နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

စစ်ကောင်စီက ပြည်ထဲရေးနဲ့ ကာကွယ်ရေးဝန်ကြီးနေရာတွေကို ပြောင်းလဲခန့်အပ်တာဝန်ပေး

စစ်ကောင်စီက ပြည်ထဲရေးဝန်ကြီးနဲ့ ကာကွယ်ရေး ဝန်ကြီးနေရာတွေကို ပြောင်းလဲခန့်အပ်လိုက်တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စစ်ကောင်စီရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းတာကို ဩဂုတ်လ (၃)ရက်နေ့ ညပိုင်းက ထုတ်ပြန်ခဲ့ပြီး ပြောင်းလဲခန့်အပ်တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့အထဲမှာ ပြည်ထဲရေးဝန်ကြီးအဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည်ကို ခန့်အပ်လိုက်ပြီး ယခင်တာဝန်ယူခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကတော့ အစိုးရအဖွဲ့ရုံးဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်ခံခဲ့ရပါတယ်။

ဒါ့ပြင် ဒုဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် ယခင် ပို့/ဆက်ဝန်ကြီးနေရာမှာ တာဝန်ပေးခံထားရတဲ့ ဗိုလ်ချုပ်ကြီး တင်အောင်ဆန်းကို ခန့်အပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်ကြီး တင်အောင်ဆန်း တာဝန်ယူခဲ့တဲ့ ပို့/ဆက်ဝန်ကြီးနေရာမှာတော့ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ပြောင်းရွှေ့ခန့်အပ်ခဲ့တယ်လို့ ဆိုပါတယ်။

လစ်လပ်နေတဲ့ ဝန်ကြီးနေရာတွေကို အစားထိုးခန့်အပ်တာတွေရှိခဲ့သလို လူ/ကယ်/ပြန်ဝန်ကြီးအဖြစ် ခန့်အပ်ခံထားရတဲ့ ဒေါက်တာသက်သက်ခိုင်ကို ဟိုတယ်ဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်ခဲ့တာပါ။

အလားတူ ပြည်ထောင်စုတရားသူကြီးချုပ်နေရာကိုလည်း ဖွဲ့စည်းရုံအခြေခံဥပဒေခုံရုံးဥက္ကဌဖြစ်တဲ့ ဦးသာဌေးကို ခန့်အပ်တာဝန်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

Era’sEye \News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရှုံ့ချဖို့ ကရင်လူမှုအဖွဲ့တွေ တိုက်တွန်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်
  • 1 Views
ဒီဇင်ဘာလ (၁)ရက်။ အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ နိုင်ငံထဲရှိ နိုင်ငံရေးပဋိပက္ခပြဿနာတွေကို လုံးဝဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ကရင်လူမှုအဖွဲ့အစည်း (၂၅)ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
မြန်မာသတင်း

မိုးကုတ်မြို့အတွက် တောင်းပန်ဖို့ စကားလုံးမရှိလို့ TNLA ခေါင်းဆောင် ဗိုလ်ချုပ် တားဘုန်းကျော်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်
  • 3 Views
ဒီဇင်ဘာလ (၁)ရက်။ မိုးကုတ်မြို့နဲ့ပတ်သက်ပြီး တောင်းပန်ဖို့ စကားလုံးမရှိဘူးလို့ TNLA ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ် တားဘုန်းကျော်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ပြောဆိုထားတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအင်အားစုတွေ စစ်မှုထမ်းဥပဒေအရေး တုံ့ပြန်ဖြေရှင်းနိုင်ဖို့ အလွန်အားနည်းနေတယ်လို့ဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်
  • 3 Views
ဒီဇင်ဘာလ (၁)ရက်။ တော်လှန်ရေးအင်အားစုတွေဟာ စစ်မှုထမ်းဥပဒေအရေး တုံ့ပြန်ဖြေရှင်းနိုင်ဖို့ ပြင်ဆင်လုပ်ဆောင်တာ အလွန်အားနည်းနေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ ‌လေ့လာရေးအဖွဲ့(MDSI)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ရည်မှန်းချက်အတိုင်း ပြည်သူ့စစ်မှုထမ်းဥပဒေကို အောင်မြင်စွာ အကောင်အထည်ဖော် လုပ်ဆောင်နိုင်ပြီး တန်ပြန်ထိုးစစ်တွေမှာ
မြန်မာသတင်း

ဒါရိုက်တာ မိုက်တီးနဲ့ သရုပ်ဆောင် (၂)ဦးကို ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ ထောင် (၇)နှစ်စီချခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 38 Views
နိုဝင်ဘာလ (၃၀)ရက်။ ဒါရိုက်တာ မိုက်တီး၊ သရုပ်ဆောင် ကျော်ဝင်းထွဋ်နဲ့ ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကို စစ်တပ်က ထောင် (၇)နှစ်စီ ချမှတ်ခဲ့ရတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ စစ်တပ်က ဝါဒဖြန့်ရိုက်ကူးတဲ့ ‌” ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ရုပ်ရှင်ကို
မြန်မာသတင်း

မိုးကုတ်မြို့ထဲ စစ်ကော်မရှင်တပ်တွေ ဝင်ရောက်လာ၊ 

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 40 Views
တိုက်ပွဲပြန်ဖြစ်မှာ စိုးရိမ်တာကြောင့် မြို့ခံအားလုံးနီးပါး တိမ်းရှောင်နေပြီး တိတ်ဆိတ်ခြောက်ကပ်နေ နိုဝင်ဘာလ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်ကစပြီး မန္တလေးတိုင်း မိုးကုတ်မြို့ထဲကို စစ်ကော်မရှင်တပ်တွေ စတင်ဝင်ရောက်လာခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ မနေ့က ည‌ပိုင်းလောက်ကစပြီး မြို့ထဲကို
မြန်မာသတင်း

မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းနိုင်ခဲ့တဲ့အပေါ် NUG ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 38 Views
နိုဝင်ဘာလ (၃၀)ရက်။ မန္တလေးလွှတ်တော်က မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ အတည်ပြုဖွဲ့စည်းနိုင်ခဲ့တဲ့အပေါ် NUG က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က ကျင်းပခဲ့တဲ့ မန္တလေးလွှတ်တော်ရဲ့ ပထမအကြိမ်အစည်းအဝေးမှာ မန္တလေးကြားကာလအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပေးခဲ့တာနဲ့ ကောင်စီဝင်တွေက ကတိသစ္စာပြုခဲ့တာတို့ကို
မြန်မာသတင်း

“အမေရိကန်ဖိအားနဲ့ TPSနဲ့နေထိုင်တဲ့မြန်မာတွေရဲ့ဘဝ”

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 38 Views
“တရုတ်ဖိအားနဲ့ မြစ်ဆုံ ရေကာတာပြန်စတော့မဲ့စိုးရိမ်ချက်” ဒီအပတ်တနင်္ဂနွေနေ့မှာ အမေရိကန်နိုင်ငံမှာ ယာယီကာကွယ်စောင့်ရှောက် ထားရေး အစီအစဥ် (TPS)နဲ့ ရောက်လာတဲ့မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံတော်တော် များများက ပြည်သူများကို ပေးအပ်ထားတဲ့အခွင့်အရေးကိုရုတ်သိမ်းလိုက်ပြီလို့ အမိမြေလုံခြုံရေး ဝန်ကြီး ဌာနက ထုတ်ပြန်ပြောကြားလာပါတယ်။ ဒီကိစ္စဟာဘယ်လိုဖြစ်လာသလဲအမေရိကန်နိုင်ငံမှာရောက်နေတဲ့ TPS
မြန်မာသတင်း

ကျောက်မဲမြို့မှာ စစ်ကော်မရှင်တပ်နဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ SSPP ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်
  • 30 Views
နိုဝင်ဘာလ (၂၉)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီကျော်အချိန်က ကျောက်မဲမြို့ ပုံဝိုးကျေးရွာအနီး စစ်ကော်မရှင်တပ်နဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ SSPP/SSA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ SSPP တပ်စခန်းရှိတဲ့ ပုံဝိုးရွာအနီး တောထဲတနေရာကို စစ်ကော်မရှင်တပ်က