နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

လွိုင်လင်လေး အခြေစိုက် စစ်ကောင်စီ ခလရ (၅၃၀)တပ်ကို ကရင်နီတပ်များအလစ်ဝင်ရောက် တိုက်ခိုက်

ကရင်နီပြည်နယ်၊ လွိုင်လင်လေးမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ(၅၃၀)တပ်ကို
KNDF – အဖွဲ့တွေက အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။

ဇူလိုင်၂ ရက် နံနက်ပိုင်းက လွိုင်လင်လေးမြို့ အခြေစိုက် ခလရ (၅၃၀)တပ်ကို KNDF တပ်ရင်း (၁၂ ၊ ၁၄)နှင့် ကရင်နီတပ်မတော်(KA)တို့ ပူးပေါင်း၍ အလစ်အငိုက် တိုက်ခိုက်မှု ပြုလုပ်ခဲ့ ကြတာဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှုရှိနိုင်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၁၂က ဇူလိုင် (၄) ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

“ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဖက်မှ ထိခိုက် သေဆုံးမှု ရှိနိုင်ပြီး ပူးပေါင်းတပ်ဖွဲ့ဖက်မှ ထိခိုက် မှု မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်” ဟု KNDF တပ်ရင်း(၁၂)က ထုတ်ပြန်ထားတာပါ။

သို့သော် စစ်ကောင်စီ၏ ခလရ (၅၃၀)တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့တာကြောင့်
လွိုင်လင် လေးမြို့နယ် ၊ လင်ဖုံးကြီးကျေးရွာ နှင့် နမ်းဟူးကျေးရွာများအတွင်းသို့ ကျရောက်ကာ လူနေအိမ်များထိခိုက်ပျက်ဆီးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

လတ်တလော စစ်ရေးအခြေနေအရ လွိုင်လင်လေး – ထီးစဲခါး လမ်းပေါ်တွင် စစ်ရေးအသိဖြင့် သတိပြုသွား လာကြရန်လည်း KNDF က မေတ္တာရပ်ခံထုတ်ပြန်ထားပါတယ်။

Era’sEye / (ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း -၁၂မှ ရဲဘော်များအား တွေ့စဉ်။ ဓာတ်ပုံ – KNDF)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နယ်မြေဆုံးရှုံးတာတွေနဲ့ တပ်ထဲဖိအားတွေကြောင့် နတခတိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက် တာဝန်ကနေ ဖယ်ရှားခံရ

  • 2026 ခုနှစ်၊ ဧပြီလ 27 ရက်
  • 2 Views
ဧပြီလ (၂၅)ရက်။ ဧရာဝတီတိုင်း ပုသိမ်အခြေစိုက် နတခတိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်ကို စစ်တပ်က တာဝန်ကနေ ဖယ်ရှားလိုက်တယ်လို့ တပ်ထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။
မြန်မာသတင်း

“အတုအယောင်ငြိမ်းချမ်းရေးကမ်းလှမ်းချက်နဲ့

  • 2026 ခုနှစ်၊ ဧပြီလ 26 ရက်
  • 31 Views
နိုင်ငံရေးအကျဥ်းသားများလွတ်မြောက်ရေး” မင်းအောင်လှိုင်ကအတုအယောင်ငြိမ်းချမ်းရေးကမ်းလှမ်းတယ်လို့ ပြီးပြည်နယ်တွေ တိုင်းတွေကို ဗုံးတွေကြဲနေတယ်၊ နောက်သူသမတတက်လုပ်ပြီးတဲ့နောက် မတရား ဖမ်းဆီးထားတဲ့နိုင်ငံရေးအကျဥ်းသားတွေကို လွှတ်ပေးမယ်ပြောပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အများစုကိုလွှတ်မပေးဘူး။
မြန်မာသတင်း

ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေပြော

  • 2026 ခုနှစ်၊ ဧပြီလ 25 ရက်
  • 31 Views
ဧပြီလ (၂၅)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်မှာ ချင်းပြည်နယ် ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေက ပြောဆိုထားတယ်လို့ သိရပါတယ်။ ချင်းပူးပေါင်းတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ကို စစ်တပ်က ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကုန်ပိုင်းကစပြီး အင်အားအလွန်အကျွံသုံးကာ ထိုးစစ်ဆင်ခဲ့တာပါ။ ဖလမ်းမြို့ကို
မြန်မာသတင်း

ဘိုဒါးရွာထဲ (၂)နှစ်ကျော်ကြာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဧပြီလ 25 ရက်
  • 31 Views
ဧပြီလ (၂၅)ရက်။ ဘိုဒါးရွာထဲ စစ်တပ်က တပ်စွဲထားတဲ့စခန်းကို ‌တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ ဘိုဒါးစခန်းဟာ လယ်ကဆောမြို့နယ်၊ ဘုတ်ပြင်းမြို့နဲ့ ပြည်ကြီးမဏ္ဍိုင်မြို့ကြား ပြည်ထောင်စုလမ်းမပေါ်ရှိ ဘိုဒါးရွာထဲမှာ စစ်တပ်က (၂)နှစ်ကျော်ကြာ
မြန်မာသတင်း

စစ်အုပ်စုရဲ့ အတုအယောင် ငြိမ်းချမ်းရေးဖိတ်ခေါ်တဲ့အပေါ် NUCC ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 25 ရက်
  • 27 Views
ဧပြီလ (၂၅)ရက်။ အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်ပေါင်း (၁၀၀)ထဲ အတုအယောင် ငြိမ်းချမ်းရေးဖိတ်ခေါ်တာနဲ့ပတ်သက်ပြီး NUCC က ဒီကနေ့မှာ သဘောထားထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီဖိတ်ခေါ်တာဟာ စစ်အာဏာသိမ်းတာကြောင့် ပျက်ပြယ်ပြီးဖြစ်တဲ့ ၂၀၀၈ခြေ/ဥနဲ့ NCA လမ်းကြောင်းကနေတဆင့် တော်လှန်ရေးအင်အားစုတွေကို သက်လျှိုသွေးခွဲဖို့
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ ကပစ(၂၄) ရှော့တိုက်ဒုံးတွေ၊ လက်လုပ်ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 36 Views
ဧပြီလ (၂၄)ရက်။ ဧပြီလ (၂၀)ရက်နေ့က ပေါက်မြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ ကပစ(၂၄)ကို ရှော့တိုက်ဒုံးတွေ၊ လက်လုပ် ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မကွေးတိုင်းပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကပစ(၂၄)ကို MGY–30 Special Operations Unit–3
မြန်မာသတင်း

ဝက်လက်နယ်ရှိ စာသင်ကျောင်းကို စစ်တပ်က အသေခံဒရုန်းတွေနဲ့ လေကြောင်းတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 35 Views
အရပ်သားတဦးသေဆုံးပြီး စာသင်နေတဲ့ ကျောင်းသားကျောင်းသူတွေ ထိခိုက်ဒဏ်ရာရခဲ့ ဧပြီလ (၂၄)ရက်။ မနေ့က နေ့လယ် (၁၁)နာရီခွဲအချိန်က ဝက်လက်မြို့ မုဆိုးခြုံ(ရွာမ)ရွာ စာသင်ကျောင်းကို စစ်တပ်က အသေခံဒရုန်းတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖထံက သိရပါတယ်။ “ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မုဆိုးခြုံ(ရွာမ)ရွာစာသင်ကျောင်းကို
မြန်မာသတင်း

မင်းအောင်လှိုင်ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ဂုဏ်ပြုတယ်ဆိုတဲ့ သဝဏ်လွှာအတု ထွက်ပေါ်နေတယ်လို့ MNDAA ပြော

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 32 Views
ဧပြီလ (၂၄)ရက်။ မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ကြိုဆိုဂုဏ်ပြုတဲ့ သဝဏ်လွှာအတု ထွက်ပေါ်နေတာကြောင့် သတိပြုကြဖို့ ကိုးကန့်တပ်(MNDAA)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခုအခါ လူမှုကွန်ရက်စာမျက်နှာတွေမှာ “ The Kokang” နဲ့ တရုတ်ဘာသာနဲ့