ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အစပ်၊ ထန်းတပင်မြို့နယ်ထဲက ဘုမ္မတီးကျေးရွာအုပ်စုထဲကို မေ(၂) ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချခဲ့တယ်လို့သိရပါတယ်။
အဲဒီလို ဗုံးကြဲပြီး လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့် ကျွဲလမ်းကျေးရွာက အရပ်သား ၃ ဦး သေဆုံးတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။
စစ်ကောင်စီနဲ့ KNU တပ်မဟာ (၂) ရဲ့ KNLA တပ်ဖွဲ့ တို့ မေ(၂) ရက် မနက်ပိုင်းက ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ညနေပိုင်းမှာ စစ်တပ်က အခုလို လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်လာတာပဲ ဖြစ်ပါတယ်။
အခုလိုလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဘုမ္မတီး၊ ကျွဲလမ်း၊ သရက်တန်း၊ ကြို့ပင်သာကျေးရွာတွေက ဒေသခံတွေဟာ တောင်ငူ နဲ့ ထန်းတပင်မြို့ပေါ်တွေမှာ စစ်ဘေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Era’sEyes | Photo – CRD