နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်တက္ကသိုလ် အရှေ့တိုင်း ပညာဌာနမှူး၊ CDM လှုပ်ရှား မှု ဦးဆောင်သူ ဒေါက်တာ အာကာမိုးသူ ပြန်လည်လွတ် မြောက်

Photo – CJ – ဒေါက်တာ အာကာမိုးသူကို ပြန်လည်လွတ်မြောက်ပြီးနောက် တွေ့ရစဉ်။

ရန်ကုန်တက္ကသိုလ် အရှေ့တိုင်း ပညာဌာနမှူး ဒေါက်တာ အာကာမိုးသူ ကို စစ်ကောင်စီက ယနေ့ ဇန်နဝါရီ (၄) ရက်တွင် ပြန်လည်လွှတ်ပေးလိုက်ကြောင်းသိရသည်။

ဒေါက်တာ အာကာမိုးသူကို စစ်အာဏာသိမ်း ပြီး နောက်တွင် CDM လှုပ်ရှားမှုကို ဦးဆောင်သည့်အတွက် စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး နောက် ယခု ၂၀၂၃ ခုနှစ် ဇန်နဝါရီ (၄) ရက် လွတ်လပ်ရေးနေ့တွင် ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ဒေါက်တာ အာကာမိုးသူကို စစ်ကောင်စီက ပြီးခဲ့သည့် နှစ် ဇန်နဝါရီတွင် ၅၀၅ (က)ဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ဒေါက်တာ အာကာမိုးသူ သည် တက္ကသိုလ်ဆရာသမဂ္ဂ (UTA) ကို စတင်တည်ထောင်ခဲ့သူတစ်ဦး ဖြစ်ပြီး
လက်ရှိ တက္ကသိုလ်ဆရာသမဂ္ဂများ ကိုယ်စားပြုကော်မတီ (RC of UTAs) ၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။

စစ်ကောင်စီက ယနေ့ ဇန်နဝါရီ(၄) ရက်တွင် အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ် အသီးသီးဖြင့် အကျဉ်းကျခံနေရသည့် သူများကို ပြန်လည်လွှတ်ပေးလျက်ရှိသည်။ ထိုအတွင် နိုင်ငံရေး ပုဒ်မများဖြင့် ဖမ်းဆီးခံထားရသူများ အနည်းအကျဉ်းသာ ပါဝင်နေသေးကြောင်း နိုင်ငံရေးလေ့လာသူ အသိုင်းအဝိုင်းများက ပြောဆိုကြသည်။

ယနေ့ တွင် ဒေါက်တာ အာကာမိုးသူအပြင် ၊ ပရဟိတ လုပ်ငန်းများ လုပ်ဆောင်သူ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်နှင့် သာသနာရေးဝန်ကြီး သူရဦးအောင်ကို တို့ကိုစစ်ကောင်စီက ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီက ထိုသို့ လွှတ်ပေးခြင်းကို ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အဖြစ်လွှတ်ပေးခြင်းဖြစ်ကြောင်း အကြောင်းပြထားသည်။

MoeZ/Era’sEyes

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

PLA အထိုင်စခန်းတွေကို NUG အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်း 

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 15 Views
မြင်းခြံခရိုင်ထဲက PLA တပ်တွေ ထွက်ခွာဖို့ အမိန့်ပေးထားတယ်လို့ဆို ဇွန်လ (၂၂)ရက်။ မနေ့ကစပြီး တောင်သာမြို့နယ်ရှိ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ တပ်စခန်းတွေကို NUG
မြန်မာသတင်း

ရေနံချောင်းမှာ တော်လှန်ရေးတပ်တွေရဲ့ ယာယီစခန်းအချို့ကို သိမ်းမိတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 20 Views
ဇွန်လ (၂၂)ရက်။ ရေနံချောင်းမြို့မှာ တော်လှန်ရေးတပ်တွေရဲ့ ယာယီစခန်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇွန်လ
မြန်မာသတင်း

မူးမြို့ရှိ စစ်တပ်ရဲ့ ခမရ(၄၃၉)တပ်စခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 19 Views
လယ်ဒိုမှာ စစ်မှုထမ်းတပ်သား (၁၆)ဦး KNDO ထံ အလင်းဝင်ခဲ့ ဇွန်လ (၂၂)ရက်။ ဇွန်လ (၂၀)ရက်နေ့ ည (၁၁)နာရီခန့်က မူးမြို့ ဒိုးဒိုရွာရှိ စစ်တပ်ရဲ့ ခမရ(၄၃၉)တပ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်တပ်ခိုင်းတာလုပ်မယ့် ရပ်ကျေးဥက္ကဋ္ဌတွေကို ပြင်းထန်စွာ အရေးယူမယ်လို့ အင်းလေး-PDF သတိပေး

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 19 Views
ဇွန်လ (၂၂)ရက်။ ဒီကနေ့ အင်းလေးဒေသ ညောင်ရွှေမြို့မှာ ရပ်ကျေးဥက္ကဋ္ဌတွေကို ပြန်လည်ရွေးချယ်သွားဖို့ရှိနေတယ်လို့ အင်းလေး-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အာဏာသိမ်းတဲ့နောက်ပိုင်း အင်းလေးဒေသဟာ စစ်ကောင်စီရဲ့ အလိုတော် ရပ်ကျေးဥက္ကဋ္ဌဆိုးတွေကြောင့် ငရဲအိုးလိုမျိုး ပူလောင်ခြောက်သွေ့ခဲ့ရပြီးဖြစ်တယ်လို ဆိုပါတယ်။ သူတို့ဟာ
မြန်မာသတင်း

ရန်ကုန်တိုင်းစစ်ဌာနနယ်မြေရှိ တိုက်ပွဲတွေထဲ စစ်ကောင်စီတပ်ဖွဲဝင် (၁၃၀)နီးပါး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 29 Views
ဇွန်လ (၂၀)ရက်။ အခုနှစ် ဖေဖော်ဝါရီလ (၁)ရက်ကနေ မေလကုန်အထိ ရန်ကုန်တိုင်းစစ်ဌာန်မြေထဲ တိုက်ပွဲပေါင်း (၅)ကြိမ်ဖြစ်ပွားခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထိတွေ့တိုက်ပွဲတွေဟာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကို ခုခံကာကွယ်တဲ့အနေနဲ့ (၂)ကြိမ်၊ စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်တာ (၂)ကြိမ်နဲ့
မြန်မာသတင်း

ရေစကြိုမှာ တပ်ပြန် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၇)ဦး ပြင်းထန်ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 28 Views
ဇွန်လ (၂၀)ရက်။ ဇွန်လ (၁၈)ရက်နေ့ နံနက်အစောပိုင်းက ရေစကြိုမှာ တပ်ပြန်လာတဲ့ စစ်တပ်စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို ရေစကြိုမြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရေစကြိုတပ်ဆီပြန်လာတဲ့ ခွေးစစ်ကြောင်းကို ပကဖရဲဘော်တွေက အသင့်စောင့်ပြီး တိုက်ခိုက်ခဲ့တာ။ အဲ့ဒီတိုက်ပွဲက (၁)နာရီနီးပါးကြာတယ်။
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်နဲ့ လက်ပါးစေတွေက ကရင်နီတော်လှန်ရေးကို ချိနဲ့သွားဖို့ လုပ်ဆောင်နေ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 30 Views
ဇွန်လ (၂၀)ရက်။ အကြမ်းဖက်စစ်တပ်ဟာ ကရင်နီအမျိုးသား ခုခံတော်လှန်ရေးကို ချိနဲ့သွားစေဖို့ လုပ်ဆောင်နေတယ်လို့ ဒီကနေ့ (၁၅၁)နှစ်မြောက် ကရင်နီအမျိုးသားနေ့မှာ KNPP ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ မတရားဖိနှိပ်တာနဲ့ စစ်ဆင်ရေးတွေကြောင့် ကရင်နီပြည်သူတွေဟာ ရပ်ရွာနဲ့ အိုးအိမ်တွေကို
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ တော်လှန်ရေးကို သပ်လျှိုခွဲထုတ်ဖို့ စစ်အုပ်စု ကြိုးပမ်းနေ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 24 Views
ဇွန်လ (၂၀)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တေယ်လှန်ရေးကြီးကို သပ်လျှိုခွဲထုတ်ဖို့ စစ်အုပ်စု နည်းလမ်းပေါင်းစုံ ကြိုးပမ်းနေတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုအချိန်မှာ စစ်အုပ်စုက လူထုခေါင်းဆောင်ရဲ့ ကျန်းမာရေးနဲ့ လက်တွေ့