နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

အမေရိကန်

အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

အမေရိကန် လေပိုင်နက်ထဲဝင်လာတဲ့ မိုးပျံပူပေါင်းဟာ မတော်တဆမှု ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆို

အမေရိကန်လေပိုင်နက်အတွင်းသို့ ဝင်ရောက်လာသော မောင်းသူမဲ့ တရုတ်မိုးပျံပူပေါင်းသည် “ မတော်တဆမှုတစ်ခုဖြစ်ပြီး အဖြစ်မှန်သည် အလွန်ရှင်းလင်းသည်” ဟု တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက စနေနေ့တွင် ပြောကြားခဲ့သည်။ သောကြာနေ့တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်းကင်က ၎င်း၏ တရုတ်နိုင်ငံသို့ လာရောက်မည့် ခရီးစဉ်ကို ယင်းဖြစ်စဉ်ကြောင့် ရွှေ့ဆိုင်းမည်ဟု ကြေညာခဲ့သည်။

အဆင့်တိုင်းတွင်ရှိသည့် ဆက်သွယ်မှုနှင့် ဆက်သွယ်ရေး လမ်းကြောင်းကို ထိန်းသိမ်းခြင်းသည် တရုတ်နှင့် အမေရိကန်တို့ကြား ဘာလီတွေ့ဆုံမှု၏ အရေးကြီးသော သဘောတူညီမှု ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ နိုဝင်ဘာလတွင် အမေရိကန် သမတဂျိုးဘိုင်ဒင်နှင့် တရုတ်သမတရှီကျင်းဖျင့်တို့ နှစ်နာရီအကြာ တွေ့ဆုံခဲ့မှုကို ရည်ညွှန်းပြီး ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့သည်။

Photo: ရိုက်တာ၊ ဒေါ်နယ်ထရန့်ဂျူနီယာ၏ Twitter Account

သံသယဖြစ်ဖွယ် သူလျှိုမိုးပျံပူပေါင်းအကြောင်းကို တရုတ်က အတည်ပြုခဲ့ပြီး ယင်းမိုးပျံပူပေါင်းသည် အမေရိကန် လေပိုင်နက်ထဲသို့ “အလွန်ပြင်းထန်သောအားကြောင့် ဝင်ရောက်သွားခြင်း ဖြစ်တယ်။ တရုတ်က အမေရိကန်ဘက်ကို စစ်ဆေးပြီး တုံ့ပြန်ချက်ကို ပေးခဲ့တယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ “ဒီမီးပုံးပျံဟာ အရပ်ဘက်သုံးဖြစ်ပြီး မိုးလေဝသအတွက် သုတေသနပြုရန် အသုံးပြုခြင်းသာ ဖြစ်တယ်။ အနောက်လေတိုက်ခတ်မှုဒဏ်နဲ့ ၎င်းရဲ့ကိုယ်ပိုင်ထိန်းချုပ်နိုင်မှု အကန့်အသတ်ကြောင့် မိုးပျံပူပေါင်းအနေနဲ့ စီစဉ်ထားတဲ့ လမ်းကြောင်းကနေ ပြင်းထန်စွာ သွေဖည်သွားတာပါ” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

အစောပိုင်းက မှတ်ချက်များကို ထပ်တလဲလဲ ပြောကြားရာတွင် တရုတ်နိုင်ငံသည် နိုင်ငံတကာ ဥပဒေကို အမြဲတမ်း တင်း တင်းကျပ်ကျပ် လိုက်နာပြီး နိုင်ငံအားလုံး၏ အချုပ်အခြာ အာဏာနှင့် ပိုင်နက်နယ်မြေ ဂုဏ်သိက္ခာကို လေးစားကာ အခြားနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လေပိုင်နက်ကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်ခြင်းမျိုး မည်သည့်အခါမှ မကျူးလွန်ခဲ့ပေ။ အမေရိကန် ပြည်ထောင်စုရှိ နိုင်ငံရေးသမားများနှင့် မီဒီယာအချို့သည် အဆိုပါ ပြဿနာကို အခွင့်ကောင်းယူကာ တရုတ်နိုင်ငံကို တိုက်ခိုက်ပြီး ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်ခဲ့ခြင်းကို တရုတ်က ပြတ်ပြတ်သားသား ကန့်ကွက်ပါတယ်ဟု ဆိုသည်။

ပင်တဂွန်စစ်ဌာနချုပ်သည် အဆိုပါ မိုးပျံပူပေါင်းသည် အရပ်သား သုတေသနအတွက်သာ ဖြစ်သည်ဟု တရုတ်အစိုးရ၏ ပြောကြားချက်ကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ပြီး အမေရိကန်က ၎င်းသည် “ စောင့်ကြည့် ထောက်လှန်းရေး မိုးပျံပူပေါင်း” ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: CNN (Larry Register and Steven Jiang)


ဆက်စပ်သတင်း
သမတဟောင်းဒေါ်နယ်ထရန့်၏သား ဂျူနီယာထရန့်က တရုတ်မိုးပျံပူပေါင်းနှင့်ပတ်သက်၍ တွစ်တာတွင် ရေးသားချက်သည် ထိုက်ထိုက်တန်တန် လှောင်ပြောင်ခြင်းခံရ

ဒေါ်နယ်ထရန့်ဂျူနီယာသည် မွန်တာနာပြည်နယ်၏ ကောင်းကင်ယံတွင် လက်ရှိပျံသန်းနေသော တရုတ်မိုးပျံပူပေါင်းအတွက် လက်တွေ့မကျသော အဖြေကို ရေးသားခြင်းပြုခဲ့သည်။ တရုတ်အာဏာပိုင်များက မိုးပျံပူပေါင်းသည် သုတေသနအတွက်သာ ဖြစ်ပြီး သူလျှိုလုပ်ခြင်း မဟုတ်ဟုဆိုသော်လည်း ၎င်းမိုးပျံပူပေါင်းရောက်ရှိလာမှုကို ရီပတ်ပလီကင် အောက် လွှတ် တော် အမတ် ဂျိမ်းစ်ကမ်မာ (James Comer (R-Ky)) ကဲ့သို့သော နိုင်ငံရေးသမားအချို့က ယင်းမိုးပျံပူပေါင်းသည် ဇီဝလက် နက်များ အမှန်တကယ် သယ်ဆောင်လာမည်ကို စိုးရိမ်နေကြသည်။

မိုးပျံပူပေါင်းကို ပစ်ချခြင်းမပြုရန် ဆုံးဖြတ်ခဲ့ပြီးနောက် ဒေါ်နယ်ထရန့်ဂျူနီယာသည် အနည်းငယ်မျှပင် မဖြစ်နိုင်သည့် အစီအစဉ်ကို အကြံပြုရန် တွစ်တာ (Twitter) တွင် ရေးသားခဲ့သည်။ သမ္မတဟောင်း ဒေါ်နယ်ထရန့်၏ အကြီးဆုံးသားဖြစ်သူက မွန်တာနာပြည်သူများအား မိုးပျံပူပေါင်းကို ကိုယ်တိုင်ပစ်ချရန် အကြံပေးခဲ့သည်။

သူ၏တွစ်တာတွင်ရေးသားချက်မှာ-
“ဂျိုးဘိုင်ဒင်အစိုးရဟာ အရမ်းကို အားနည်းနေပြီး ရန်သူရဲ့ထောက်လှမ်းရေး မိုးပျံပူပေါင်းကို ပစ်ချဖို့ တွန့်ဆုတ်နေရင် မွန်တာနာမှာ ရှိနေတဲ့ လူကောင်းတွေကို ကိုယ်ဟာကိုယ်လုပ်ကြဖို့ ခွင့်ပြုရမယ်။ သူတို့မှာ ဒီပြဿနာကို ဖြေရှင်းနိုင်မဲ့ စွမ်းဆောင်ရည်ရှိမယ်လို့ ငါထင်တယ်။” ထိုရေးသားတိုက်တွန်းချက်နှင့် ပတ်သက်ပြီးအမေရိကန်ပြည်သူများက အောက်ပါအတိုင်းတုံ့ပြန်ကြသည်။


“အဲဒီဟာက ဟိုးအမြင့်မိုင် ၁၁ မိုင် အထက်မှာကွ”
“အဲဒီဟာက ၇ မိုင်အထက်မှာ ရှိတယ်၊ မင်းအပေါ်တက်ပြီး အထဲကိုချွတ်ဆေးထိုးဖို့ စဉ်းစားသေးလား”
“လေကြောင်းအမြင့်မှာဆိုရင် အရပ်ဘက်လက်နက်တွေနဲ့ ထိရောက်တဲ့နေရာအထက် ၇ မိုင်ကျော်မှာ ရှိနေတာပါ။ တကယ် ပစ်မယ် ဆိုရင် ၂ မိုင်အောက်မှသာ ရနိုင်မှာဖြစ်တယ်”

မကြာသေးမီရက်များအတွင်း အမေရိကန်နိုင်ငံပေါ်မှ ဖြတ်ပျံနေသည့် သံသယဖြစ်ဖွယ် တရုတ်သူလျှိုမိုးပျံပူပေါင်းကို အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က ခြေရာခံစောင့်ကြည့်လျက်ရှိသည်။ “ အဲဒီ မိုးပျံပူပေါင်းဟာ တရုတ်နိုင်ငံက ပိုင်ဆိုင်တယ်လို့ ယုံကြည်ရပြီး မကြာသေးမီက နိုင်ငံအနောက်ပိုင်း မွန်တာနာပြည်နယ်မှာ တွေ့မြင်ခဲ့ရတယ်” ဟု အမေရိကန်ကာကွယ်ရေး၀န်ကြီးဌာန တာ၀န်ရှိသူများက ပြောဆိုခဲ့သည်။

“ ပစ်ချလိုက်လို့ အပျက်အစီးတွေ ပြုတ်ကျမယ်ဆိုရင် မြေပြင်က လူတွေအန္တရာယ်ရှိနိုင်တာကြောင့် ပစ်ချခြင်းမပြုဖို့ အမေရိကန်စစ်တပ်က ဆုံးဖြတ်ခဲ့တယ်” ဟု တာ၀န်ရှိသူများက ပြောဆိုခဲ့သည်။ တရုတ်နိုင်ငံကတော့ ဒါနဲ့ပတ်သက်ပြီး အချက် အလက်တွေကို သေချာစစ်ဆေးခြင်း မပြုဘဲ ထင်ကြေးပေး ပြောဆိုမှုတွေ မလုပ်ဖို့ သတိပေးထားပါသည်။

ကနေဒါကတော့ သူလျှိုမိုးပျံပူပေါင်း နောက်ထပ် ဘယ်ကိုသွားမလဲဆိုတာကို စောင့်ကြည့်နေတယ်လို့ ထုတ်ဖော်ပြောဆို ထားပြီး အမေရိကန်နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေပြီး မည်သည့်နိုင်ငံကဖြစ်ကြောင်းကို ထုတ်ပြန်ထားခြင်း မရှိပါ။
ယင်းသူလျှိုမိုးပျံပူပေါင်းကို ပစ်ချရန် အိမ်ဖြူတော်က အမိန့်ပေးခဲ့ပါက ပစ်ချနိုင်ဖို့ အက်ဖ်-၂၂ တိုက်လေယာဉ် အပါအ၀င် ဂျက်တိုက်လေယာဉ်များကို အသင့်ပြင်ထားသည်ဟု အမေရိကန်ကာကွယ်ရေး၀န်ကြီးဌာန တာ၀န်ရှိသူများက ထုတ်ဖော်ပြောဆိုထားသည်။


Source: CNN (David Moye)
Photo: ရိုက်တာ၊ ဒေါ်နယ်ထရန့်ဂျူနီယာ၏ Twitter Account

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲစတင်ကတည်းက အီရန်တွင် နေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ ပျက်စီးခဲ့ကြောင်း အီရန်လခြမ်းနီအသင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 3 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်လခြမ်းနီအသင်း၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ စစ်ပွဲစတင်ချိန်မှစ၍ အီရန်နိုင်ငံအပေါ်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 19 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်ဆောင်လာကြသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ဆီစျေးနှုန်းများသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်လျှင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ယနေ့ (၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်) တွင် အိမ်ဖြူတော်မှနေ၍ အီရန်စစ်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၎င်း၏ မိန့်ခွန်းတွင် ပါဝင်သော အဓိကအချက်များကို ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 21 Views
အီရန်စစ်ပွဲနှင့်ပတ်သက်၍ သမ္မတထရန့်၏ မိန့်ခွန်း (၂၀၂၆၊ ဧပြီ ၂) ၁။ မဟာဗျူဟာမြောက် ရည်မှန်းချက်များ ပြီးဆုံးလုနီးပြီဖြစ်ခြင်း စစ်ဆင်ရေးစတင်ခဲ့သည့် လေးပတ်တာကာလအတွင်း အဓိကကျသော မဟာဗျူဟာမြောက် ရည်မှန်းချက်များမှာ “ ပြီးဆုံးလုနီးပါး” ဖြစ်နေပြီဟု ထရန့်က ပြောကြားခဲ့ပါသည်။
နိုင်ငံတကာသတင်း လက်ဘနွမ် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲစတင်ကတည်းက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များ ပိတ်ပင် ကန့်သတ် ခံရမှုအပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 19 Views
၂၀၂၆ခုနှစ်၊ဧပြီလ၁ရက် အီရန်နှင့် အမေရိကန်-အစ္စရေး စစ်ပွဲစတင်ကတည်းက အရှေ့အလယ်ပိုင်းဒေသတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များ သိသိသာသာ ကန့်သတ်ခံထားရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Volker Türk က သတိပေးပြောကြားလိုက်သည်။ ပဋိပက္ခစတင်ကတည်းက အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့တွင်လည်း “
နိုင်ငံတကာသတင်း မြောက်ကိုရီးယား အမေရိကန်

မြောက်ကိုရီးယားဟက်ကာများက အမေရိကန်ကုမ္ပဏီထောင်ပေါင်းများစွာ အသုံးပြုနေသည့် ဆော့ဖ်ဝဲလ်ကို ဖောက်ထွင်းပြီး ခရစ်ပတိုခိုးယူရန် ကြိုးပမ်း

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် မြောက်ကိုရီးယားဟက်ကာများဟု သံသယရှိသူများသည် အမေရိကန်ကုမ္ပဏီပေါင်း ထောင်ချီအသုံးပြုနေသည့် ဆော့ဖ်ဝဲလ်ပက်ကေ့ဂျ်တစ်ခုအတွင်းသို့ ဗိုင်းရပ်စ်ထည့်သွင်းကာ ကြီးမားသော ထောက်ပံ့ရေးကွင်းဆက် (Supply-chain) တခုလုံးအားတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကို ပြန်လည်ကုစားရန်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 268 Views
ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက် သမ္မတ ဒေါ်နယ်ထရန့် မျှဝေခဲ့သည့် မကြာသေးမီက ဗီဒီယိုမှာ အီရန်နိုင်ငံ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်တွင် မြေပြင်တပ်ဖွဲ့များ ချထားရေးနှင့် ပတ်သက်၍ အမေရိကန်သည် “ ခန့်မှန်းရခက်သူ” ဖြစ်ရန် လိုအပ်ကြောင်း ဟက်ဆက်သ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်သ် က အီရန်နိုင်ငံအတွင်း အမေရိကန် မြေပြင်တပ်ဖွဲ့ဝင်များ (boots on the ground) ချထားမည့် ကိစ္စနှင့် ပတ်သက်လာလျှင် အမေရိကန် စစ်တပ်အနေဖြင့် “ခန့်မှန်းရခက်အောင်