ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာမှာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာ ဒေသခံနှစ်ထောင်ကျော်နီးစပ်ရာ တိမ်းရှောင်နေရတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက စက်တင်ဘာလ (၄) ရက် ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
စယ်လန့်ကျေးရွာမှာ စစ်ကောင်စီနှင့် တအာင်းတပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ပြီးနောက် မိုင်းဆတ်၊ မန်ကန်၊ နမ့်ကတ်နဲ့ ရှမ်းရွာတို့က လူဦးရေနှစ်ထောင်ကျော် တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ဩဂုတ်အတွင်းက မူဆယ်မြို့နယ် စယ်လန့်ရွာအပါ အနီးတဝိုက်မှာ တအာင်းတပ်မတော် (TNLA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ရာ အထိနာတဲ့ စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုတွေလည်း ပြုလုပ်ခဲ့တာပါ။
ဩဂုတ်လအတွင်းမှာ နမ့်ဖက်ကာကျေးရွာ ဒေသဘက်မှာလည်း စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။
Eraseye\news