သာယာဝတီမြို့ အကျဉ်းထောင်ကနေ မေလ ၃ ရက် က စစ်ကောင်စီရဲ့ လွတ်ငြိမ်းနဲ့ လွတ်မြောက်လာသူတွေထဲမှာ, အုတ်ဖိုမြို့နယ် NLD ပါတီ ပြန်ကြားရေးတာဝန်ခံ ကိုတင်ကိုကိုထွဋ်အပါအဝင် ၂၀၆ ဦး ရှိတယ်လို့ သိရှိရပါတယ်။
လွတ်လာသူတွေထဲမှာ အမျိုးသား ၁၃၀ ဦးနဲ့ အမျိုးသမီး ၇၆ ဦးပါဝင်ပြီး ပြန်လွှတ်မပေးခင်ကတည်းက ခံဝန်ကတိ ထိုးခိုင်းခဲ့တယ်လို့ သိရပါတယ်။
ခံဝန်ထိုးခိုင်းရုံတင်မဟုတ်ပဲ နောက်တခါထပ်လုပ်ရင် မိသားစုတွေကိုပါ ဖမ်းဆီးမယ်ဆိုပြီး ပြောဆိုခြိမ်းခြောက်ခဲ့တယ်လို့ ပြန်လွတ်လာသူတွေဆီက သိရပါတယ်။
စစ်ကောင်စီဟာ ပုဒ်မ ၅၀၅ – က နဲ့ ထောင်ဒဏ်ချမှတ်ခံရသူတွေထဲက ၂၁၅၃ ဦးကို ကဆုန်လပြည့်နေ့ အထိမ်းအမှတ် လူသားချင်းစာနာမှုအရ လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ မေလ ၃ ရက် ဒီနေ့မှာ ထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။
Era’sEyes | Photo- CJ