စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ နဘဲပင်လှကျေးရွာကို စစ်တပ်က ဇွန် (၄)ရက်မှာ ဝင်ရောက်
မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။
အဲဒီလို မီးရှို့ ဖျက်ဆီးတာကြောင့် အိမ်ခြေ ၁၀၀ ကျော်အပါအဝင် ဘုန်းကြီးကျောင်းဆောင် ၂ ဆောင်နဲ့ စာသင်ဆောင်တစ်ခုတို့ ပျက်စီးဆုံးရှုံးခဲ့ ရပါတယ်။
ဒါ့အပြင် စစ်တပ်က ပြည်သူတစ်ဦးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်သွားတယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက အသိပေးထုတ်ပြန်ထားပါတယ်။
ပညာရေးအတွက် အသုံးပြုနေတဲ့ ဘုန်ကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ အကုန်လုံး မီးရှို့ဖျက်ဆီးခံခဲ့ရ တာဖြစ်တယ်လို့ ထုတ်ပြန်ထားတာပါ။
လက်ရှိအချိန်မှာတော့ စစ်ရှောင်ပြည်သူတွေအတွက် အကူအညီများစွာ လိုအပ်နေတယ်ဆိုပြီးတော့လည်း ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက အသိပေးထားပါတယ်။
Era’sEye/Photo/လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ