နိုဝင်ဘာလ (၅) ရက်၊ ခေတ်မျတ်လုံး။
ခေတ်မျတ်လုံးရဲ့ ဒီတစ်ပါတ်ဘာတွေထူးသလဲ အစီအစဉ်ကနေ ကြိုဆိုပါတယ် ဒီတစ်ပါတ်မှာဆိုရင်တော့ ကျောင်းသား တပ်မတော် ၃၅ နှစ်ပြည့်မြောက်ခဲ့ပြီဆိုတဲ့ အကြောင်းကိုတင်ဆက်သွားမှာပါ။
၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့ကနေ စတင်ထူထောင်ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဉီး (ABSDF)ကျောင်းသားတပ်မတော်ဟာ ဒီကနေ့မှာဆိုရင် ၃၅ နှစ်တင်းတင်းပြည့်မြောက်ခဲ့ပါပြီ။
ဒီကနေ့မှာဆိုရင် ကျောင်းသားတပ်မတော် စတင်ဖွဲ့စည်းခဲ့တဲ့ အကြောင်းတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကအစပြုလို့ အခုချိန်မှာ ဘာတွေပြုပြင်ပြောင်းလဲဖို့ လိုအပ်နေသလဲဆိုတာတွေကို ABSDF ရဲ့ ပထမဆုံးဥက္ကဋ္ဌ ဖြစ်ခဲ့တဲ့ ဦးထွန်းအောင်ကျော်ကို ခေတ်မျတ်လုံးက ဖိတ်ခေါ်တင်ဆက်ထားပါတယ်။