နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

လွိုင်လင်လေး အခြေစိုက် စစ်ကောင်စီ ခလရ (၅၃၀)တပ်ကို ကရင်နီတပ်များအလစ်ဝင်ရောက် တိုက်ခိုက်

ကရင်နီပြည်နယ်၊ လွိုင်လင်လေးမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ(၅၃၀)တပ်ကို
KNDF – အဖွဲ့တွေက အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။

ဇူလိုင်၂ ရက် နံနက်ပိုင်းက လွိုင်လင်လေးမြို့ အခြေစိုက် ခလရ (၅၃၀)တပ်ကို KNDF တပ်ရင်း (၁၂ ၊ ၁၄)နှင့် ကရင်နီတပ်မတော်(KA)တို့ ပူးပေါင်း၍ အလစ်အငိုက် တိုက်ခိုက်မှု ပြုလုပ်ခဲ့ ကြတာဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှုရှိနိုင်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၁၂က ဇူလိုင် (၄) ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

“ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဖက်မှ ထိခိုက် သေဆုံးမှု ရှိနိုင်ပြီး ပူးပေါင်းတပ်ဖွဲ့ဖက်မှ ထိခိုက် မှု မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်” ဟု KNDF တပ်ရင်း(၁၂)က ထုတ်ပြန်ထားတာပါ။

သို့သော် စစ်ကောင်စီ၏ ခလရ (၅၃၀)တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့တာကြောင့်
လွိုင်လင် လေးမြို့နယ် ၊ လင်ဖုံးကြီးကျေးရွာ နှင့် နမ်းဟူးကျေးရွာများအတွင်းသို့ ကျရောက်ကာ လူနေအိမ်များထိခိုက်ပျက်ဆီးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

လတ်တလော စစ်ရေးအခြေနေအရ လွိုင်လင်လေး – ထီးစဲခါး လမ်းပေါ်တွင် စစ်ရေးအသိဖြင့် သတိပြုသွား လာကြရန်လည်း KNDF က မေတ္တာရပ်ခံထုတ်ပြန်ထားပါတယ်။

Era’sEye / (ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း -၁၂မှ ရဲဘော်များအား တွေ့စဉ်။ ဓာတ်ပုံ – KNDF)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သာယာဝတီခရိုင်တပ်ရင်းတွေမှာ တော်လှန်ရေးရဲဘော်အချင်းချင်း ဖမ်းဆီးသတ်ဖြတ်တာတွေရှိနေ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၂၂) ရက်။ သာာယာဝတီခရိုင်တပ်ရင်းတွေမှာ တော်လှန်ရေးရဲဘော်တွေအချင်းချင်း အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိနေတယ်လို့ တပ်ရင်းတွေနဲ့ နီးစပ်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

မြိတ်-ထားဝယ်ခရိုင် ကစယ်ဒိုမြို့မှာ NUG အုပ်ချုပ်ရေးယန္တရားမလုပ်ဖို့ KNU ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 6 Views
ဖေဖော်ဝါရီလ (၂၂)ရက်။ မြိတ်-ထားဝယ်ခရိုင် ကစယ်ဒိုမြို့နယ်မှာ NUG အနေနဲ့ အုပ်ချုပ်ရေးယန္တရား ဆောင်ရွက်တာမလုပ်ဖို့ KNU က အသိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
မြန်မာသတင်း

MNRF စခန်း စီးနင်းတိုက်ခိုက်ခံရပြီး တော်လှန်ရေးရဲဘော် (၁)ဦးကျဆုံးကာ (၂)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 6 Views
ဖေဖော်ဝါရီလ (၂၂)ရက်။ ဖေဖော်ဝါရီလ (၁၇)ရက်နေ့ နံနက် (၃)နာရီအချိန်က Moe Nyo Revolution Force(MNRF)တပ်စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဖြစ်စဉ်က (၁၇)ရက်နေ့ မနက်(၃)နာရီ တော်လှန်ရေးရဲဘော်
မြန်မာသတင်း

တိုက်ပွဲတွေကြောင့် မိုးဗြဲမြို့ထဲ သွားလာတာကို ယာယီပိတ်ထားမယ်လို့ မိုးဗြဲ-PDF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 12 Views
ဖေဖော်ဝါရီလ (၂၂)ရက်။ တိုက်ပွဲပြင်းထန်နေတာကြောင့် မိုးဗြဲမြို့ထဲ ဖြတ်သန်းသွားလာတာကို အခုရက်ပိုင်းထဲ ယာယီပိတ်ထားမယ်လို့ မိုးဗြဲ-PDF ရဲ့ မနေ့က အသိပေး ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုနှစ်စမှာ စစ်ကောင်စီက နယ်မြေတွေ ပြန်လည်စိုးမိုးနိုင်ဖို့ အင်အားသုံး ထိုးစစ်ဆင်တိုက်ခိုက်နေကာ မိုးဗြဲမြို့ကို
မြန်မာသတင်း

စစ်ပွဲတွေ ဆက်လက်ဆင်နွှဲသွားမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 9 Views
ဖေဖော်ဝါရီလ (၂၂)ရက်။ ပြည်သူတရပ်လုံးက ထောက်ခံအားပေးတာကြောင့် စစ်ပွဲတွေကို ဆက်လက်ဆင်နွှဲသွားမယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဗထူးမြို့မှာပြုလုပ်တဲ့ ဗိုလ်လောင်းသင်တန်းဆင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အခုဆင်နွှဲနေတဲ့ စစ်ပွဲဟာ တရားတဲ့စစ်ဆိုပြီး ပြောဆိုထားသလို ပြည်သူတရပ်လုံးက ဝိုင်းဝန်းထောက်ခံအားပေးနေကာ
မြန်မာသတင်း

ရန်ကုန်မှာ နှစ်ငါးလုံးနေ့အနေနဲ့ အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတရပ်ပြုလုပ်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 9 Views
ဖေဖော်ဝါရီလ (၂၂)ရက်။ ဒီကနေ့ လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မှာ နှစ်ငါးလုံးနေ့ လှုပ်ရှားမှုအနေနဲ့ အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့တယ်လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းထံက သိရပါတယ်။ ရန်ကုန်တော်လှန်လူငယ်တွေဟာ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားတဲ့အချိန် နှစ်ငါးလုံးနေ့ လှုပ်ရှားမှုအနေနဲ့ “ ငုံ့မခံနဲ့ တုန့်ပြန်၊
1027 Operations မြန်မာသတင်း

နောင်ချိုမြို့ ဗုံးအလုံးရေ (၃၀)ကျော် ကြဲချခံရ၊ အရပ်သား (၁)ဦးသေဆုံးပြီး နေအိမ်အများအပြား ပျက်စီးခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 9 Views
ဖေဖော်ဝါရီလ (၂၂)ရက်။ ဒီကနေ့ နံနက်အစောပိုင်း (၁)နာရီဝန်းကျင်ခန့်က နောင်ချိုမြို့မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံးရေ (၃၀)ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ညသန်းခေါင်အချိန် (၁၂)နာရီကျော်ကနေ (၁)နာရီခွဲလောက်အထိ Y-12
1027 Operations မြန်မာသတင်း

တအာင်းပြည်ထဲ စာသင်ကျောင်းတွေအတွက် ဆရာ/ဆရာမသစ်တွေ TLEC ခေါ်ယူနေ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 6 Views
ဖေဖော်ဝါရီလ (၂၁)ရက်။ တအာင်းပြည်ထဲရှိ အခြေခံပညာစာသင်ကျောင်းတွေအတွက် လိုအပ်နေတဲ့ ဆရာ/ဆရာမတွေကို ခေါ်ယူနေတယ်လို့ တအာင်းပြည်ပညာရေးကောင်စီ(TLEC)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လာမယ့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တအာင်းပြည်ထဲက အခြေခံစာသင်ကျောင်းတွေမှာ ဆက်လက်ဖွင့်လှစ်နိုင်ဖို့အတွက် ဆရာ/ဆရာမတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။