ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင်(မူတြော်ခရိုင်)မှာ ဇူလိုင်အတွင်း တိုက်ပွဲပေါင်း (၁၈၉) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀၀) ကျော် သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
KNLA တပ်မဟာ(၅)နဲ့ စစ်ကောင်စီတပ်၊နယ်ခြားစောင့်တပ်ဖွဲ့ (BGF)တို့အကြား တိုက်ပွဲပေါင်း (၁၈၉) ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က (၁၀၉) ဦးသေဆုံးပြီး (၈၂) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီအပြင် စစ်ကောင်စီရဲ့ ရုံးအဆောက်အဦး၃လုံးကိုဖျက်ဆီးနိုင်ခဲ့ပြီး စစ်ဘက်ဆိုင်ရာပစ္စည်းနဲ့ စားနပ်ရိက္ခာတွေ သယ်ဆောင်တဲ့မော်တော်ယာဉ် (VIGO) တစ်စီးကိုလည်း ဖျက်ဆီး နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေအတွင်း KNLA တပ်မဟာ(၅)ဘက်က ရဲဘော်တစ်ဦး ကျဆုံးကာ ငါးဦးဒဏ်ရာရခဲ့တာလည်း ဖြစ်ပါတယ်။Era’sEye\News