နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

KNU နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တို့ တိုက်ပွဲပေါင်း နှစ်ထောင်ကျော်ဖြစ်ပွားခဲ့၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၁၄)ဦး သေဆုံးကာ (၁၁) ဦးဒဏ်ရာရရှိခဲ့

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) နယ်မြေ ဖာပွန်(မူတြော်) ခရိုင်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီအတွင်းမှာ တိုက်ပွဲပေါင်း ၂၀၀ ကျော်ဖြစ်ခဲ့ပြီး စစ်ကောင် စီတပ်က (၄၇) ဉီးသေဆုံးခဲ့တယ်လို့ ဖေဖေါ်ဝါရီ (၄) ရက်မှာ တပ်မဟာ (၅) ရဲ့ သတင်းထုတ်ပြန်ချက်အရသိရသည်။

အဲဒီတိုက်ပွဲတွေအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ နောက်လိုက် BGF တပ်ဖွဲ့ဝင် (၄၇) ဦးသေဆုံးပြီး (၅၅) ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပြီး စစ်ကောင်စီဘက်က တပ်ခွဲမှူးတဉီး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်တန်းလျား (၆) လုံးနဲ့ စစ်သုံးမော်တော် ယာဉ်တစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားတာပါ။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ (၁၄)ဦးသေဆုံးကာ (၁၁) ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်နဲ့ (၂၄)ကြိမ်တိုင် ဗုံးဆံများလာရောက်ကြဲချ တိုက်ခိုက်ခဲ့ပြီး စက်သေနတ်တွေနဲ့ပါပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ဒေသခံများ‌ နေအိမ် (၅၀) ကျော် ထိမှန်ပျက်စီးခဲ့ပြီး မီးလောင်ပြာကျခဲ့တဲ့ နေအိမ်များလည်း ရှိကြောင်း ဖော်ပြထားတာပါ။

မီးလောင်ပြာကျခဲ့သည့် အဆောက်အဦးများထဲတွင် ဆေးရုံဆေးခန်း (၄)လုံး ဘာသာရေးအဆောက်အဦးဘုရားကျောင်းကန် (၄)ခု ပါဝင်တယ်လို့ထုတ်ပြန်ထားတယ်လို့သိရပါတယ်။

Photo – Cj စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့်မူတြော်ခရိုင်ရှိ နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဉ် ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

PLA အထိုင်စခန်းတွေကို NUG အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်း 

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 20 Views
မြင်းခြံခရိုင်ထဲက PLA တပ်တွေ ထွက်ခွာဖို့ အမိန့်ပေးထားတယ်လို့ဆို ဇွန်လ (၂၂)ရက်။ မနေ့ကစပြီး တောင်သာမြို့နယ်ရှိ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ တပ်စခန်းတွေကို NUG
မြန်မာသတင်း

ရေနံချောင်းမှာ တော်လှန်ရေးတပ်တွေရဲ့ ယာယီစခန်းအချို့ကို သိမ်းမိတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 21 Views
ဇွန်လ (၂၂)ရက်။ ရေနံချောင်းမြို့မှာ တော်လှန်ရေးတပ်တွေရဲ့ ယာယီစခန်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇွန်လ
မြန်မာသတင်း

မူးမြို့ရှိ စစ်တပ်ရဲ့ ခမရ(၄၃၉)တပ်စခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 19 Views
လယ်ဒိုမှာ စစ်မှုထမ်းတပ်သား (၁၆)ဦး KNDO ထံ အလင်းဝင်ခဲ့ ဇွန်လ (၂၂)ရက်။ ဇွန်လ (၂၀)ရက်နေ့ ည (၁၁)နာရီခန့်က မူးမြို့ ဒိုးဒိုရွာရှိ စစ်တပ်ရဲ့ ခမရ(၄၃၉)တပ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်တပ်ခိုင်းတာလုပ်မယ့် ရပ်ကျေးဥက္ကဋ္ဌတွေကို ပြင်းထန်စွာ အရေးယူမယ်လို့ အင်းလေး-PDF သတိပေး

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 20 Views
ဇွန်လ (၂၂)ရက်။ ဒီကနေ့ အင်းလေးဒေသ ညောင်ရွှေမြို့မှာ ရပ်ကျေးဥက္ကဋ္ဌတွေကို ပြန်လည်ရွေးချယ်သွားဖို့ရှိနေတယ်လို့ အင်းလေး-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အာဏာသိမ်းတဲ့နောက်ပိုင်း အင်းလေးဒေသဟာ စစ်ကောင်စီရဲ့ အလိုတော် ရပ်ကျေးဥက္ကဋ္ဌဆိုးတွေကြောင့် ငရဲအိုးလိုမျိုး ပူလောင်ခြောက်သွေ့ခဲ့ရပြီးဖြစ်တယ်လို ဆိုပါတယ်။ သူတို့ဟာ
မြန်မာသတင်း

ရန်ကုန်တိုင်းစစ်ဌာနနယ်မြေရှိ တိုက်ပွဲတွေထဲ စစ်ကောင်စီတပ်ဖွဲဝင် (၁၃၀)နီးပါး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 31 Views
ဇွန်လ (၂၀)ရက်။ အခုနှစ် ဖေဖော်ဝါရီလ (၁)ရက်ကနေ မေလကုန်အထိ ရန်ကုန်တိုင်းစစ်ဌာန်မြေထဲ တိုက်ပွဲပေါင်း (၅)ကြိမ်ဖြစ်ပွားခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထိတွေ့တိုက်ပွဲတွေဟာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကို ခုခံကာကွယ်တဲ့အနေနဲ့ (၂)ကြိမ်၊ စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်တာ (၂)ကြိမ်နဲ့
မြန်မာသတင်း

ရေစကြိုမှာ တပ်ပြန် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၇)ဦး ပြင်းထန်ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 29 Views
ဇွန်လ (၂၀)ရက်။ ဇွန်လ (၁၈)ရက်နေ့ နံနက်အစောပိုင်းက ရေစကြိုမှာ တပ်ပြန်လာတဲ့ စစ်တပ်စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို ရေစကြိုမြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရေစကြိုတပ်ဆီပြန်လာတဲ့ ခွေးစစ်ကြောင်းကို ပကဖရဲဘော်တွေက အသင့်စောင့်ပြီး တိုက်ခိုက်ခဲ့တာ။ အဲ့ဒီတိုက်ပွဲက (၁)နာရီနီးပါးကြာတယ်။
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်နဲ့ လက်ပါးစေတွေက ကရင်နီတော်လှန်ရေးကို ချိနဲ့သွားဖို့ လုပ်ဆောင်နေ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 31 Views
ဇွန်လ (၂၀)ရက်။ အကြမ်းဖက်စစ်တပ်ဟာ ကရင်နီအမျိုးသား ခုခံတော်လှန်ရေးကို ချိနဲ့သွားစေဖို့ လုပ်ဆောင်နေတယ်လို့ ဒီကနေ့ (၁၅၁)နှစ်မြောက် ကရင်နီအမျိုးသားနေ့မှာ KNPP ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ မတရားဖိနှိပ်တာနဲ့ စစ်ဆင်ရေးတွေကြောင့် ကရင်နီပြည်သူတွေဟာ ရပ်ရွာနဲ့ အိုးအိမ်တွေကို
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ တော်လှန်ရေးကို သပ်လျှိုခွဲထုတ်ဖို့ စစ်အုပ်စု ကြိုးပမ်းနေ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 25 Views
ဇွန်လ (၂၀)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တေယ်လှန်ရေးကြီးကို သပ်လျှိုခွဲထုတ်ဖို့ စစ်အုပ်စု နည်းလမ်းပေါင်းစုံ ကြိုးပမ်းနေတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုအချိန်မှာ စစ်အုပ်စုက လူထုခေါင်းဆောင်ရဲ့ ကျန်းမာရေးနဲ့ လက်တွေ့