နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရခိုင်မှာ AA က ပထမဆုံးအကြိမ်အဖြစ် အရာရှိလောင်းများ သင်တန်းဆင်းပွဲပြုလုပ်.

၂၀၂၃ ခုနှစ် ၊ ဇူလိုင် (၄)ရက် ၊ ခေတ်မျက်လုံး။

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်(AA)က အရာရှိလောင်း ၃၂၆ဦးရဲ့ သင်တန်းဆင်းပွဲအခမ်းအနားကို ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ရက္ခိုင့်တပ်တော်(AA)က အရာရှိလေ့ကျင့်ရေးသင်တန်းအမှတ်စဉ်(၃)အား ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၁ရက်နေ့ကစပြီး သင်တန်းသား၊ သင်တန်းသူ ၃၂၆ယောက်ဖြင့် ရခိုင်မှာ စတင်ခဲ့ကာ ၂၀၂၃ခုနှစ် ဇွန်လ ၁၉ရက်နေ့မှာ အရာရှိလောင်းအဖြစ် အသိအမှတ်ပြုအခမ်းအနားကို ပြုလုပ်ခဲ့တာပါ။

ရက္ခိုင့်တပ်တော်အနေနဲ့ အရာရှိလေ့ကျင့်ရေးသင်တန်းကျောင်းကို ၉နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့ဖြစ်တဲ့ ၂၀၁၈ခုနှစ် ဧပြီလ ၁၀ရက်နေ့မှာ စတင်ပြီး ကချင်ပြည်နယ်အတွင်း သင်တန်းသူ၊ သင်တန်းသား ၁၃၈ဦးဖြင့် ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

သို့သော်လည်း စစ်ရေး၊ နိုင်ငံရေး၊ ကပ်ရောဂါအခြေအနေများကြောင့် မျှော်မှန်းထားသော အနေအထားသို့ ပြည့်မီစွာ ရောက်ရှိနိုင်ခြင်းမရှိခဲ့သော်လည်း အရာရှိလောင်းများ ထွက်ပေါ်လာရေးကဏ္ဍကို ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

ယခုအခါ AA အနေနဲ့ ရခိုင်ပြည်မှာ ပထမဆုံးအကြမ်အဖြစ် အရာရှိလောင်းများ သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့သလို အမှတ်စဉ်(၄)ကိုလည်း ၂၀၂၄ခုနှစ် နှစ်ဆန်းပိုင်းမှာ ဖွင့်လှစ်သွားဖို့ လျာထားကာ ရက္ခိုင့်တပ်တော်မှာ တာဝန်ယူလိုကြသောသူများအနေနဲ့ နီးစပ်ရာ စစ်ဒေသများမှတစ်ဆင့် စုံစမ်းနိုင်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားချက်အရ သိရပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“၂၀၂၆ စစ်ရေးအလှည့်အပြောင်း”

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 17 Views
“နျုကြည်ကလည်းတိုက်-KIA ကလည်းတိုက်” ဒီအပတ် တနင်္ဂနွေနေ့ အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ခြင်း (၂၈) မှာ ၂၀၂၆နှစ်သစ်မှာ စစ်ရေးအလှည့်အပြောင်းတွေဘာတွေဖြစ်လာနေသလဲ ဘယ်လို သုံးသပ်မိသလဲ
မြန်မာသတင်း

ပေါက်ခေါင်းမြို့မှာ စစ်တပ်ယာဉ် မိုင်းဆွဲခံရပြီး (၂)ဦး‌သေသေးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 37 Views
ဇန်နဝါရီလ (၃)ရက်။ မနေ့က နေ့လယ် (၁)နာရီခွဲအချိန်က ပေါင်းခေါင်း‌မြို့မှာ စစ်တပ်ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ကြိုတင်မဲကိစ္စ ပွင့်လင်းမြင်သာမှုမရှိဘူးဆိုတဲ့အပေါ် စစ်ကော်မရှင်ပြန်ရှင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 33 Views
ဇန်နဝါရီလ (၃)ရက်။ ကြိုတင်မဲနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ပြောဆိုနေကြတဲ့အပေါ် စစ်တပ်လက်အောက်ခံ ရွေး/ကော်က ဒီကနေ့မှာ ပြန်လည်ရှင်းလင်းချက် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ကြိုတင်မဲပေးတာကို သက်ဆိုင်ရာရွေး/ကော်အဖွဲ့ခွဲတွေက နိုင်ငံရေးပါတီတွေကို အသိပေးခဲ့ပြီး မဲပေးခဲ့သလို ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မဲရုံမဖွင့်ခင် မဲရုံမှူးတွေဆီ အပ်နှံခဲ့တယ်လို့
မြန်မာသတင်း

ကသာမြို့သိမ်းတိုက်ပွဲ မြို့လယ်အထိ တော်လှန်ရေးတပ်တွေ ဝင်ရောက်ထိုးစစ်ဆင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 24 Views
ဇန်နဝါရီလ (၃)ရက်။ ကသာမြို့သိမ်းတိုက်ပွဲထဲ မြို့လယ်အထိ တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ အခု တော်လှန်ရေးတပ်တွေ မြို့ထဲ တောက်လျှောက်ဝင်သွားတာ မြို့ရဲ့တဝက်လို့ ပြောလို့ရနေပြီပေါ့၊ မြို့လယ်ခေါင်အထိရောက်နေပြီ။ စခတွေကတော့ ခမရ(၃၀၉)တခုထဲကပဲ အဓိကခုခံနေတာ” လို့
မြန်မာသတင်း

လှည်းကူးမြို့ရှိ စစ်ကောင်စီရဲ့ ခရိုင်ထွေ/အုပ်ရုံး မိုင်းခွဲခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 24 Views
ဇန်နဝါရီလ (၃)ရက်။ မနေ့က ညနေ (၆)နာရီ (၄၀)ခန့်က ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ စစ်ကောင်စီရဲ့ ခရိုင်ထွေ/အုပ်ရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army(YA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လှည်းကူး ပဲခူးကားလမ်းမကြီးဘေးက ခရိုင်ထွေ/အုပ်ရုံးကို နှစ်သစ်ကူးလက်ဆောင်အနေနဲ့
မြန်မာသတင်း

ဆင်ဖြူကျွန်းမြို့ရှိ စစ်ကော်မရှင်ရဲ့ ရုံးဌာနတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 28 Views
ဇန်နဝါရီလ (၂)ရက်။ မနေ့က ဆင်ဖြူကျွန်းမြို့ရှိ စစ်ကော်မရှင်ရဲ့ ထွေ/အုပ်ရုံးအပါအဝင် ထောက်တိုင် ရုံးဌာနတွေကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ‌ထောက်တိုင်ရုံးဌာနတွေကို မင်းဘူးခရိုင်စစ်ဌာနရဲ့ ကွပ်ကဲမှုနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက
မြန်မာသတင်း

ဆိပ်ဖြူမြို့မှာ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး (၁၆)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 34 Views
ဇန်နဝါရီလ (၂)ရက်။ ဒီဇင်ဘာလ (၃၀)ရက်နေ့က ဆိပ်ဖြူမြို့နယ်မှာ စစ်တပ်ယာဉ်တန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူခရိုင်စစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဆိပ်ဖြူမြို့ကနေထွက်လာတဲ့ စစ်တပ်ရဲ့ ကား(၄)စီးပါယာဉ်တန်းကို လာကြိုတဲ့ သံပြားကာကား(၁)စီးနဲ့ အိမ်စီးကား (၁)စီးကို
မြန်မာသတင်း

ဒီပဲယင်းနယ်မှာ စစ်ဘေးရှောင်တွေရှိတဲ့ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 24 Views
ဇန်နဝါရီလ (၂)ရက်။ မနေ့က ည (၇)နာရီခွဲအချိန်က ဒီပဲယင်းနယ် မူးကမ်းကြီးရွာရှိ စစ်ဘေးရှောင်တွေ‌ရှိတဲ့ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ ည (၇)နာရီခွဲလောက် မူးကမ်းကြီးရွာမှာ စစ်ဘေးရှောင်တွေနေတဲ့ စာသင်ကျောင်းကို