ချင်းတောင်တွင်စစ်ကောင်စီသံချပ်ကာကားနှစ်စီးကိုဖျက်ဆီးနိုင်ခဲ့ တဲ့ချင်းကာကွယ်ရေးတပ်ဖွဲ့များကို အမျိုးသားညီညွတ်ရေးအစိုးရက ငွေကျပ်သိန်း ၄၀၀၀ ချီးမြင့်ဂုဏ်ပြုလိုက်တယ်လို့သိရပါတယ်။
ဇူလိုင် ၄ရက် က ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၂ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ အခုလို ဂုဏ်ပြုခဲ့တာပါ၊။
” ချင်းတော်လှန်ရေး အင်အားစုတွေက အကြမ်းဖက်စစ်အုပ်စုရဲ့ သံချပ်ကာ ယာဉ် ၂ စီးကို ချေမှုန်းဖျက်ဆီးနိုင်ခဲ့တာကို အထောက်အထားတွေနဲ့တကွ တင်ပြလာတဲ့အတွက် စိစစ်ချီးမြှင့်ရေးအဖွဲ့ကလေ့လာသုံးသပ် စိစစ်ကာ အတည်ပြုနိုင်ခဲ့တာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်နဲ့အညီ သံချပ်ကာယာဉ် တစ်စီးကို ကျပ်သိန်း (၂၀၀၀) နဲ့ (၂) စီးအတွက် မြန်မာကျပ်ငွေ သိန်း(၄၀၀၀) ကို ချင်းပြည်နယ် CNF/CNA + CDFs ရဲ့ တာဝန်ရှိသူတွေကို ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတ ဒူဝါလရှီးလကလည်း ” နွေဦးတော်လှန်ရေးမှာ ချင်းပြည်နယ်အတွင်း ချင်းအမျိုးသားလွတ်မြောက်ရေးတိုက်ပွဲအတွက် တစ်ပါ တည်း လုပ်ဆောင်နိုင်တာကို တွေ့ရလို့ ကျွန်တော်တို့က ဝမ်းသာကြိုဆိုရပါတယ်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးနဲ့အတူ ချင်းအမျိုးသား လွတ်မြောက်ရေးတိုက်ပွဲကို အတူယှဉ်တွဲပြီး ဖော်ဆောင်နိုင်လို့ ချင်းလူထုအတွက် ကောင်းချီးဖြစ်စေတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ပြောကြားထားပါတယ်။
Era’sEye / စစ်ကောင်စီတပ်၏ သံချပ်ကာကား ၂ စီးကို ချင်းကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ဖျက်ဆီးခဲ့စဥ်။ ဓါတ်ပုံ- CNF)