နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်-ထားဝယ်ကားလမ်းမှာ အိမ်စီးကားနဲ့လာတဲ့ ရဲတပ်ကြပ်ကြီးတစ်ဦးကို ကာကွယ်ရေးတပ်ဖွဲ့ ဖမ်းဆီးရမိခဲ့


ရန်ကုန်-ထားဝယ် အမှတ်(၈)ကားလမ်းမှာ အိမ်စီးကားနဲ့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတပ်ကြပ် ကြီးတစ်ဦးကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF)က ဖမ်းဆီးရမိခဲ့တယ်လို့ ယနေ့မှာ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။



မလွှဲတောင်စုပေါင်းစစ်ဆေးရေးဂိတ်က ရေဖြူမြို့မရဲစခန်းကိုပြန်လာတဲ့ ရဲတပ်ကြပ်ကြီး ဇော်မင်းဦး၊ ကိုယ်ပိုင်အမှတ်(လ-၂၁၄၇၂၁)ဟာ ပြည်သူတွေနဲ့ရောပြီး အိမ်စီးကားဖြင့် ဇူလိုင်လ ၂ရက်နေ့က ဆင်းလာကြောင်း သတင်းရရှိချက်အရ ကာကွယ်ရေးတပ်ဖွဲ့များက စောင့်ကြိုဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

“အိမ်စီးကားတစ်စီးမှာ ပြည်သူတွေနဲ့အတူ အသွင်ယူကာ လိုက်ပါလာတဲ့ ရဲတပ်ကြပ်ကြီး ဇော်မင်းဦး၊ ကိုယ်ပိုင်အမှတ်(လ-၂၁၄၇၂၁)ကို လက်ရဖမ်းမိခဲ့တယ်”လို့ TPLF ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ ရဲတပ်ကြပ်ကြီး ဇော်မင်းဦးကို စစ်ဆေးမေးမြန်းမှုများပြုလုပ်ပြီးနောက် ပူးပေါင်းတပ်ဖွဲ့တွေက NUG ရဲံ ကာကွယ်ရေးဝန်ကြီးဌာန(MOD)လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင်(တပ်ရင်း-၁) တာဝန်ခံထံ အပ်နှံရန်သွားစဉ်မှာ ပြန်ခုခံပြီး ထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ ရဲတပ်ကြပ်ကြီး ဇော်မင်းဦးရဲ့ ရုပ်အလောင်းကို ပူးပေါင်းတပ်ဖွဲ့တွေက လူသားဂုဏ်သိက္ခာနဲ့အညီ ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မော်လူးဒေသမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကလေး(၂)ဦးအပါအဝင် (၈)ဦးသေဆုံး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 9 Views
ဇန်နဝါရီလ (၃၀)ရက်။ မနေ့က ည (၉)နာရီဝန်းကျင်က အင်းတော်မြို့ မော်လူးဒေသရှိ လေဘိုရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ Indaw
မြန်မာသတင်း

မင်းတုန်းမြို့ (၁၂)ရက်တာတိုက်ပွဲထဲ စစ်တပ်ဘက်က (၃၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 24 Views
စစ်တပ်ရဲ့ လေကြောင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်တာကြောင့် PDF စခန်း အဆောင်အချို့ ပျက်စီးခဲ ဇန်နဝါရီလ (၃၀)ရက်။ ဇန်နဝါရီလ (၁၇)ရက်နေ့ကစပြီး
မြန်မာသတင်း

မင်းအောင်လှိုင်က သူ့ကိုယ်သူ တာဝန်ဆက်ပေးပြီး အရေးပေါ်အခြေအနေ ထပ်ကြေညာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 19 Views
ဇန်နဝါရီလ (၃၀)ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ကိုယ်သူ တာဝန်တွေ ဆက်ပေးပြီး စစ်အုပ်ချုပ်ရေးအမိန့်ကို ထပ်မံကြေညာထားတယ်လို့ မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ယာယီသမ္မတ မင်းအောင်လှိုင်က ကာချုပ် မင်းအောင်လှိုင်ကို လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေတွေကို ကိုယ်တိုင် ဒါမှမဟုတ်
မြန်မာသတင်း

ထောင်ဖောက်ပြေးတဲ့ဖြစ်စဉ်အပေါ် အထူးစုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး အရေးယူမယ်လို့ Karenni-IEC ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 30 Views
ဖြစ်စဉ်ကြောင့် ကရင်နီလူထုနဲ့ တော်လှန်ရေးအင်အားစုတရပ်လုံးကို တောင်းပန်ထား ဇန်နဝါရီလ (၂၉)ရက်။ ထောင်ဖောက်ထွက်ပြေးတဲ့ဖြစ်စဉ်အပေါ် အဖြစ်မှန်ပေါ်ပေါက်ဖို့အတွက် အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းကာ အရေးယူသွားမယ်လို့ Karenni-IEC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထွက်ဆိုချက်တွေမှာ ထောင်ဖောက်ထွက်ပြေးဖို့အတွက် အတွင်းအပြင်ချိတ်ဆက်တာတွေကို (၃)လခန့်
မြန်မာသတင်း

ကုလအနေနဲ့ မြန်မာပြည်သူတွေအပေါ် ဒီကနေ့အထိ ပျက်ကွက်နေတယ်လို့ သံအမတ်ကြီး ကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 36 Views
ဇန်နဝါရီလ (၂၉)ရက်။ ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေအပေါ် ဒီကနေ့အထိ ပျက်ကွက်နေတယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက လုံခြုံရေးကောင်စီရဲ့ တံခါးဖွင့်ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုဟာ မတရားအာဏာသိမ်းပြီး ရွေးကောက်ခံအစိုးရကို ဖယ်ရှားကာ မြန်မာပြည်သူတရပ်လုံးအပေါ် နိုင်ငံတကာရာဇဝတ်မှုတွေကို
မြန်မာသတင်း

သမ္မတ ဒူဝါလရှီးလ လုပ်ကြံခံရတယ်ဆိုတာ သတင်းမှားလို့ NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 23 Views
ဇန်နဝါရီလ (၂၉)ရက်။ သမ္မတ ဒူဝါလရှီးလ လုပ်ကြံခံရတယ်ဆိုတာ သတင်းမှားလို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ စစ်အုပ်စုလော်ဘီ မှိုင်းဝေရဲ့ တယ်လီဂရမ်အကောင့်ကနေ နိုင်ငံတော်သမ္မတ ဒူဝါလရှီးလ လုပ်ကြံခံရတယ်၊
မြန်မာသတင်း

ကျောက်ဖြူမှာ စစ်ဘေးရှောင်နေရာတွေကို စစ်ကော်မရှင် လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 25 Views
ဇန်နဝါရီလ (၂၉)ရက်။ ရခိုင် ကျောက်ဖြူမြို့မှာ စစ်ဘေးရှောင်နေရာတွေကို စစ်ကော်မရှင်က ဒရုန်းအပါအဝင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်ဖြူမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေရှိတဲ့ နေရာတွေကို စစ်ကော်မရှင်က
မြန်မာသတင်း

ညွှန်ကြားချက်တွေကို ဆန့်ကျင်တာကြောင့် ရဲဘော်ညိုအောင်ကို PRF ရှုတ်ချထုတ်ပယ်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 50 Views
ဇန်နဝါရီလ (၂၈)ရက်။ အထင်အဆင့်အဖွဲ့တွေရဲ့ ညွှန်ကြားချက်ကို ဆန့်ကျင်တာကြောင့် နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် ရဲဘော်ညိုအောင်ကို ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)က ရှုတ်ချထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။ PRF ရဲ့ ဗဟိုကော်မတီဝင်နဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် ရဲဘော်ညိုအောင်ဟာ ဇန်နဝါရီလ (၈)ရက်နေ့ကစတင်ပြီး ညွှန်ကြားချက်နဲ့ ဆန့်ကျင်ကာ မဟာမိတ်ထိန်းချုပ်ဒေသမှာ