နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံဖို့ရှိနေ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့လည်း တွေ့ဆုံဖွယ်ရှိတယ်လို့ သတင်း ထွက်ပေါ်

တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Qin Gang ဟာ ဒီနေ့ မေလ ( ၂) ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တယ်လို့ နစကရဲ့ ထိပ်ပိုင်းသတင်းတွေအရ သိရပါတယ်။


တရုတ်နိုင်ငံခြားရေး ဝန်ကြီး Mr.Qin Gang အနေနဲ့ မေလ (၁) ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလန်ဟေဇာနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။


အဲဒီလို တွေ့ဆုံဆွေးနွေးမှုအပြီး ဒီနေ့ မေလ (၂)ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာခြင်းဖြစ်ပြီး နစကအကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖြစ်တည်လာတာလည်း ဖြစ်ပါတယ်။


သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒီနေ့ (ဒါမှမဟုတ်) မနက်ဖြန်မှာ တွေ့ဆုံဆွေးနွေးသွားဖို့ ရှိနေပါတယ်။ ဒါ့အပြင် Mr.Qin Gang အနေနဲ့ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့လည်း တွေ့ဆုံဆွေးနွေးသွားဖို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။


လေ့လာသုံးသပ်ချက်တွေအရတော့ တရုတ်- မြန်မာ နှစ်နိုင်ငံဆက်ဆံရေး၊ နယ်စပ်လုံခြုံရေး၊ စီးပွားရေး၊ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အရှုပ်အထွေး ညှိနှိုင်းအဖြေရှာဖို့ စတဲ့ အချက်တွေကို ထည့်သွင်းဆွေးနွေးသွားဖို့ ရှိနေပါတယ်။


နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို လေးစားသင့်ပြီး နိုင်ငံတွင်း တည်ငြိမ်အေးချမ်းရေးကို ပြန်လည် ရရှိစေဖို့အတွက် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေ တိုးမြှင့်လုပ်ဆောင် ပေးရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလန်ဟေဇာနဲ့ တွေ့ဆုံစဉ် Mr.Qin Gang က ပြောကြားခဲ့တာရှိသလို မြန်မာ့နိုင်ငံရေး အခက်အခဲကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေ မူဘောင် တွေအတိုင်း နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေကနေတစ်ဆင့် နိုင်ငံရေးအသွင် ကူးပြောင်းမှုတွေကို ပြန်လည် စတင်သင့်ကြောင်းလည်း ပြောဆိုခဲ့ပါသေးတယ်။


Mr.Qin Gang ရဲ့ ပြောဆိုချက်တွေအရဆိုရင် တရုတ်နိုင်ငံရဲ့ တာဝန်ရှိသူတွေ အနေနဲ့ NUG/PDF အပေါ် သာမန်အရပ်ဖက်အဖွဲ့အစည်း တစ်ခုအဆင့်လောက်သာ သဘောထားတယ်ဆိုတာ ပေါ်လွင်စေခဲ့ပါတယ်။


တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ မစ္စတာ Peng Xiubin နဲ့ အဖွဲ့ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့က နေပြည်တော်မှာ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။
Era’sEye/Photo – AP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 84 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 76 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 72 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 66 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 57 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 70 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 60 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 52 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို