နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒီမော့ဆိုမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေ စီးနင်းတိုက်ခိုက်ခံရပြီး (၃၀) ကျော်သေဆုံးခဲ့

ကရင်နီပြည်၊ ဒီမော့ဆိုမြို့ရှိ သေးဆူလဲရွာနဲ့ ပူဖားရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ကရင်နီတပ်ပေါင်းစုတွေက တိုက်ခိုက်ခဲ့တယ်လို့ KNDF ရဲ့ ဒီကနေ့ စက်တင်ဘာလ (၄)ရက်မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

သေးဆူလဲရွာနဲ့ ပူဖားရွာတွေမှာ အခိုင်အမာတပ်စွဲပြီး ခြေကုပ်ယူထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို စက်တင်ဘာလ (၂) ရက်နေ့ နံနက် (၅) နာရီခွဲအချိန်က ကရင်နီတပ်မတော် (KA)၊ ကလလတ၊ ဒီမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် (DMO Local PDF)၊ အလယ်ပိုင်းတိုင်း-ကရင်နီ (ကယား) စစ်ဒေသခွဲတပ်ရင်းများ ပူးပေါင်းစစ်ကြောင်းနဲ့ KNDF တို့က တစ်ပြိုင်နက်တည်း စီးနင်းဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ထိတွေ့တိုက်ပွဲမှာ နံနက် (၅) နာရီခွဲအချိန်ကစပြီး (၉) နာရီခွဲအချိန်အထိ ကြာမြင့်ခဲ့ကာ စစ်ကောင်စီတပ်ဘက်က အရာရှိတွေ အပါအဝင် တပ်ဖွဲ့ဝင် (၃၀) ကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်းရှိကာ ဦးတည်ရာမဲ့ ထွက်ပြေးသူတွေလည်းရှိနေတယ်လို့ သိရပါတယ်။

“ စစ်ကောင်စီရဲ့ စကခ (၂) လက်အောက်ခံ၊ ခလရ (၉)က ဒုတပ်ရင်းမှူး ရဲလင်းနိုင်က လက်အောက်က အရာရှိတွေနဲ့ တပ်သားတွေကို အသေခံပြီး ပစ်ခိုင်းကာ သူကတော့ ကိုယ်လွတ်ရုန်းထွက်ပြေးသွားခဲ့တယ်” လို့ KNDF က ဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ခြေကုပ်စခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့ရာမှာ လက်နက်ငယ်မျိုးစုံ (၁၅)လက်၊ (၆၀) မမပြောင်း (၂)လက်၊ RPG-7 (၁) လက်၊ ငါးကြင်းမြီး (၁) လက်၊ ဆက်စပ်ခဲယမ်းမီးကျောက်တွေ၊ ကျည်ဆံတွေ၊ ဆက်သွယ်ရေးစက်တွေနဲ့ အသုံးအဆောင်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အခုအခါမှာလည်း သေးဆူလဲရွာနဲ့ ပူဖားရွာတွေမှာ ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ကရင်နီပြည်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတွေအပါအဝင် တပ်စခန်းတွေကို ခုခံစစ်နဲ့ တန်ပြန်ထိုးစစ်တွေ ဖော်ဆောင်ပြီး အောင်မြင်အောင် ကြိုးစားလျက်ရှိတယ်လို့ ရေးသားထားပါတယ်။

လာမယ့်တိုက်ပွဲတွေမှာလည်း ညီညွတ်မှုနဲ့ အမိန့်ပေးကွပ်ကဲမှုတစ်ခုတည်းနဲ့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်တဲ့အထိ တိုက်ပွဲဝင်သွားမှာဖြစ်ပြီး မြေပြင်စစ်ရေးလုပ်ဆောင်ချက်တွေကို တရားဝင်ထုတ်ပြန်ခြင်း မရှိသေးဘဲ အစောတလျှင် တင်တာတွေမလုပ်ကြဖို့ တောင်းဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြိုင်နယ်ထဲ စစ်ကောင်စီရဲ့လေယာဉ်တစီး ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဇွန်လ 24 ရက်
  • 31 Views
ဇွန်လ (၂၃)ရက်။ မြိုင်နယ်ထဲ စစ်ကောင်စီရဲ့ Mi-17 လေယာဉ်တစီးကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို မြိုနယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့ကြား အင်အားသုံးဖြေရှင်းတာကို PRF နဲ့ PDA ဆန့်ကျင်ရှုတ်ချ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 30 Views
ဇွန်လ (၂၃)ရက်။ တော်လှန်ရေးအဖွဲ့အချင်းချင်းကြား အင်အားသုံးဖြေရှင်းတဲ့အပေါ် ဆန့်ကျင်ရှုတ်ချတယ်လို့ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)နဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)တို့က ဒီကနေ့မှာ ပူးတွဲထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီလိုဖြေရှင်းတာတွေကြောင့် မိုင်းထိမှန်ကာ ထိခိုက်ခဲ့တဲ့
မြန်မာသတင်း

မြိုင်နယ်မှာ စစ်တပ်စစ်ကြောင်းက စိတ်ရောဂါသည်အပါအဝင် ပြည်သူ (၅)ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 25 Views
ဇွန်လ (၂၃)ရက်။ ဇွန်လ (၁၅)ရက်နေ့မှာ ကမ္မဒေသကနေ မြိုင်နယ်တောင်ပိုင်းရှိ ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ We Love Myaing ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိတ္ထီလာက တပ်မ(၉၉)နဲ့ ပခုက္ကူက
မြန်မာသတင်း

PLA က ပြည်သူတဦးကို ဖမ်းဆီးပြီး ငွေညှစ်ခြိမ်းခြောက်ခဲ့တယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 21 Views
ဇွန်လ (၂၃)ရက်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ဟာ ပြည်သူတဦးကို ဖမ်းဆီးပြီး သတ်ပစ်မယ်ဆိုကာ ခြိမ်းခြောက်ငွေညှစ်ခဲ့တယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ မေလ (၂၆)ရက်နေ့က ဝဲလောင်းရွာနေ ဦးသန်း(အမည်လွှဲ)ဆိုသူက PLA က ဖမ်းဆီးခဲ့ပြီး
မြန်မာသတင်း

PLA အထိုင်စခန်းတွေကို NUG အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်း 

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 34 Views
မြင်းခြံခရိုင်ထဲက PLA တပ်တွေ ထွက်ခွာဖို့ အမိန့်ပေးထားတယ်လို့ဆို ဇွန်လ (၂၂)ရက်။ မနေ့ကစပြီး တောင်သာမြို့နယ်ရှိ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ တပ်စခန်းတွေကို NUG က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ NUG ရဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့
မြန်မာသတင်း

ရေနံချောင်းမှာ တော်လှန်ရေးတပ်တွေရဲ့ ယာယီစခန်းအချို့ကို သိမ်းမိတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 32 Views
ဇွန်လ (၂၂)ရက်။ ရေနံချောင်းမြို့မှာ တော်လှန်ရေးတပ်တွေရဲ့ ယာယီစခန်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇွန်လ (၂၀)ရက်နေ့က နယ်မြေလုံခြုံရေးလုပ်ဆောင်ချိန် ရေနံချောင်းမြို့ရဲ့ အရှေ့မြောက်ဘက်ရှိ လွန်းပင်ရှိုရွာစာကြည့်တိုက်မှာ YGN နဲ့ မကွေး-PDF
မြန်မာသတင်း

မူးမြို့ရှိ စစ်တပ်ရဲ့ ခမရ(၄၃၉)တပ်စခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 31 Views
လယ်ဒိုမှာ စစ်မှုထမ်းတပ်သား (၁၆)ဦး KNDO ထံ အလင်းဝင်ခဲ့ ဇွန်လ (၂၂)ရက်။ ဇွန်လ (၂၀)ရက်နေ့ ည (၁၁)နာရီခန့်က မူးမြို့ ဒိုးဒိုရွာရှိ စစ်တပ်ရဲ့ ခမရ(၄၃၉)တပ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်တပ်ခိုင်းတာလုပ်မယ့် ရပ်ကျေးဥက္ကဋ္ဌတွေကို ပြင်းထန်စွာ အရေးယူမယ်လို့ အင်းလေး-PDF သတိပေး

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 27 Views
ဇွန်လ (၂၂)ရက်။ ဒီကနေ့ အင်းလေးဒေသ ညောင်ရွှေမြို့မှာ ရပ်ကျေးဥက္ကဋ္ဌတွေကို ပြန်လည်ရွေးချယ်သွားဖို့ရှိနေတယ်လို့ အင်းလေး-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အာဏာသိမ်းတဲ့နောက်ပိုင်း အင်းလေးဒေသဟာ စစ်ကောင်စီရဲ့ အလိုတော် ရပ်ကျေးဥက္ကဋ္ဌဆိုးတွေကြောင့် ငရဲအိုးလိုမျိုး ပူလောင်ခြောက်သွေ့ခဲ့ရပြီးဖြစ်တယ်လို ဆိုပါတယ်။ သူတို့ဟာ