲ့ပြီး အားကစားပညာကို အလေးမပေးခဲ့တာကြောင့် မြန်မာကလေးတွေ ထူးချွန်တဲ့အားကစားသမားတွေ ကမ္ဘာကျော်
Sport အားကစား

ဘရာဇီးဘောလုံးအဖွဲ့ချုပ်ကို ဖီဖာက အရေးယူတော့မှာမဟုတ်

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 691 Views
ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဥက္ကဌအဖြစ် အက်ဒ်နယ်ဒို ရိုဒရီဂွက်ဇ် ပြန်လည်ရွေးချယ်ခံရပြီးနောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)အနေနဲ့ အရေးယူမှုတွေ ဆက်လုပ်သွားမှာ မဟုတ်ဘူးလို့ ဖီဖာရဲ့တရားရေးရာ ဒါရိုက်တာ အီမီလီယိုဂါစီယာက အတည်ပြုပြောဆိုလိုက်ပါတယ်။ အက်ဒ်နယ်ဒို ရိုဒရီဂွက်ဇ်ဟာ ပြီးခဲ့တဲ့လအတွင်းက ကျင်းပခဲ့တဲ့ ဘရာဇီးဥက္ကဌသစ်ရွေးကောက်ပွဲမှာ မသမာမှုတွေပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ရာထူးက
အားကစား

တိုင်ဆန်ဖြူရီကို စိန်ခေါ်ထိုးမယ့် အန်ဂါနူးဆိုတာ…

  • 2023 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 718 Views
ဘောက်ဆင်ဟဲဗီးဝတ်ချန်ယီယံနဲ့ သိုင်းပေါင်းစုံဟဲဝီးဝိတ်ချန်ပီယံတို့ဗိုလ်လုပွဲ။ ဖရင့်စစ်အန်ဂါနူး (FRANCIS NGANNOU) က UFC ဟဲဝီးဝိတ်ချန်ပီယံ ဖြစ်ပြီး အခု WBC ဘောက်ဆင်ဟဲဗီးဝိတ်ချန်ပီယံ တိုက်ဆန်ဖြူရီ (Tyson Fury) နဲ့ ဒီနေ့ အောက်တိုဘာလ (၂၈) ရက်
ဘောလုံး အားကစား

ပွဲမပြီးဆုံးခင် အိမ်ပြန်ကြတဲ့ ပရိသတ်တွေထဲမှာ မန်ယူပရိသတ်များထိပ်ဆုံးက ရပ်တည်နေ

  • 2023 ခုနှစ်၊ ဩဂုတ်လ 31 ရက်
  • 741 Views
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲမပြီးဆုံးခင် အိမ်ပြန်ကြတဲ့ ပရိသတ်တွေထဲမှာ မန်ယူပရိသတ်တွေ အဆိုးရွားဆုံးဖြစ်တယ်လို့ ပရိသတ်အခြေပြုစစ်တမ်းတစ်ရပ်မှာ ဖော်ပြသွားခဲ့ပါတယ်။ Betfair ကုမ္ပဏီရဲ့ YouGov စစ်တမ်းမှာ ပရိသတ် ၁၃၀၀ ကျော် ပါဝင်ခဲ့ကြပြီး သူတို့ရဲ့ အဖြေတွေအရ မန်ယူပရိသတ်တွေဟာ ပွဲမပြီးခင်
ဘောလုံး အားကစား

ဝူဗာဟမ်တန်ကွင်းလယ်လူ နူနက်စ်ကို ခေါ်ယူဖို့ မန်စီးတီးသဘောတူညီမှုရရှိ

  • 2023 ခုနှစ်၊ ဩဂုတ်လ 31 ရက်
  • 705 Views
မန်စီးတီးအသင်းဟာ ဝူဗာဟမ်တန်ကွင်းလယ်လူ မက်သရူးနူနက်စ်ကို ပြောင်းရွှေ့ကြေးပေါင် ၄၇.၃ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဝူဗာဟမ်တန်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပေမယ့် မက်သရူးနူနက်စ်နဲ့ကတော့ ပုဂ္ဂိုလ်ရေး သဘောတူညီချက် မရသေးပါဘူး။ ကစားသမားနဲ့ပါ သဘောတူညီမှု
ဘောလုံး အားကစား

နည်းပြဇာဗီရဲ့နည်းစနစ်ပိုင်းကို တိုက်စစ်မှူးလီဝန်ဒေါစကီးဝေဖန်

  • 2023 ခုနှစ်၊ ဩဂုတ်လ 30 ရက်
  • 802 Views
ဗီလာရီးရဲလ်အသင်းနဲ့ရင်ဆိုင်ကစားခဲ့တဲ့ တနင်္ဂနွေနေ့က လာလီဂါပွဲစဉ်မှာ တိုက်စစ်ကစားသမား အလုံအလောက် ပွဲထုတ်ခြင်းမရှိခဲ့တဲ့အပေါ် တိုက်စစ်မှူး လီဝန်ဒေါစကီးက ဘာစီလိုနာနည်းပြဇာဗီရဲ့ နည်းစနစ်ပိုင်းကို ဝေဖန်ပြောဆိုခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဗီလာရီးရဲလ်အသင်းကို အဝေးကွင်းမှာ ခက်ခက်ခဲခဲရင်ဆိုင်ကစားခဲ့ရပြီး ဂါဗီ၊ ဒီဂျောင်၊ ဖာရန်တောရက်စ်၊ လီဝန်ဒေါစကီးတို့ရဲ့ သွင်းဂိုးတွေကြောင့်
ဘောလုံး အားကစား

ဒဏ်ရာကြောင့် မန်ယူနောက်ခံလူ ဗာရန်း ၆ ပတ်ခန့်အနားယူရဖွယ်ရှိနေ

  • 2023 ခုနှစ်၊ ဩဂုတ်လ 30 ရက်
  • 686 Views
နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် မန်ယူနောက်ခံလူ ဗာရန်ဟာ ရက်သတ္တပတ် ၆ ပတ်ခန့်အနားယူရဖွယ်ရှိနေပါတယ်။ ဗာရန်းရဲ့ ဒဏ်ရာပြဿနာကြောင့် မေဆင်မောင့်၊ လုခ်ရှောတို့ ဒဏ်ရာရနေတဲ့ မန်ယူအသင်းအတွက် ထိုးနှက်ချက်တစ်ခုလည်း ဖြစ်လာခဲ့ရပါတယ်။ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ဗာရန်းဟာ ဒဏ်ရာကြောင့်