စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်ကောင်စီတပ်က ရွာတွေလှည့်ပတ် စစ်ကြောင်းထိုးနေလို့ ရွာ ၁၄ ရွာကပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့မနက်ပိုင်းက ဒီပဲယင်းမြို့နယ်က ထွက်လာတဲ့ ခမရ ၇၀၈ နဲ့ ၇၀၂ ပူးပေါင်းစစ်ကြောင်းဟာ စစ်ကြောင်းထိုးဝင်ရောက်လာလို့ ရေဦးမြို့နယ် အနောက်ခြမ်းက ရှော်ဖြူ၊ ချောင်းရိုး၊ တောင်တော၊ ရွာမ၊ တင်းတိန်ရံ၊ ထန်းတော၊ မြို့ကြီး၊ ပေါက်တော၊ ငါးပိခိုး၊ စပ်သီးခိုး၊ အုန်းခြံ၊ အောင်ကလေး၊ မကျည်းနီနှင့် ဆိတ်သင်းဘိုး စတဲ့ရွာတွေက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ တင်းတိန်ရံရွာအတွင်း ရောက်ရှိနေကာ လက်ရှိချိန်ထိ တပ်စွဲထားတယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းအလွန် လက်နက်ကိုင်တိုက်ပွဲပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းအတွင်း နေရပ်စွန့်ခွာပြည်သူဦးရေဟာ ၉သိန်းကျော်ထိရှိလာပြီဖြစ်တယ်လို့ UN OCHAကထုတ်ပြန်ထားပါတယ်။
Era’sEye \News